Sunday, April 24, 2016

ကလေးအလုပ်သမားတစ်သန်းခွဲကျော်ရှိသည့်တိုင်းပြည် ရယ်မှာလား၊ ငိုမှာလား

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ အမှန်ပေါ်ထွက်လာခဲ့ပြီ။ ယခင်ကတော့ ကလေးအလုပ်သမားဦးရေကို ခန့်မှန်း၍သာ ပြောခဲ့ကြရသည်။ လေးငါးခြောက်သိန်းတစ်သန်းစသည်ဖြင့်ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ ကြသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ပြည်ထောင်စု အလုပ် အ ကိုင်နှင့်လုပ်ငန်းသန်းခေါင်စာရင်း အစီရင်ခံစာ(အတွဲ ၂-ခ)ကိုမတ် ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား(သန်းခေါင်စာရင်း အစီရင်ခံစာတွင် အလုပ် လုပ်နေရသော ကလေးငယ်ဟုသုံးသည်။) စုစုပေါင်းတစ်သန်းငါးသိန်းလေးသောင်းကျော်ရှိကြောင်း သိရ သည်။ နည်းနည်းနောနော မဟုတ်ချေ။ ထိုမျှများပြားနေမှန်း ယခုမှသိရ၍အံ့ဩမိ၏။


Subscribe Us