Saturday, December 19, 2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ


အခန်း(၁)
အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို မည်သူမဆို ပြည်တွင်းတွင် (သို့မဟုတ်)
မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ မှတ်ပုံတင်ထားသောရေယာဉ်နှင့် လေယာဉ်တစ်ခုခုပေါ် တွင် ကျူးလွန် လျှင်ဖြစ်၊မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံတွင် အမြဲတမ်းနေ ထိုင်သည့် နိုင်ငံခြားသားကပြည်ပ တွင် ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။

၃။ဤ ဥပဒေတွင်ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) လူကုန်ကူးမှုဆိုသည်မှာ - ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူ တစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ခေါင်းပုံဖြက်ခြင်း၊ပြုရန် အလို့ငှာ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊သယ်ယူ ပို့ဆောင်ခြင်း၊လွှဲပြောင်းခြင်း ၊ရောင်း ချခြင်း၊၀ယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းကိုဆိုသည်။



(၁)ခြိမ်းခြောက်ခြင်း၊အင်းအားသုံးခြင်း (သို့မဟုတ်)အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊
(၂)သွေးဆောင်ခေါ်ယူခြင်း၊
(၃)လိမ်လည်ခြင်း၊
(၄)လှည့်ဖြားခြင်း၊
(၅)အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း (သို့မဟုတ်) ဘ၀ရပ်တည်ရန်ခက်ခဲနေသောအခြေအနေကို 
အလွဲသုံးစားပြုခြင်း၊
(၆)တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက် ရရှိရန် ငွေကြေး 
သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း။


ရှင်းလင်းချက်(၁)။ ။ခေါင်းပုံဖြက်ခြင်းဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦး တစ်ယောက် အား ပြည့်တန်ဆာပြုခြင်းအခြား တစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုလုပ်ခြင်း အဓမ္မအလုပ် ခိုင်စေခြင်း ၊ အဓမ္မ၀န်ဆောင်မှုပေးစေခြင်း၊ကျွန်ပြုခြင်း၊ကျေးကျွန်ကဲ့သို့ ခိုင်စေခြင်း ၊ကြွေးမြီဖြင့်နှောင်ဖွဲ့ ခိုင်းစေခြင်း ကိုဖြစ်စေ၊ သူတစ်ပါး ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ရောင်းချခြင်းကိုဖြစ်စေ
ပြုရာမှငွေကြေးကို သော်လည်းကောင်၊အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း လက်ခံရ ယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း ပါဝင်သည်။

ရှင်းလင်းချက်(၂)။ ။ပြည့်တန်ဆာပြုခြင်းဆိုသည်မှာ
ငွေကြေးအကျိုးအမြတ် သို့မဟုတ် အခြား အဖိုး စားနား တစ်ခုခုအတွက် ကာမစပ်ယှက်ရန် သို့မဟုတ် ကာမရာဂစိတ် ပေါ်ပေါက်ရန်အလို့ငှာ ပုဂ္ဂိုလ် တစ်ဦး ကို အခြားတစ်ဦးက တစ်စုံတစ်ရာပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ဆက်ဆံခြင်း သို့မဟုတ် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်းကို ဆိုသည်.။

ရှင်းလင်းချက်(၃)။ ။ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း ဆိုသည်မှာ
ကြွေးမြီ အတွက် ပေးဆပ်သည့် အနေဖြင့် ဖြစ်စေ၊ ကြွေးမြီအတွက် အားမခံပေး သည့် အနေဖြင့်ဖြစ်စေ အလုပ် လုပ်ကိုင်ပေးရမည့် ကာလနှင့်လုပ်ငန်း အမျိုးအစား တိကျမှုမရှိဘဲ သို့မဟုတ် ကြွေးမြီပြေကျေ သည့်အထိ သင့်လျော်သည့် လုပ်အား တန်ဖိုးကို သတ်မှတ်ချက် မရှိဘဲ အလုပ်လုပ်ကိုင်ပေးစေခြင်း။ သို့မဟုတ် ၀န်ဆောင်မှု ပေးစေခြင်းကို ဆိုသည်။

(က) ညစ်ညမ်းသည့်ပုံပြသခြင်း ဆိုသည်မှာ ကာမရာဂစိတ် နိုးကြွစေရန်အလို့ငှာ ဖိုမဆက်ဆံမှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ လိင်အင်္ဂါအစိတ်အပိုင်းကိုဖြစ်စေ ကိုယ်တိုင်ပြ သခြင်း၊အမူအရာပြုလုပ်ပြသခြင်း ၊ပုံနှိပ်ထုတ်ဝေခြင်း ရုပ်ရှင်ရိုက် ကူးပြသခြင်း သို့မဟုတ် ခေတ်မီနည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍
ပြသခြင်း ကိုဆိုသည်။

(ဂ) လူကုန်ကူးခံရသူ ဆိုသည်မှာ လူကုန်ကူးမှု ကျူးလွန်ခြင်းခံရသူကိုဆိုသည်။

(ဃ)ဂိုဏ်းဖွဲ့ကျုးလွန်သူအုပ်စု ဆိုသည်မှာ ငွေကြေး သို့မဟုတ် ပစ္စည်းနှင့်စပ်လျဉ်းသည့် အကျိုးအမြတ် တစ်စုံတစ်ရာကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝှက်၍ဖြစ်စေ ရရှိရန်အလို့ငှာ ကြီးလေးသော ပြစ်မှုကို ကျိုးလွန်ရန် လူ၃ဦးနှင့်အထက်ပါဝင်၍ အချိန်ကာလ တစ်ခုအတွက် ပုံစံတကျ ဖွဲ့စည်းထားသောအုပ်စုကို ဆိုသည်။

ရှင်း။ လင်း။ ချက်။ ပုံစံတကျဖွဲ့စည်းထားသော အုပ်စု ဆိုသည်မှာ ပြစ်မှုကို လတ်တလောကျူးလွန်ရန် ရည်ရွယ်ချက်မဲ့ ကြုံရာကျပန်း ဖွဲ့စည်းထားခြင်းမဟုတ်ဘဲပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ပုံစံ တကျကြို တင်ဖွဲ့စည်းထားသည့် အုပ်စုကို ဆိုသည်။ ယင်းသို့ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ အဖွဲ့ဝင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခွင့်နှင့် အုပ်စုတိုးချဲ့ဖွဲ့စည်းမှုအတွက် သတ်မှတ်ချက်များ နည်းလမ်း တကျရှိရန်မလို။

(င) ကြီးလေးသောပြစ်မှု ဆိုသည်မှာ တည်ဆဲ ဥပဒေ တစ်ရပ်ရပ် အရ ထောင်ဒဏ်၎နှစ်နှင့် အထက် ပြစ် ဒဏ် ထိုက်သင့် သည့် ပြစ်မှု ကို ဆိုသည်။

(စ) နိုင်ငံဖြက်ကျော်မငခင်း ဆိုသည်မှာ တစ်နိုင်ငံထက်ပိုသော နိုင်ငံများတွင် ကျူးလွန်သော ပြစ်မှု ကိုသော်လည်းကောင်း နိုင်ငံတစ်ခု တွင်ကျူးလွန်ထားသော ပြစ်မှု၏ အရေးကြီးသော အစိတ်အပိုင်းများကို အခြားနိုင်ငံ တစ်ခုခုတွင်ပြင်ဆင်ခြင်း၊ စီမံခြင်း၊ညွှန်ကြားခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းပြုသော ပြစ်မှု ကိုသော် လည်းကောင်း၊ပြစ်မှုကျူးလွန် သူများသည် အခြားနိုင်ငံတစ်ခုခု၏ ဂိုဏ်းဖွဲ့ကျုးခွန်သူ အုပ်စု တွင်ပါဝင်ခြင်းနှင့်နိုင်ငံတစ်ခုတွင် ပြစ်မှုကျုးလွန်ရာ၌ အခြားနိုင်ငံတစ်ခုခုကို ထိခိုက်နစ်နာစေသော ပြစ်မှု ကို သော်လည်းကောင်း ဆိုသည်။

(ဆ) ထိန်းချုပ်ဖော်ထုတ်ခြင်း ဆိုသည်မှာ တရားမ၀င်သော သို့မဟုတ် သင်္ကာမကင်းဖွယ်ရာ ဖြစ်သော ပစ္စည်း သို့မဟုတ် လူပုဂ္ဂိုလ် ကို မြန်မာနိုင်ငံအတွင်း၌ဖြစ်စေ ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ပိုင်နက် နယ်မြေ အတွင်းသို့ဖြစ်စေ တင်သွင်းခြင်း တင်ပို့ခြင်း၊ ၀င်ရောက်ခြင်း ဖြက် သန်းခြင်း သို့မဟုတ် ထွက်ခွာခြင်း တို့ကိုစစ်ဆေးတွေ့ရှိသည့်အခါ အဓိက ကျုးလွန်သူများအား ဖော်ထုတ် ထိန်းချုပ်၍ ၎င်းတို့၏အစီအစဉ် အတိုင်း ဆက်လက်ဆောင်ရွက်စေသည့် နည်းစနစ်ကိုဆိုသည်။

(ဇ) ပစ္စည်း ဆိုသည်မှာ မည်သည့်ပုံစံဖြင့်မဆို ဒြပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိတွေ့၍ ရနိုင် သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေရွှေ့ပြောင်းနိုင်သည့် သက်ရှိသက်မဲပစ္စည်း ကိုသော်လည်းကောင်းဆိုသည် ။ ယင်းစကားရပ်တွင် ပစ္စည်းနှင့်စပ်လျဉ်းသည့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ တရားဝင်စာတမ်း အမှတ် အသား၊ လွှဲပြောင်းနိုင်သော် စာချုပ် စာတမ်းနှင့် အကျိုးအမြတ်များလည်း ပါဝင်သည်။

(ဈ) ထောင်ဒဏ်တစ်သက် ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူအား အကျဉ်းထောင် ၌ သေဆုံးသည် အထိ ပြစ်ဒဏ်ကျခံစေရန် ချမှတ်သည့် ထောင်ဒဏ်ကိုဆိုသည်။။

(ည) ကလေးသူငယ် ဆိုသည်မှာ အသက် ၁၆နှစ် မပြည့်သေးသော သူကိုဆိုသည်။

(ဋ)လူငယ် ဆိုသည်မှာ အသက် ၁၆နှစ်ပြည့်ပြီး အသက်၁၈နှစ် မပြည့်သေးသော သူကိုဆိုသည်။

(ဌ)ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး 
ဗဟိုအဖွဲ့ကိုဆို သည်။

Subscribe Us