Saturday, July 25, 2015

လူသားအားလုံး ရင့်ကျက်သူများဖြစ်နိုင်ကြပါစေ



ရင့်ကျက်သူ ဆိုတာ သည်းခံတ်သော၊ ပြီးတော့ ရေရှည်အကျိုးအမြတ်ကို ရှေးရှုးပြီး  တဒင်္ဂ သာယာမှုကို စွန့် လွှတ်လိုက်ဖို့  ဝန်မလေးတတ်သူ။

ရင့်ကျက်သူ ဆိုတာ ပြောင်းလဲမှုတွေကို မကျေမချမ်းလည်းမဖြစ် ၊ဒေါသလည်းမထွက်ဘဲ  ကျေအေးစေ တတ်တဲ့ အရည်အချင်းရှိသူ။

ရင့်ကျက်သူ ဆိုတာ အဟန့် အတား၊ အနှောင့်အယှက်တွေရှိပေမယ့်လည်း သည်းခံကြိုးပမ်းတတ်သူ။

ရင့်ကျက်သူ ဆိုတာ စိတ်ပျက်စရာများ၊ အခက်အခဲများကိုနာကြည်းမှုမရှိဘဲ ရင်ဆိုင်ရဲတဲ့အစွမ်းရှိသူ။

ရင့်ကျက်သူ ဆိုတာ ကြင်နာတတ်သူ၊ ပြီးတော့ တခြားသူတွေရဲ့လိုအပ်ချက်တွေကို အကြင် နာမေတ္တာနဲ့  တုံ့ ပြန်တတ်သူ။


ရင့်ကျက်သူ ဆိုတာ “ ကျွန်တော်မှားသွားပါတယ် ” လို့ မာနမထားဘဲ ပြောတတ်ပြီး သူ့  ဘက်က မှန်ကန်
ကြာင်းပြသဖို့ ဖန်လာရင်လည်း  သူ့ ကိုယ်သူထိန်းချုပ်နိုင်ပြီး “ ငါပြောသားပဲမဟုတ်လား ” လို့  မပြောသူ။

ရင့်ကျက်သူ ဆိုတာ သူ့ ရဲ့ လုပ်ဆောင်ချက်တွေ့ နဲ့  သူ့အတွေးတွေ၊ သူ့ စကားတွေ တစ် ထပ်တည်းကျသူ။

ရင့်ကျက်သူ ဆိုတာ ကုန်ဆုံးသွားပြီဖြစ်တဲ့ အတိတ်နဲ့ မဖြစ်သေးသော အနာဂတ်တွေရဲ့  ချည်နှောင်ထားခြင်း ကင်းမဲ့စွာ ပစ္စုပ္ပန်မှာ နေသူ။

ရင့်ကျက်သူ ဆိုတာ သူတတ်နိုင်တဲ့ အရာတွေကိုပြောင်းလဲနိုင်ဖို့  ကြိုးပမ်းတတ်ပြီး သူ မလုပ်နိုင်တဲ့ အရာတွေ နဲ့ အတူ ငြိမ်းချမ်းစွာ နေတတ်သူ

ရင့်ကျက်သူ ဆိုတာ “ ငါရင့်ကျက်သူဖြစ်ပြီလား” လို့ မိမိကိုယ်ကို မိမိညှင်ညှင်သာသာ မကြာခဏ မေးတတ်
သူ။




ဦးဦးမှော်ဆရာ

Subscribe Us