Tuesday, February 18, 2014

ဆေးဖက်ဝင် မရမ်းသီး


 မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်း ပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက် ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။


ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများ ကို ပျောက်ကင်းစေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက်နိုင်သည်။ အထူးသဖြင့် မရမ်းစေ့များကို ဝမ်းပိတ်ဆေးများတွင် အသုံးပြုနိုင်သည်။
 

အကိုး။ ။ 7 Day News ဂျာနယ်(၂၂-၁-၂၀၀၉)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

Subscribe Us