Saturday, January 11, 2014

ငွေ ဘယ်လို ရှာကြသလဲ ဘယ်လို ရှာကြ မလဲ


လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး
ရှာနေကြရတယ်…ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့

ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …

သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)

ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…


( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှ- သူ တစ်ယောက် အဖြစ် ( Investor )



( 1 ) ဝန်ထမ်းအဖြစ် (Employee)

ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ်
ကြရပြီ…ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ သူတို့ ဘဝ ချမ်းသာမြင့်မားဖို့ထက်…သူတို့ကို
အ လုပ်ပေး ထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်လုပ်ပေးနေကြရတယ်…

သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….



( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)

သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေ စရာမလိုဘဲ…ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…ကိုယ်ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့…

ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင်အလုပ် လုပ်ကြရတယ်…အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်း တစ်ခုမှာတွယ်ငြိ နစ်မြုပ်သွားတတ်တယ်…ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..

E နဲ့S တွေဟာ ငွေကြေးလွတ်လပ်မှူ  , အချိန်လွတ်လပ်မှုတွေကိုရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?

(3) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အဖြစ် ( Business Owner )

သူကတော့ စနစ်တစ်ခုကိုပိုင်ဆိုင်တယ်…( System )ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့အစားအလုပ်တွေ အများကြီး
လုပ်ခိုင်းတယ်…သူကတော့ သေချာစောင့်ကြည့်ရင်း သူ့စနစ်ကို ကောင်းသထက်ကောင်းအောင်ပြင်နေတယ်…
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှဝင်ငွေတွေ တိုး
လာ… အချိန်လွတ်လပ်မှုတွ ပိုရလာတာပေါ့…


(4) ရင်းနှီးမြှုပ်နှံ သူတစ်ယောက်အဖြစ် ( Investor )

သူကတော့ အရမ်းရိုးရှင်းပါတယ် …သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်အတွေ့အကြုံ နဲ့ ပညာတွေ ရှိနေပြီလေ….
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…

ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
ပြောင်းလဲ ချင်ပြီလား …?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
မပြောင်းလဲနိုင်တာ့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?

ကျွန်တော်တို့ကတော့ ကြိုးစားနေပါတယ် …B နဲ့ကိုရောက်ဖို့ပေါ့ …
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့S ကို လုပ်ရင်း  Bသမား တစ်ယောက်ဖြစ်အောင်ကြိုးစား နိုင်ဖို့ …
 ကြိုးစားနေဖို့ ….ကျွန်တော် ဝေမျှပေးတာပါ…. )


ကိုဇင်ဇေ (STG)

Subscribe Us