Wednesday, January 01, 2014

အားမငယ်ပါနဲ့

စမ်းချောင်းလေးဖြစ်နေလို့ အားမငယ်ပါနဲ့...
ပင်လယ်ရေ ဘယ်လောက်များများ
ရေငတ်သူအဖို့ တန်ဖိုးမရှိပါဘူး...


ဖယောင်းတိုင်လေးဖြစ်နေလို့ အားမငယ်ပါနဲ့..
နေမင်းကြီး ဘယ်လောက်ထွန်းလင်းပါစေ
ဘုရားစင်ပေါ်တင်ပြီး ပူဇော်လို့မရနိုင်ပါဘူး...




နယ်ရုပ်လေးဖြစ်နေလို့ အားမငယ်ပါနဲ့...
နယ်ရုပ်လေး ကင်းဝင်တာက
စစ်တုရင်တပွဲလုံးကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်...


လူ့ဦးနှောက် အောက်နားမှာရှိတဲ့ pituitary gland ဟာ ဇီးစေ့ပမာဏလောက်ပဲရှိပါတယ်...
ဒါပေမဲ့ သူထုတ်တဲ့ ဟော်မုန်းတွေက
လူတယောက် အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်...


သင့်ဘဝအခြေအနေ နိမ့်ကျလို့ အားမငယ်ပါနဲ့...
လူအဖြစ် မွေးလာကတည်းက တန်ဖိုးမဲ့တဲ့လူဆိုတာ မရှိပါဘူး..
တန်ဖိုးမဲ့အောင်နေတဲ့လူပဲ ရှိပါတယ်...
သုညတောင် တန်ဖိုးရှိအောင် နေတတ်ရင်
တန်ဖိုးရှိပါတယ်...


အားလုံးကို တန်ဖိုးထား လေးစားလျှက် ...

ပိုးဟပ်ဖြူ

Subscribe Us