Sunday, November 10, 2013

လူတစ်ဦး ကျဆုံး ရသော အကြောင်း အရင်းများ

၁။ မကောင်းသော ဗီဇနှင့် ဝါသနာ အားကြီးခြင်း။

၂။ တိကျသော ရည်မှန်းချက် မရှိခြင်း။

၃။ သာမန်ထက် ပို၍ တိုးတက်လို စိတ် မရှိခြင်း။

၄။ လုပ်ငန်း / ဘ၀ တိုးတက် မည့် အထောက် အကူ ပညာ မတတ်ခြင်း၊ အတွေ့ အကြုံ ဗဟုသုတ မရှိခြင်း။

၅။ ဇွဲ၊ လုံ့လ ဝီရိယနှင့် စည်းကမ်း မရှိခြင်း။


၆။ ကျန်းမာရေး မကောင်းခြင်း ( ကျန်းမာရေး ထိခိုက်အောင် နေထိုင် စားသောက်ခြင်း )

၇။ မကောင်း သော ပတ်ဝန်းကျင် အသိုင်းအဝိုင်း ၏ သြဇာ လွှမ်းမိုး မှု ခံရခြင်း

၈။ ကာမဂုဏ် အာရုံ လိုက်စားခြင်း

၉။ အဓိက မဟုတ်သော အကြောင်း အရာ အပေါ် ဆန္ဒပြင်းအား ထည့်လွန်း ခြင်း။

၁၀။ လိုအပ် သည် ထက် စိုးရိမ် သောက ပူဆွေးမှု လွန်ကဲခြင်း၊ မာန်မာန ထောင်လွှား ခြင်း။

၁၁။ သည်းခံမှု၊ စောင့်စည်း မှု၊ ထိန်းချုပ်မှု မရှိခြင်း။

၁၂။ အများစု အပေါ် စေတနာ မမှန်ခြင်း၊ မရိုးသား ခြင်း နှင့် တရား မျှတ သော အကြီးအကဲ အပေါ် သစ္စာ မရှိခြင်း။

၁၃။ မိမိ အား ကာကွယ် ပံ့ပိုး ကူညီ နိုင်သော ဆရာ သမား၊ မိတ်ဆွေ ကောင်း မရှိခြင်း။ ရှိအောင် လုပ် မထားခြင်း။

၁၄။ အခွင့် အခါကောင်း ကို မသိခြင်း။

၁၅။ ပူဇော် ထိုက်သူ ကို မပူဇော်ခြင်း ( အလိုက် မသိခြင်း )။

၁၆။ မိမိ ကိုယ်ကို အချိန်မှီ ဝေဖန် သုံးသပ် ဆင်ခြင် ၍ ပြုပြင်မှု မရှိခြင်း။

၁၇။ သြဇာ၊ တန်ခိုးကြီး သူတို့၏ ဦးနှောက် နှင့် နှလုံးသား ၏ အဇ္ဖတ္တတွင် မိမိရှိအောင် ဆောင်ရွက် မထားခြင်း။

၁၈။ အတိတ် ကံ အကျိုးပေး မကောင်းခြင်း၊ ပါရမီ မပါ ရှိခြင်း။

၁၉။ မိမိ ကိုယ်ကို အထင်ကြီး လွန်းပြီး ထင်ရာ တဇွတ်ထိုး လုပ်ခြင်း။

၂၀။ သူ တစ်ပါး ကျေးဇူး မသိတတ်ခြင်း၊ မေ့ပစ်ခြင်း။

Subscribe Us