Saturday, February 22, 2014

အမြန် ၀ိတ်ကျ စေမည့် အစား ၁၀ မျိုး


အမြန် ၀ီတ်ကျ စေမည့် အစား ၁၀ မျိုးခန္ဓာ ကိုယ်တွင် မလို အပ်သော အဆီ ပိုများ ရှိပါက အမြန်ဆုံး ကျ ဆင်း စေရန် ရည်ရွယ်၍ ရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော် ပြပါ အစား ၁၀ မျိုးကို စားပါက မလို အပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်း စေနိုင် ပါတယ်။

၁။ ဂျုံ
ဂျုံ များများ စားပါ။ ဂျုံစားခြင်း အားဖြင့် ကိုလက်စ ရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကို လည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါ တယ်။

Tuesday, February 18, 2014

ဆေးဖက်ဝင် မရမ်းသီး


 မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်း ပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက် ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

Saturday, February 01, 2014

နိဗ္ဗိန္ဒတေးထပ်


ကိုယ်ခန္ဓာ အကောင်ရုပ်က၊
ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊
ရွံစလီပါပဲ။
ဤကာယ ရုပ်အရှင်ကို၊
အဟုတ်ပင် မှတ်ကြမစဲ။

Saturday, January 11, 2014

ငွေ ဘယ်လို ရှာကြသလဲ ဘယ်လို ရှာကြ မလဲ


လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး
ရှာနေကြရတယ်…ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့

ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …

သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)

ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…

နိဗ္ဗာန်ဈေး

ယနေ့ပြုလုပ်ကျင်းကသည့် ကလေးများနေ့အထိမ်းအမှတ်ဖြင့် ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်းဆရာ/ ဆရာမများမှ အခန်းနားသို့ တက်ရောက်လာသည့် ကျောင်းသားမိဘများနှင့် ကျောင်းသူ/သားများအတွက် (မြန်မာလိုဆို နိဗ္ဗာန်ဈေးသဘောပေါ့) မိမိစိတ်ကြိုက် စားသုံးနိုင်ရန် ထမင်းကြော် မုန့်တီ ကြာဇံကြော်   ခေါက်ဆွဲကြော် ကြက်ဥကြော် အသားလုံးကြော် မုန့်အမျိုးမျိုး အအေး ရေခဲမုန့်များကို ကျွေးမွေးနေ မှုများ


Wednesday, January 01, 2014

အားမငယ်ပါနဲ့

စမ်းချောင်းလေးဖြစ်နေလို့ အားမငယ်ပါနဲ့...
ပင်လယ်ရေ ဘယ်လောက်များများ
ရေငတ်သူအဖို့ တန်ဖိုးမရှိပါဘူး...


ဖယောင်းတိုင်လေးဖြစ်နေလို့ အားမငယ်ပါနဲ့..
နေမင်းကြီး ဘယ်လောက်ထွန်းလင်းပါစေ
ဘုရားစင်ပေါ်တင်ပြီး ပူဇော်လို့မရနိုင်ပါဘူး...


Tuesday, December 31, 2013

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပအတွက် လျှိုဝှက်ချက်


ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။