Friday, April 24, 2020

ဖိနပ်စက်ရုံအလုပ်သမားများကိစ္စပြေလည်မှုရရှိ


ဘန်ကောက်မြို့နယ် ဖလန်ဆောင်နယ်မြေထီယမ်ထလေရပ်ကွက်ရှိ ဖိနပ်စက်ရုံအလုပ်သမား ( ၆၀ ) ဦး တို့သည် ဧပြီလ ၂၂ရက်နေ့၌ အလုပ်ထုတ်ခံရသော်လည်း ခံစားခွင့်ကိစ္စများကို အလုပ်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းကြရာပြေလည်မှုမရရှိသဖြင့် အလုပ်သမားဟစ်တိုင်ထံဆက်သွယ်အကူညီတောင်းခံလာခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပက်သက်သည့် သတင်းအချက်လက်များ စုဆောင်းကာ ဘန်ကောက်မြို့ရှိ အလုပ်သမား
သံအရာရှိရုံးထံ ထပ်မံအကြောင်းကြားပေးခဲ့ပါသည်။



ဧပြီလ ၂၃ရက်နေ့တွင် အလုပ်သမားသံအရာရှိဦးကျော်စိုးဝေမှနယ်မြေခံထိုင်းအလုပ်သမားဌာနများ၊
အလုပ်ရှင်တို့နှင့်တွေ့ဆုံ၍ အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့်ပက်သက်၍ ကိစ္စအ၀၀တို့ကို ဆောင်ရွက်ပေးခဲ့သဖြင့်ယနေ့တွင် ပြေလည်မှုရရှိကြောင်းအလုပ်သမားများထံမှ သိရသည်။