Friday, May 11, 2018

ထိုင်းလုပ်ငန်းရှင်မှ မြန်မာအလုပ်သမားများကိုလုပ်ခမရှင်းပေသည့်အပြင်အထောက်ထားများသိမ်းဆည်းမှုဖြစ်


ဘန်ကောက်၊ ၁၁.၅.၂၀၁၈| အလုပ်သမားဟစ်တိုင်

ပထုန်ဌာနီခရိုင် လန်စစ်မြို့နယ် စဖန်တန် ဆွယ်(၁၈)ရှိ ဆောက်လုပ်ရေးလုပ်သား ၁၈ဦး(အမျိုးသား၁၂ဦး၊အမျိုးသမီး၆ဦး)သည် တစ်လစာလုပ်အားခမရခြင်းနှင့် အလုပ်ရှင်ဖြစ်သူက စာရွက်စာတမ်းများသိမ်းဆည်းထားကြောင်းအလုပ်သမားများ၏ပြောကြားချက်အရသိရသည်

အဆိုပါ မြန်မာအလုပ်သမား ၁၈ဦးတို့သည် CIစာအုပ်နှင့် ပန်းရောင်ဘတ်ကိုင်ဆောင်ထားကြသည့်
အလုပ်သမားများအပြင် အထောက်အထားမဲ့အလုပ်သမားများလည်းပါဝင်ကြောင်းသိရပြီး အလုပ်သမား
တစ်ဦးလျှင်  ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၁၀၀၀ခန့်လုပ်အားခများကို အလုပ်ရှင်ထံမှရရှိမည်ဖြစ်ကြောင်းသိရသည်။




အလုပ်သမားများအနေဖြင့် တစ်လနီးပါးခန့်လုပ်အားခများမရရှိသဖြင့် စားဝတ်နေရေးကြပ်တည်းလာ၍
အလုပ်ရှင်ဖြစ်သူထံလုပ်အားခသွားတောင်းခံရာ အလုပ်ရှင်ဖြစ်သူက လုပ်အားခပေးမည့်ရက်ကို
မကြာခဏရွှေ့ဆိုင်သည့်အပြင် အလုပ်သမားများကိုခြိမ်းခြောက်မှုများပြုလုပ်ကြောင်းအလုပ်သမားများထံမှသိရသည်။

“လုပ်အားခမရလို့စားစရာတောင်မရှိတော့ဘူး အဲဒါနဲ့ ၈ရက်နေ့က ဒီအလုပ်ကနေထွက်လာကြတယ်
ကျနော်တို့အလုပ်သမားတွေ တက္ကစီကားငှားပြီးထွက်လာတာ အလုပ်ရှင်က ဖုန်းဆက်ပြီးရဲကိုဖမ်းခိုင်တာ
ကျွန်တော်အမျိုးသမီးအပါဝင် ၄ယောက် စိုင်မိုင်ရဲစခန်းမှာအဖမ်းခံထားရတယ်” လို့  ကိုနေပြေဟိန်က
ပြောသည်။

အလုပ်သမားများအနေဖြင့် မိမိတို့လုပ်အားခများမရရှိခြင်း၊ စာရွက်စာတမ်းများလည်းသိမ်းဆည်း
ခံထားရသည့်အပြင် အလုပ်ပြောင်းရွှေ့သည့်အလုပ်သမားများကို  အလုပ်ရှင်ဖြစ်သူက ထိုင်းရဲနှင့်ဖမ်းခိုင်း
သဖြင့် ထိုင်းနိုင်ငံဆိုင်ရာဘန်ကောက်မြို့ မြန်မာသံရုံးအလုပ်သမားသံအရာရှိထံ ယနေ့(၁၁.၅.၂၀၁၈)
တွင်သွားရောက်အကူညီတောင်းခံကြောင်းသိရသည်။

“အခုအမှုကိစ္စနဲ့ပက်သက်ပြီး ပထုန်ဌာနီခရိုင်က အလုပ်သမားဌာန(DOE)အပြင် ဆ၀ါဒီကန်ဌာနတို့နဲ့ပါ
ချိတ်ဆက်ပြီး အလုပ်သမားတွေရဲ့နစ်နာမှုတွေကို ဥပဒေဘောင်ထဲကနေ ဖြေရှင်းပေးနေပါတယ် ”လို့
 အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကပြောသည်။

အလုပ်သမားများ၏ အထောက်ထားစာရွက်စာတမ်းသိမ်းဆည်းခံထားရခြင်းနှင့် လုပ်အားခလစာပုံမှန်မရရှိမှုများကို ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့အနေနဲ့ အမြဲကြုံတွေ့နေရကြောင်းအလုပ်သမားများထံမှသိရသည်။

Subscribe Us