Monday, March 21, 2016

အဲဒီ ၇ ယောက်ကို ဖြုတ်ပစ်လိုက် "


( မင်းခေါင် )

အချိန်ကာလတစ်ခုကြာမြင့်လာတဲ့အခါမှာ အလုပ်ထဲကနေထုတ်ပြစ်ရမယ့်ထုတ်ပြစ်သင့်တဲ့ လူတွေရှိ ပါတယ်။အဲဒီလူတွေကဘယ်သူတွေလဲဆိုတာ လေ့လာကြည့်ကြရအောင်။

(၁) ပြဿနာငနဲတွေပါ
လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေရှိနေခဲ့တယ် ဆိုရင်တောင် ဘယ်လိုများ ကျွန်တော်တို့အလုပ်တွေ ပြီးအောင်ဆောင်ရွက်နေကြလည်း အံ့သြစရာကောင်းပါတယ်။ အခုထက်ထိတော့ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ခဲ့ကြတယ်မဟုတ်လား။ တကယ်လို့သာ ၀န်ထမ်းတွေဟာ ကုမ္ပဏီအတွက် သူတို့လုပ်ပေးနိုင်တာ ထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီးဖျက်ဆီးကြ တဲ့အခါ သူတို့ကိုထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။

(၂) လုပ်နိုင်တာထက် ပိုပြောသူတွေ
တချို့လူတွေက သူတို့ကိုယ်ကို သူတို့ရှိတဲ့အရည်အချင်းထက်ပိုပြီးအထင်ကြီးနေတတ်ပြီး သူတို့သာလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ် ထင်တဲ့လူတွေရှိပါတယ်။ တကယ်တာဝန်ပေးတဲ့အခါကျတော့ သူတို့လေကြီးခဲ့ သလောက် မဟုတ်ကြပါဘူး။ဒါတကယ့် ပြဿနာတစ်ခုပါ။



(၃) ဖောက်သည်တွေကို ဂရုမစိုက်တဲ့သူတွေ
ခင်ဗျားဘာသာခင်ဗျား ကိုယ်ပိုင် လုပ်ငန်းပဲလုပ်လုပ်၊ fortune 500 ထဲကကုမ္ပဏီမှာပဲ လုပ်လုပ်အရေးမကြီး ပါဘူး။ အရေးကြီးတာက ဖောက်သည်ဆိုတာရဖို့ခက်ခဲပြီး တခဏအတွင်းပြန်လည် ဆုံးရှုံးသွားနိုင်တယ် ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားရမှာပါ။ ဖောက်သည်တွေနဲ့အမြဲထိတွေ့နေရပြီး စီးပွားရေးလုပ်ငန်း တစ်ခုအောင်မြင်ဖို့ဆိုတာ ဖောက်သည်တွေရဖို့နဲ့ ထိန်းထားနိုင်ဖို့ဆိုတာကို နားမလည်ကြတဲ့ လူတွေကို မထားသင့်ပါဘူး။လူကြောင့်မဟုတ်ဘဲသူတို့ရဲ့ Attitudeကြောင့် ပြောရတာဖြစ်ပါတယ်။


(၄) အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်နိုင်တဲ့ သူတွေ
တကယ်တော့ ကျွန်တော်တို့ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတာ အလုပ်လုပ်ဖို့မဟုတ်ပါလား။ ကျွန်တော်တို့ ရဲ့တာဝန်ကသူတို့ကို တိကျပြတ်သားတဲ့ တာဝန်တွေပေးမယ်။ နောက်ပြီးလိုအပ်တဲ့ လေ့ကျင့် သင်ကြား မှုတွေပြုလုပ်ပေးပြီး လိုအပ်တဲ့Resources တွေပံ့ပိုးပေးဖို့ပဲမဟုတ်လား။ သူတို့အလုပ်က အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲပေါ့။ သူတို့ကို အခွင့်အရေးတွေအများကြီးပေးပြီး အလုပ်ကိုအလုပ်နဲ့ တူအောင် လုပ်မပြနိုင်ဘူးဆိုရင်တော့ ---- ။


(၅) ငပျင်းများ
တချို့လူတွေက ပါးစပ်ကသာပြောနေတယ်။ တကယ်အလုပ်လုပ်မယ်လည်းဆိုရော ဘယ်ရောက်နေလဲ မသိတဲ့သူတွေအများကြီးရှိပါတယ်။ တစ်ခါတလေရုံးတောင်မှန်မှန်မတက်ကြဘူး။ ဘာပဲဖြစ် ဖြစ်ပါ။ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှယုံကြည်စိတ်ချထားလို့မရတာတော့ အသေအချာပေါ့။ ဒီလိုလူတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့အချိန်မလုံလောက်ပါဘူး။

(၆) ရသင့် ရထိုက်တာထက် ပိုပြီးအခွင့်အရေးယူ သူတွေ
တချို့ဝန်ထမ်းတွေက ဆတ်ဆတ်ထိမခံနေတတ်ကြပြီး သူတို့တကယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပိုရနေတတ်ကြပါတယ်။ သူတို့ဟာ စိတ်တစ်ဝက်ဟာ အလုပ်ထဲမှာရှိနေပြီး ကျန်တဲ့တစ်ဝက်ကကျတော့ တခြားလူကို ပြဿနာရှာဖို့ ချောင်းနေတတ်ကြပါတယ်။ သူတို့ကိုလည်း ---- ။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက် မှုတွေ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

(၇) စည်းကမ်းမရှိသူများ
ကုမ္ပဏီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်း၊ လုပ်ထုံး လုပ်နည်း ဆိုတာတွေဟာ ခိုင်ခိုင်မာမာ ရှိနေဖို့ လိုအပ်ပါတယ်။ နောက်ပြီး မျှတမှုရှိဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့သာ ၀န်ထမ်းတစ်ယောက်ဟာ သူ့ရဲ့ကြီးကြပ်သူရဲ့တရားသဖြင့် ပေးအပ်တဲ့တာဝန်ကို မနာခံဘူး ဒါမှမဟုတ် သူ့ရဲ့ကိုယ်ရေးရာဇ၀င်မှာ မဟုတ်မမှန်တဲ့အချက်အလက်တွေကို တမင်တကာရည်ရွယ်ချက်နဲ့ ဖော်ပြထားမယ်၊ မရရှိထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကို ဖော်ပြထားမယ်ဆိုရင် ဒါဟာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုပ်စရာက တစ်လမ်းပဲရှိပါတယ်။ 
ဝန်ထမ်းတော်တော်များများကတော့ သူတို့ရဲ့ အလုပ်တွေ ဘယ်လောက်များကြောင်း၊ ဘယ်လောက် ပင်ပန်းကြောင်း အမြဲတမ်းညည်းတွားနေတတ်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှကိုယ်လုပ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ကြပါဘူး။ ကိုယ့်အစွမ်းအစရှိသလောက် တောင်အပြည့်အ၀ မလုပ်တဲ့သူတွေက ပိုများပါတယ်။ ဒါကြောင့်မို့ ပြောခဲ့တဲ့လူမျိုးတွေကို ကိုယ့်ရဲ့ကုမ္ပဏီထဲမှာ သေချာရှာဖွေပြီး လုပ်သင့် လုပ်ထိုက်တဲ့အတိုင်းအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ညဘက် အိပ် လို့ပျော်နိုင်ပြီပေါ့။

Source: HR Journal
Min Yar Pyae