Sunday, December 13, 2015

နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ထိုင်းအစိုးရ မူဝါဒအသစ်ချမှတ်



နယ်စပ်မြို့များမှ တဆင့် မြန်မာနိုင်ငံပြန်သည့် အလုပ်သမားများထိုင်းနိုင်ငံသို့ပြန်ဝင်လာကြရာ အလုပ်ရှင်ဖြစ်သူ၏ ခရီးသွားလာခွင့်ထောက်ခံစာမပြုလုပ်ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပြုမည်မဟုတ်
ကြောင်း ဘန်ကောက်မြို့နေ မြန်မာအလုပ်သမားရေး ဆောင်းရွက်နေသူ ကိုဝင်းနိုင်မှ ပြောသည်။


“အလုပ်ရှင်မှ ခရီးသွားလာခွင့်ပြုသည် စာရွက်မပါလို့ ပြန်ဝင်မရဖြစ်နေတဲ့အလုပ်သမတစ်ယောက်အကူညီတောင်းလာလို့ သူ့အလုပ်ရှင်ထံ မနက်သွားပြီး ထောက်ခံစားလုပ်ပေးရအုန်းမယ်“ ဖြစ်ကြောင်း ကိုဝင်းနိုင်မှ ပြောသည်။




မကြာမှီရက်အနည်းငယ်၌ မယ်ဆောက်မြို့ ချစ်ကြည်ရေးတံတားမှတဆင့်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြသည့် အလုပ်သမားများအား ထိုင်းလဝကများက နောက်တကြိမ် မြန်မာနိုင်ငံသားများအားလုံးနယ်စပ်မှပြန်မည်ဆိုပါ မိမိတို့၏အလုပ်ရှင်ဖြစ်သူမှ ခရီးသွားလာခွင့်ပြုသည့်ေ ထာက်ခံစာများယူဆောင်လာရမည်ဖြစ်ကြောင်းနှင့် မယူဆောင်လာပါကထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်း ငြင်းပယ်ခံရမည်ဖြစ်ကြောင်း ပြောသည်။


“အခုအစီစဉ်နဲ့ပက်သက်ပြီး ကျနော်တို့လည်း သဘောမပေါက်ဘူးဖြစ်နေတယ်အလုပ်သမားတွေမှာ ခရီးသွားလာမို့ဗီဇာနဲ့ဝပ်ပါမစ်ရှိနေတာတောင် မလုံလောက်တော့တဲ့အခြေနေဖြစ်နေပြီး..မယ်ဆောက်-မြဝတီချစ်ကြည်ရေးတံတားပေါ်ကနေပြန်နေတာ မနည်းတော့ဘူး အခုမှ အလုပ်ရှင်က ခရီးသွားလာခွင့်ပြုတဲ့.ထောက်ခံ စာယူရမယ်ဆိုတာ အခုမှသိတယ်.” ဟု မဟာချိုင်မြို့နေ ကိုဆန်းမင်း က ပြောသည်။

မယ်ဆောက်မြို့မှတဆင့်ဘန်ကောက်မြို့သို့ ပြန်လာကြသည့် အလုပ်သမား၁၀ဦးသည် အထောက်ထာအပြည့်စုံရှိသော်လည်း မယ်ဆောက် တောင်ပေါ်လမ်းရှိ ခွေးရပုလိပ်ဂိတ်၌ ထိုင်းပုလိပ်များမှ ဖမ်းစီး၍ အချုပ်ထဲသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသတင်းရရှိပါသည်။


မြန်မာနိုင်ငံသို့ အလည်ပြန်ပြီး ဘန်ကောက်သို့ပြန်လာကြသည့်ြ မန်မာအလုပ်သမား ၁၀ဦးအား 10.12.201 5နေ့၌ မယ်ဆောက်တောင်ပေါ်လမ်းရှိ ခွေးရဦးဂိတ်မှ ပုလိပ်များက စာရွက်စာတမ်းမပြည့်စုံ
ဟုအကြောင်းပြဖမ်းစီးပြီး အချုပ်ထဲသို့ပို့ဆောင်ခဲ့ပါသည်။

Subscribe Us