Tuesday, October 27, 2015

တန်သလား



ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။

ကျားငယ်က မေးပါတယ်.....................
 “ အဖေက ခြသေ့င်္ံ ကိုလည်းတိုက်ရဲတယ်။ ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူး ကျတော့ ရှောင်ပုန်းတယ်။ သိက္ခာမကျဘူးလား အဖေ” တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်............
“ ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား” ၊

ကျားငယ်ခေါင်းခါပါတယ်။


“ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား”

ကျားငယ်က ခေါင်းခါပြန်တယ်။

ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင် ၊ တွေ့ရာ
ရှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါတို့ကို ရှင်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊လူတွေတော်တော်များများ ခွေးရူးနဲ့ ပြိုင်တူ ကိုက်နေကြတာတဲ့……….

ကိုယ့်ကိုကို ဆင်ခြင်နိုင်အောင်တင်ထားခြင်းဖြစ်ပါသည်။

Aung Ko Latt
Ref: Wechat

Subscribe Us