Friday, April 24, 2015

ဝါဒဖြန်ချီ့ခြင်း


ယနေ့ ‘ဝါဒဖြန့်ခြင်း’ ဆိုတဲ့စကားလုံးကို မုသာဝါဒ လိမ်ညာမှှုတွေ ဖြန့်ဖြူးလိုတဲ့ အခါမှာ မကြာခဏ အသုံးပြု တတ်ကြ ပါတယ်။ သို့သော် အဲဒီ ဝါဒဖြန့်ခြင်း (propaganda) ဝေါဟာရကို အမှန်တရား ပြန့်နှံ့စေဖို့ ရည်ရွယ်ချက်နဲ့ ရောမကက်သလစ်ကျောင်းတော်က ဟိုးနှစ်ပေါင်းများစွာက စပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပညာရပ်ဝေါဟာရအရဆိုရရင် ဝါဒဖြန့်ခြင်းဆိုတာ လူထုရဲ့ အတွေးအမြင်စိတ်ကူး ရှှုထောင့်တွေ
 ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက် နဲ့ ရေးထား၊ ပြောထား၊ ဓါတ်ပုံရိုက်ထား၊ ဗွီဒီယိုမှတ်တမ်းတင်ထားတဲ့ အရာရာကို ဖြန့်ေ၀ ထုတ်လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဝါဒဖြန့်လုပ်ငန်းကို စစ်ပွဲတွေနဲ့  စစ်ပွဲလို အခြေ အနေတွေမှာ လက်နက်ကရိယာသဖွယ် အသုံးပြုကြပါတယ်။ တစ်နည်းဆိုရရင် ‘စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ’ (the war of the mind)၊ စိတ်ဓာတ်စစ်ဆင်ရေး(psychological warfare)တို့ရဲ့ လုပ်ငန်း အစိတ် အပိုင်းပါပဲ။


ဝါဒဖြန့် ပုံစံနှစ်မျိုး
ဝါဒဖြန့်ခြင်း ပုံစံနှစ်မျိုးရှိပါတယ်။ တစ်ခုက အဖြူရောင် ဝါဒဖြန့်ခြင်း နဲ့ နောက်တစ်ခုက အမည်းရောင် ဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။

အဖြူရောင်ဝါဒဖြန့်ခြင်းမှာ သီးသန့် အမြင်သဘောထားတွေကို ဖော်ပြထားတဲ့ အချက်အလက်တွေ ပါဝင် ပါတယ်။  သတင်း အင်ဖော်မေးရှင်း ပို့ပေးဖို့နဲ့ ဩဇာလွှမ်းဖို့ နှစ်ခုစလုံးကို ရည်ရွယ်ပါတယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး မိမိ ပစ်မှတ်ထားတဲ့ လူထုရဲ့ နိုင်ငံရေးအမြင်ကို ဩဇာလွှမ်း ထား နိုင်ဖို့ ဖြစ်တယ်။ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒီ့လူထုရဲ့ စိတ်ဓာတ် မြှင့်တင်ပေးဖို့ ဖြစ်တယ်။

အဖြူရောင်ဝါဒဖြန့်ခြင်းက အမှန်တရားကို ဖော်ပြပါတယ်၊ သို့သော် ပေးပို့လိုတဲ့ မက်ဆေချ့်တွေနဲ့ ၎င်းနဲ့ ဆက်စပ်တဲ့ အချက်အလက်ပေါ်မှာ အာရုံစိုက် လုပ်ဆောင်ထားပါတယ်။ အဖြူရောင် ဝါဒဖြန့်ခြင်းရဲ့ ရည်မှန်းချက်က အာဏာရှင်လို အစိုးရတွေကို ဆန့်ကျင်ကြတဲ့အခါ အနုနည်းနဲ့ဖြစ်စေ အကြမ်းနည်းနဲ့ဖြစ်စေ ခုခံလုပ်ဆောင်ရတိုင်း လူထုရဲ့ အမြင် သဘော ထား ခံယူချက် အရာရာမှာ အားအင်တွေ ခွန်အားတွေ ရှိလာပြီး ကြံ့ကြံ့ခံ ပြောင်းလဲစေဖို့ ဖြစ်ပါတယ်။

အမည်းရောင်ဝါဒဖြန့်ခြင်းကတော့ အထူးသဖြင့် မမှန်မကန် သတင်း လုပ်ကြံဖန်တီးဖို့ပါ။ အဓိက ဦးတည်တဲ့ ပစ်မှတ်က ရန်သူကိုပါ။ လုပ်ငန်းစဉ်သဘောက လှည့်စား ဖြားယောင်း သွေးဆောင်ခြင်း ပါပဲ။ ယေဘူယျ ရည်ရွယ်ချက်က ရန်သူရဲ့ ဦးတည်ချက် ေ၀ဝါးသွားစေဖို့၊ လမ်းပျောက်သွားစေဖို့၊ စိတ်ဓာတ်ပျက်ပြား ကွဲပြဲ သွားစေဖို့။ ဥပမာ ခေါင်းဆောင်မှှုအပေါ် ယုံကြည်မှှု လျော့ကျစေပြီး၊ သူတို့ မဟာမိတ်အုပ်စု ပါတနာတွေ အကြား ဆက်ဆံရေးတင်းမာ ပြိုကွဲစေဖို့ ဖြစ်ပါတယ်။

ဒီလို အမည်းရောင်ဝါဒဖြန့်မှှုကို အကောင်အထည်ဖော်ရာ မှာ  နှစ်ဘက်ချွန်သူလျှိုတွေ (double agents) နဲ့ ဆောင်ရွက် မှှုက ပိုခရီးရောက် ပါတယ်။ ဥပမာ ဒီမိုကရက်တစ် လှှုပ်ရှားမှုမှာ စိတ်ဓာတ် ခိုင်မာထန်သန်မှှု ရှိသလို၊ တစ်ဘက်က အာဏာရှင်ရဲ့ လုပ်ငန်းအတွင်း ဝင်ရောက် မွှေနှောက် တွင်ကျယ်ထားနိုင်သူ ဖြစ် ရမယ်။ ဖြစ်နိုင်ရင် ကြံဖွတ်အစိုးရ စီမံချက်လို ဟာတွေထဲမှာ လျှို့ဝှက် လုပ်ကိုင်နေရ ပါမယ်။

ဗြိတိသျှ တန်ပြန်ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ကင်ဖီလ်ဘီ (Kim Philby) ဆိုသူဟာ ဆိုဗီယက် အတွက် သူလျှို လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အလွန် အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေကို ဆိုဗီယက် ကို ပို့ပေးရင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေးတွေ အများကြီး ပျက်အောင် နှောင့်ယှက်ခဲ့ရာမှာ နာမည်ကြီးပါတယ်။

အမျိုးသားရေး လူမျိုးရေး ဘာသာရေး အကွဲအပြဲတွေ ရှိတဲ့နေရာမှာ၊ ကျွမ်းကျင်တဲ့ အေးဂျင့်က မတူတဲ့ အုပ်စုတွေ အကြား စိတ်ဝမ်းကွဲမှှု မျိုးစုံပေါ်အောင် လုပ်ဆောင်ဖို့ လွယ်ကူပါတယ်။အမည်းရောင် ဝါဒဖြန့် မှှု က သူတို့ထောက်လှမ်းရေးအဖွဲ့များကတဆင့် ရန်သူပေါ်လစီမိတ်ကာများကို ပစ်မှတ် ထားတတ်ပါတယ်။ ရန်သူ ဆုံးဖြတ်ချက်အမှားတွေဖြစ်သွားစေဖို့ ရည်ရွယ်ပါတယ် (ရန်သူ့ အတွက် အမှားဟာ၊ ကိုယ့်အတွက် အမှန် ဖြစ်ပါတယ်)။

ဒုတိယကမ္ဘာစစ်အတွင်းမှာ အကြီးအကျယ် လိမ်လည်နည်း ပညာမျိုးစုံ သုံးခဲ့ကြပါတယ်။ စစ်တပ်အတု လက်နက်အတုတွေ ဖန်တီးခြင်း၊  ဖမ်းဆီးမိတဲ့ စပိုင်တွေထံက အချက်အလက်တွေနဲ့ သတင်းမှား
တွေ ပြန်လုပ်ခြင်း၊ စပိုင်တွေ ပြန်လွှတ်ခြင်းတို့ ပါဝင်ပါတယ်။

သို့သော် အမည်းရောင်ဝါဒဖြန့်မှှုမှာ ရန်သူစိတ်ဝင်စားလောက်တဲ့ အသုံးပြုနိုင်ကောင်းတဲ့ မှန်ကန်တဲ့ အချက်အချို့ ထည့်ပေးရပါမယ်။ ဒီလိုမလုပ်ရင် ရန်သူက အာရုံစိုက်မှာ မဟုတ်ပါဘူး။ အမှန်တရား အချို့ ထည့်ပေးပြီး ရည်ရွယ်ချက်ရှိရှိ ရက်ဖောက်ထားတဲ့ မှားယွင်းတဲ့ အချက်တွေနဲ့သာ ရန်သူကို အယုံသွင်း လှည့်စားနိုင်မှာ ဖြစ်ပါတယ်။

ရန်သ့ူအတွက် အသုံးဝင်မယ့် အချက်အလက် ဘယ်လောက်များများ ချပေးမယ်၊ အဲဒီ့အောင်မြင်တဲ့ လှည့်စားမှှုကနေ ဘယ်လောက် အကျိုးအမြတ်ပြန်ယူမယ် ဆိုတဲ့ နှစ်ခုကြား တွက်ချက်ခန့်မှန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ အောင်မြင်တဲ့ ဝါဒဖြန့်ချီရေးသမားရဲ့ ပါးနပ်ကျင်လည်မှှုအပေါ် မူတည်ပါတယ်။


အမည်းရောင် ဝါဒဖြန့်မှှုကို အာဏာရှင်တွေ အသုံးပြု
အာဏာရှင်စနစ်တွေ သုံးတာကတော့ အမည်းရောင်ဝါဒဖြန့်မှှု ဖြစ်ပါတယ်။ အာဏာရှင်တွေက သူ့ပြည်သူ လူထုကို မကြေငြာတဲ့စစ် အမြဲ ဆင်နွှဲတတ် ပါတယ်။ ရည်ရွယ် ချက်က အတိုက်အခံနဲ့ ပြည်သူကို လှည့်စား လိမ်ညာဖို့ ဖြစ်ပါတယ်။ ဥပမာ၊ ဗိုလ်ချုပ်သန်းရွှေဟာ စိတ်ဓာတ်စစ်ဆင်ရေး (Psychological warfare) ကျွမ်းကျင်သူ၊ ဝါဒဖြန့်မှှုဘာသာရပ်နဲ့ မစိမ်းလှသူဖြစ်တယ်။ သူ့စရိုက်ကိုကြည့်ရင် မလိုအပ်သမျှ နှှုတ် ဆိတ်နေပြီး၊ ဘယ်သူမှ မထင်မှတ်တဲ့ အချိန်မှာ အတိုက်အခံ၊ လူထုနဲ့ သူ့လူတွေအပေါ် ခြုံခိုတိုက်ခိုက် အနိုင်ယူတတ်သူ ဖြစ်တယ်။

စစ်အစိုးရအတွက် အရေးကြီးဆုံး လက်ကိုင်အဖွဲ့ကတော့ တပ်မတော်ဆိုတာနဲ့ စစ်အရာရှိတွေပါပဲ။ ပညာအခံအားနည်းတဲ့ အရာရှိများနဲ့ စစ်သားတွေကို တပ်မတော်ရဲ့ သမိုင်း၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှှု စတဲ့ ပုံကြီးချဲ့ဝါဒဖြန့်မှှုတွေ အကြိမ်ကြိမ်အထပ်ထပ် ရိုက်သွင်းထားပါတယ်။
ဒါကြောင့် ရန်သူအသုံးချတဲ့ နည်းလမ်းတွေကို အသေချာလေ့လာဖို့နဲ့ ထိထိရောက်ရောက် ပြန်လည် တုန့်ပြန်ဖို့ လိုပါမယ်။  တန်ပြန်ဝါဒဖြန့်ချီရေး လျှို့ဝှက်နည်းလမ်းတွေ ဖော်ဆောင်ဖို့ လိုပါမယ်။  တပ်မတော် တပ်ရင်းအရာရှိတွေအပါအဝင် အုပ်စု အမျိုးမျိုးကို ပစ်မှတ်ထားပြီး ဩဇာ လွှမ်းမိုးထားနိုင်ဖို့ မြန်မာ့ ဒီမိုကရေစီရေး လှှုပ်ရှားသူများအနေဖြင့် ဝါဒဖြန့်ချိမှှု အတတ် ပညာကို စမတ်ကျ ချွန်ှမျှနေအောင် သွေးထား ကြရ ပါမယ်။ တစ်ပွဲထိုး လူကြားကောင်းအောင် ဟစ်တဲ့ပုံစံ၊ ဆယ်လစ်ဘရယ်တီ ပုံစံတွေနဲ့တော့ စစ်အာဏာရှင် ယန္တရားကို ဖြိုဖို့ ရာစုချီသွားပါလိမ့်မယ်။

ဝါဒဖြန့်မှှုထိရောက်ဖို့ ရုပ်ပုံများ အသုံးပြု
သတင်းဝါဒဖြန့်ချီရေးအတွက် ရုပ်ပုံတွေဟာ အလွန်အရေးကြီးပါတယ်။ ရုပ်ပုံတွေဆိုရာမှာ ပိုစတာ၊ ပို့စကဒ်၊ ရုပ်ရှင် စတာတွေ ပါပါမယ်။ ‘ရုပ်ပုံအထောက်အကူမပါတဲ့ တော်လှန်ရေးလုပ်ငန်းဟာ လူထုကို အဓိပ္ပါယ်
ကောက် လွဲစေရုံမကဘူး၊ တော်လှန်ရေး ကျရှှုံးစေမယ့် အရေးကိစ္စဖြစ်နေတယ်’ လို့တောင် ဝါဒဖြန့်ချီရေး ဆရာများက ပြောစမှတ် ပြုကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရများ အထူးသဖြင့် အာဏာရှင်များဟာ ဝါဒဖြန့်ချီရေးအတွက် ရုပ်ပုံများ၊ ပိုစတာများကို အသုံးပြုခဲ့ကြပါတယ် (ဝါဒဖြန့် ရုပ်ပုံများကို ကြည့်ပါ)။ ကနေ့အချိန်မှာ ယူကျူ့ ဗွီဒီယိုလို၊ DVD လို နည်းပညာ အကူပစ္စည်းတွေသုံးပြီး စည်းရုံးသိမ်းသွင်းရတာ အလွန်မှ လွယ်ကူပါတယ်။

ဝါဒဖြန့်ချီရေးကို လုပ်ဆောင်ရာမှာ နည်းလမ်းပေါင်းစုံ ရှိနိုင်ပါတယ်။
အားပေးတိုက်တွန်းခြင်း(encouragement)
အလှှုဒါနပြုခြင်း (donation)
လူသစ်၊ အဖွဲ့ဝင်သစ်စုဆောင်းခြင်း (recruitment)
လုံခြုံရေး (security)
စုဖွဲ့မှု (unity)
အထင်သေးစက်ဆုပ်စေခြင်း(contempt)
လက်စားခြေခြင်း(revenge)

ဝါဒဖြန့်ချီရေးသမားအတွက် အဓိက အချက်များ
၁။ ဝါဒဖြန့်မှှုတွင် ဆိုလိုချင်သော အဓိပ္ပါယ်ကို တိကျ ရှင်းလင်းမှု လုံးဝရှိရပါမယ်။ ပေးပို့လိုက်တဲ့ မက်ဆေချ့်မှာ လူထုနားထဲ မျက်စိထဲ ထင်းကနဲ ကွင်းကနဲ ဖြစ်သွားစေရပါမယ်။ ဘူးလုံးနား မထွင်း ဝေါဟာရများကို ဝါဒဖြန့်ချိရေးမှာ လုံး၀ လုံးဝမသုံးသင့်ပါ။

၂။ ရှည်ရှည်လျားလျား စာပိုဒ်ကြီးတွေထက် ရုပ်ပုံပါတဲ့ စာရွက် ကြော်ငြာ ဗွီဒီယို စတာတွေကို ပိုသုံးသင့်ပါတယ်။ သို့သော် ဝါဒဖြန့် စာပေကလည်း သူ့နေရာနှင့်သူ သီးသန့် ဝါဒဖြန့်ချိရေးအတွက် အရေးကြီးပါတယ်။

၃။ အယူအဆ ယုံကြည်တိုက်တွန်းမှှုတွေ ဖြန့်ချင်တဲ့အခါ အရေးစကားထက် အပြောစကားက ပိုမြန်မြန် ခရီးရောက်ပါတယ်။

၄။ နားနှင့်ကြားဖူးထားတဲ့ စကားကို ရေးသားထားတဲ့ စာလုံးက ထပ်မံအားဖြည့်ပေးပါတယ်။ ရေးထားတဲ့ စာကို အထပ်ထပ် ဖတ်လို့ ရနိုင်တာကြောင့် အခြားလူဆီ ထပ်မံဖြန့်ဖြူးပေးနိုင်ကြပါတယ်။

၅။ အော်ဒီယို တိတ်ခွေနဲ့ စီဒီများကြောင့် အပြောစကားက ယနေ့အခါ ပိုမြန်မြန် ပျံ့နှံ့လွယ်ပြီး အကြိမ်ကြိမ် နားထောင် လွယ်ပါတယ်။ လက်လှမ်းမှီနိုင်ပြီး တိုက်တွန်းရလွယ်ပါတယ်။ ပစ်မှတ်ထားရမယ့် ပရိတ်သတ်ကတော့ ကူးယူနားထောင် ပြီးရင် ပြန်ဖြန့်ဖြူးလိုသူများ ဖြစ်ရပါမယ်။

၆။ စီဒီ၊ ဒီဗွီဒီများတွင်ပါသည့် ရွှေ့လျားရုပ်ပုံတွေက လူထုကို အမြဲဩဇာလွှမ်းမိုးထားနိုင်ပါတယ်။

၇။ ဆိုလိုချင်တဲ့ အာဘော်တစ်ရပ်ကို ပုံစံအမျိုးမျိုးပြောင်းပြီး အထပ်ထပ် စွဲဆောင် ဖြားယောင်းဖို့ လိုအပ်ပါတယ်။


ဝါဒဖြန့်ချီရေးသမားနှင့် ဂျာနယ်လစ်
ဝါဒဖြန့်ချီရေးသမားတစ်ယောက်ရဲ့ အလုပ်နဲ့ ရိုးရိုးဂျာနယ်လစ် တစ်ယောက်ရဲ့ အလုပ်ကို ခွဲခြားသိဖို့ လိုပါမယ်။ ဝါဒဖြန့်ချီရေးသမားက အပြောင်းအလဲ ဖြစ်စေဖို့ ဦးတည်ပြီး လုပ်ရတာ ဖြစ်ပါတယ်။ ဂျာနယ် လစ်ကတော့ အပြောင်းအလဲ ဖြစ်ပေါ်လိုစိတ် ရှိလင့်ကစား ဈေးကွက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဂျာနယ်လစ် တစ်ယောက်က အယ်ဒီတာကြိုက်ဖို့ စာဖတ်သူကြိုက်ဖို့ အရင် လုပ်ရပါတယ်။

ဝါဒဖြန့်ချီရေးသမားကတော့ အကြိုက်လိုက်ဖို့ထက် အပြောင်းအလဲအတွက် ကိုယ် ပြောချင်တဲ့ မက်ဆေချ့် ပါးပါးနပ်နပ်ထည့်ဖို့၊ စည်းရုံးယူဖို့ပဲ ဖြစ်ပါတယ်။ ဝါဒဖြန့်သမားဟာ စာရေးသူ၊ လက်ကမ်း စာစောင်ဝေသူ၊ အနုပညာဇရှိသူ၊ ဓါတ်ပုံရိုက်သူ၊ ရုပ်ရှင်ဗွီဒီယို ထုတ်လုပ်တတ်သူ စတာတွေ ဖြစ်နေဖို့ လိုပါမယ်။

ဝါဒဖြန့်မယ့်သူ (ယောင်္ကျား၊ မိန်းမ) ဟာ ကိုယ်ပစ်မှတ်ထားတဲ့ လူထုရဲ့ အခြေအနေအရပ်ရပ် ပြောင်းလဲ ပစ်ဖို့ လူတွေကို စည်းရုံးဩဇာလွှမ်းမိုးဖို့ ကြိုးစားတဲ့ ဗျာဒိတ်ကျထားသလို ‘နှစ်မြှုုပ်အလုပ်လုပ်မယ့် ဂျာနယ် လစ်ကောင်း တစ်ယောက်' (a committed journalist) ဖြစ်ဖို့ လိုအပ်ပါမယ်။ သာမန် သတင်းလိုက် သတင်းညှစ် သတင်းသုံးသတ်သူ အဆင့်ထက် ပိုရပါမယ်။ ဒီလို လူမျိုးတွေဟာ ဂျာနယ်လစ် တစ်ပိုင်း
 နိုင်ငံရေး လျှို့ဝှက် စီမံချက် လှှုပ်ရှားသူ တစ်ပိုင်း ဖြစ်တတ်ကြပါတယ်။

အနောက်မှ ဂျာနယ်လစ်ဇင်
အနောက်နိုင်ငံများမှာတော့ ဂျာနယ်လစ်ဆိုတာ ဘက်မလိုက်တဲ့ စောင့်ကြည့်အကဲခတ်သူ( an impartial journalist) ဖြစ်ဖို့ ဆော်ဩကြပါတယ်။ ဘက်မလိုက်တဲ့ ဂျာနယ်လစ်ဆိုတာ ထောင့်ပေါင်းစုံက အမြင်တွေ ကို မှတ်တမ်းယူဖို့ ကြိုးစားပြီး၊ သူ့နည်းသူ့ဟန်နဲ့ စာဖတ်သူကို တင်ပြတဲ့ သတင်း သမားမျိုးသာ ဖြစ်ပါတယ်။
ဝါဒဖြန့်သမားကတာ့ လူတွေ တစ်စုံတရာ မလုပ်ဖြစ်လုပ်ဖြစ်အောင် မီးထိုးလှှုံဆော်ပေးဖို့၊ အစိုးရယန္တရား မပြောင်း ပြောင်း အောင် လူေတွေကို ဆော်ဩနေဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။

အနောက်မီဒီယာတွေဆိုတာ သူတစ်ပါးလိင်ကိစ္စ တိတ်တခိုးချောင်းကြည့်ဖို့ နှစ်ခြိုက်သူ ပရိတ်သတ် အတွက် ဖျော်ဖြေပေးတဲ့ လုပ်ဆောင်ပုံနဲ့ ခပ်ဆင်ဆင်လို့ ဆိုကြပါတယ်။ အခြားသူ ချောက်ကျ ဒုက္ခရောက်မှ  အားရချင်သူများအတွက် စောင့်ကြည့် တင်ပြပေးမှှုမျိုး ဖြစ်တယ်။ သတင်းသားကောင် အဖြစ်ခံရသူအဖို့ အကာအကွယ်မဲ့ အကူအညီမဲ့ အခြေအနေဆိုက်မှ၊ သတင်း နားထောင်သူ နေသာထိုင်သာရှိပြီး အာသာပြေသွားမယ်။

လူထုအတွက် ရှင်းလင်းနားဝင်မယ့် မေ့ဆေ့ချ်မျိုး လိုအပ်
မြန်မာနိုင်ငံလို အခြေအနေမျိုးမှာတော့ ဒီလို အင်ဖော်မေးရှင်းတွေ အလျှံအပယ်ပေးပေမဲ့ မထိရောက်ဘဲ လူထုအတွက် ဝေေ၀ဝါးဝါးတွေ ဖြစ်နေစေပါမယ်။ သတင်းတွေပေးနိုင်တာ ကောင်းပေမဲ့ သတင်းတွေက အပြောင်းအလဲသယ်လာဖို့ ကျိန်းသေနိုင်တာမဟုတ်ဘူး။

သတင်းပေးရုံနဲ့ မလုံလေက်ပါဘူး။ ပြောင်းလဲဖို့ သဘောတရား အယူအဆ (idealism) ကို မီးမွှေးပေးဖို့ လိုပါမယ်။ လူထု လိုက်နိုင်မယ့် အတွေးအခေါ် အယူအဆတွေ အထပ်ထပ် ခင်းပြဖို့လိုပါတယ်။ တကယ်တော့ လူထုဟာ သူတို့ စံနှှုန်းတန်ဖိုးတွေအတွက် အသက်ပေး စွန့်စားကြမှာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် နားမလည်တဲ့ ဝေေ၀ဝါးဝါး ပြသနာတွေ အတွက်တော့ လူထုက ပေးဆပ် ဆောင်ရွက် ကြမှာ မဟုတ်ပါဘူး။

အခြားနေရာ အချိန်တွေမှာ ဖြစ်ခဲ့တာတွေကို စိတ်ကူး အိုင်ဒီယာထုတ်နှှုတ်ယူပြီး၊ လက်တွေ့ပကတိ အခြေအနေ အချိန်အခါနဲ့ ဆက်စပ်လုပ်ကိုင်တတ်ဖို့ လိုပါမယ်။ ယုံကြည်ချက်ခိုင်မာမှှုက လုပ်ငန်း အကောင်အထည် ပေါ်ထွက်စေဖို့အတွက် ပင်မ အကြောင်းတရားပဲ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ယုံကြည်ချက် ထူထောင်နိုင် ခင်းပြနိုင်တဲ့နေရာမှာ၊ နည်းလမ်းနဲ့ လှှုပ်ရှား ဆောင်ရွက်မှှုတွေ လိုက်ပါလာ ပါမယ်။ ‘ယုံကြည်ချက်၊ နည်းလမ်း၊ အလုပ်’ ဒီသုံးခုဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ ဝါဒဖြန့်ချီရေး အပါအဝင် လုပ်ငန်းတိုင်းအတွက် ဒီသုံးခုက အရေးကြီးပါတယ်။

နယ်ပယ်ပေါင်းစုံမှ ဝါဒဖြန့်ဖို့လိုအပ်
စာရေးသူများနဲ့ အနုပညာရှင်များဟာ ကမ္ဘာဦးကတည်းက လူသားတွေ အာဏာရှင်လက်တွင်းက လွတ်မြောက်နိုင်ဖို့အတွက် အဓိက အခန်းကဏ္ဍမှာ ရှိခဲ့ ကြပါတယ်။ အခု ၂၁ရာစုမှာလည်း ဒီမိုကရေစီ ကို သေးသိမ် ပျက်စီးအောင် လုပ်ပြီး ကိုယ့်ကျိုးအတ္တထူထောင်သူများ လက်အောက်က လွတ်မြောက်ဖို့ ပညာရှင်ပေါင်းစုံ၊ အနုပညာရှင်တွေနဲ့ သတင်းမီဒီယာပေါင်းစုံ ပူးပေါင်းပြီး ဒီမိုကရေစီအတွက် အဖြူရောင် ဝါဒဖြန့်မှုကို ဆောင်ရွက်ကြရပါမယ်။ စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်သမျှ လူထုအဖို့ ကိုယ့်သေတွင်း ကိုယ်တူး နေထိုင်ရခြင်းမျိုး မဟုတ် ပါလား။

ယနေ့ မြန်မာနိုင်ငံမှာ လူနည်းစုတစ်စုက အများပြည်သူတစ်ရပ်လုံးကို အဆုံးစွန် ကျေးကျွန် ငရဲဘဝ
 ရောက်အောင် ဇာတ်သွင်းနေပါတယ်။ အဖြူရောင်ဝါဒဖြန့် လှှုပ်ရှားမှှုတွေကနေ အားလုံးပါဝင်နိုင်တဲ့ ဘုံလမ်းကြောင်းတစ်ခု လမ်းညွှန်ပေးကြ ရပါမယ်။

စစ်တပ်အရာရှိတွေ အကြပ်တပ်သားတွေ သူတို့ အထက်ကို ပုန်ကန်စေဖို့၊ ထောင် ဝါဒါတွေက အကျဉ်း သားတွေနဲ့ ပူးပေါင်းသွားစေဖို့၊ ရန်သူ့ အင်အားကို ကိုယ့်အင်အားဖြစ်လာစေပြီး စစ်အာဏာရှင် စနစ်ဆိုး အမြစ်ပြတ် ပြုတ်ပြုတ်ပြုန်းသွားစေဖို့ ဝါဒဖြန့်ခြင်းကို လုပ်ဆောင်ကြရပါမယ်။

ဝင့်ထန်း
ရည်ညွှန်း။      ။Propaganda by Eric Johnston
(အလင်းရနံဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်သည်။)

Subscribe Us