Sunday, April 05, 2015

မိတ်ဆွေတုမျုား

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ
၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်အကျင့်ရှိတယ်.။

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီး ကူညီတာပါ စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲမလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာလာပေါင်းတာပါ သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ။


 


ကူညီမှုမှာ လက်မပါ ၊ ပါးစပ်သာ ပါတဲ့ မိတ်ဆွေ

(၁) အတိတ်နဲ့ လောကွတ်ပြုတတ်တယ်
ဆိုလိုတာက . . . ကိုယ့်မှာ အခက်အခဲကြုံလို့ ခေတ္တပေးပါ. . ၊ ချေးငှားပါ. . အကူအညီပေးပါ. .. စသည်ဖြင့်ပေါ့ အကူအညီလိုလို့ တောင်းတဲ့အခါ အဲဒီ မိတ်ဆွေမျိုးက ဘာပြန်ပြောတတ်သလဲ ဆိုတော့ "ကူညီနိုင်တုန်းကတော့ မလာဘူး . . ခုမှ လာတော့ မကူညီနိုင်ဖြစ်နေတယ်. . . .၀မ်းနည်းပါတယ် အရင် တုန်းက သာဆို ဒီအကူအညီမျိုး ပေးနိုင်တာပေါ့ . စသည်ဖြင့် " အတိတ်လောကွတ်နဲ့သာလောကွတ် စကား ပြောနိုင်ပါတယ်။လက်တွေ့ကတော့ ဘာမှမကူညီဘူး။

(၂) အနာဂတ်နဲ့လောကွတ်ပြုတတ်တယ်
ကိုယ်က အကူအညီတောင်းတယ်၊ဒါကို သူပေးနိုင်တယ်၊ဒါပေမယ့် မပေးချင်ဘူး ဒီအခါမှာ "မရှိခိုက်၊ မကူညီနိုင်ခိုက်နဲ့ အခုကြုံနေလို့ ၊ စိတ်မကောင်းပါဘူး နောင်ကျရင် လာခဲ့ပါ ကူညီနိုင်မှာပါလို့ လောကွတ် စကား ပြောတတ်ပါတယ်. . "နောက်တစ်ခါ တကယ် အကူအညီလိုရင်လည်း ဒီလိုပဲ ပြောပြီး ရှောင်ဦးမှာပါ. .

(၃)အချည်းအနှီးစကားတွေနဲ့ လောကွတ်ပြုတတ်တယ်
အကူအညီမလိုမှန်းသိနေတဲ့ အခါ ကိုယ့်မှ ပြည့်စုံမှု ၊ အဆင်ပြေမှုတွေ ရှိနေတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးက "အကူအညီလိုရင်တောင် တောင်းနော် ကူညီပါ့မယ် " စသည်ဖြင့် ပြောတတ်ပါတယ်။တကယ်တမ်း လိုအပ်ရင်တော့ မကူညီပါဘူး။

(၄) ပျက်စီးမှုကိုပြပြီး ရှောင်တတ်တယ်
တကယ်အကူအညီတောင်းတဲ့ အခါမှာ "လုပ်ငန်းတွေ အရှူံးပေါ်သွားလို့ ခုတော့ မကူညီနိုင်တာ ခွင့်လွှတ် ပါလို့ စသည်ဖြင့် အဆင်မပြေမှု ၊ ဆုံးရှုံးပျက်စီးတာတွေကို အကြောင်းပြပြီး အကူအညီပေးဖို့ ရှောင် တတ်တဲ့ မိတ်ဆွေမျိုးပါ. . "

ရှေ့တွင် ချစ်ချင်ယောင်ပြုပြီး အလိုက်သင့် ပေါင်းတတ်တဲ့ မိတ်ဆွေ

ဒီတတိယ မိတ်ဆွေ အမျိုးအစားမှာလည်း မကောင်းကျင့် လေးမျိုးရှိနေတတ်ပါတယ်. .

(၁) မကောင်းတဲ့ အလုပ်မျိုး၊ အပြုအမူမျိုးကို ကိုယ်က ပြုလုပ်ချင်တယ်ပြောရင် ဒီမိတ်ဆွေမျိုး က ကိုယ့်အကြိုက်လိုက်ပြီး "လုပ်သာလုပ်၊ ပြုသာပြု " လို့ ပြောတတ်တယ်။

(၂) ကိုယ်က ကောင်းတာ လုပ်မယ်ပြောတော့လည်း "လုပ်သာလုပ်လို့" အကြိုက်ကို ပြောတတ်တယ်။

(၃) သူများရှေ့မှာ ကိုယ့်ရှေ့မှာ တော်ကြောင်း ၊ ကောင်းကြောင်း မြှောက်ပင့်ပြောတတ်တယ်. . . ဒါပေမယ့်

(၄) ကွယ်ရာကိုလည်းရောက်ရော . . ကိုယ့်မကောင်းကြောင်းကို အားရပါးရ ပြောတတ်တဲ့ မိတ်ဆွေမျိုး
 ဖြစ်ပါတယ်။

Subscribe Us