Tuesday, March 17, 2015

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”


ထိုအရပ်၌ စိတ်တို့သည်အကြောက်တရားကင်းပြီး ဦးခေါင်းတို့ သည် မော်၍မတ်၍နေ၏။

ထိုအရပ်၌ အသိတရားတို့သည် လွတ်လွတ်လပ်လပ် ကွန့်မြူးလျှက်ရှိကြ၏။

ထိုအရပ်၌ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းဖြစ်စေမည့် သေးသိမ်ပြီး ကျဉ်းမြောင်း
သောဒေသစွဲနံရံများ မရှိပဲနေ၏။

ထိုအရပ်၌ စကားလုံးတို့သည် နက်နဲမှန်ကန်သော သစ္စာတရားမှသာ သန္ဓေတည် ဖြစ်ပေါ်လာကြ၏။


ထိုအရပ်၌ မမောမပန်းနိုင်သော လုံ့လဥဿဟသည် ပြီးမြောက်ပြည့်စုံသော အခြေအနေ သို့ လှမ်းတတ်ကြ၏။

ထိုအရပ်၌ ကြည်လင်သော ဆင်ခြင်တုံတရားတို့သည် အကျင့်ကောင်းတို့ မှေးမှိန်ရာ ခြောက်သွေ့သော ကန္တာရ ၌ ပင်လမ်းစဉ်စစ် ကျင့်စဉ်မှန် တို့သည် မပျောက်ပဲ တည်ကြကုန်၏။

ထိုအရပ်၌ လူသားတို့၏ စိတ်ဓါတ်များ လွတ်လပ်သော အကျင့်ကောင်းများ ကျယ်ပြန့်ဖြစ်ထွန်းအောင် အဖသခင်ကိုယ်တိုင် ဦးဆောင်တော်မူ၏။

အဖသခင် … ထိုအရပ်၌သာ ကျွန်ုပ်၏ နိုင်ငံတော်သည် နိုးထပါရစေသား။

Rabindranath Tagore
(Where the mind is without fear )

Subscribe Us