Saturday, February 28, 2015

အလုပ်သမားကာကွယ်ရေးဥပဒေအကျဉ်းချုပ် (BE- 2541)

 


(ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ဗဟုသုတရစေရန် ပြန်လည်ဖော်ပြပါသည်)

၁။သာမတန်အလုပ်ချိန်
သာမာန်အလုပ်များအတွက် အလုပ်ချိန်တစ်နေ့လျှင် (၈)နာရီထက်မပိုရ။အလုပ်ရှင်နှင့် အလုပ်သမားကြား သဘောတူနားလည်းမှုယူပြီး(၈)နာရီထက်ပိုနိုင်သော်လည်း တစ်ပါတ်လျှင် အလုပ်ချိန် စုစုပေါင်း(၄၈)နာရီ ထက်မပိုစေရ။


၂။ရုံးပိတ်ရက်ခံစားခွင့်များ

၂.၁။ တစ်ပါတ်လျှင် (၁)ရက်ထက်မနည်းရရှိရမည်။

၂.၂။ အလုပ်သမားနေ့အပါအဝင် နေ့ကြီးရက်ကြီးရုံးပိတ်ရက် တစ်နှစ်လျှင် အနည်းဆုံး(၁၃)ရက်ရရှိရမည်။

၂.၃။အလုပ်(၁)နှစ်ဆက်တိုက်လုပ်သော အလုပ်သမားတိုင်းအတွက် တစ်နှစ်လျင် အနည်းဆုံးခွင့်ရက်  

  (၆)ရက် ရရှိရမည်။


၃။ခွင့်ရက်ခံစားခွင့်များ

၃.၁။ဆေးခွင့်- အလုပ်သမားတစ်ဦးအနေနှင့်။နေထိုင်မကောင်းနေသရွှေ့ ဆေးခွင့်ခံစားနိုင်သည်။ အလုပ်(၃)ရက် ထက်ကျော်၍ ပျက်ကွက်ပါက၊ အလုပ်ရှင်အနေနှင့် ပထမတန်းစားဆရာဝန်တစ်ဦး ရေးပေးထားသည့် ဆေးခွင့် တင်ပြရန်တောင်းဆိုနိုင်သည်။


၃.၂။အလုပ်နှင့်ပက်သက်သည့်ခွင့်-အလုပ်ခွင့်ပြဌာန်းချက်များနှင့်အညီ အလုပ်သမားတစ်ဦးသည်၊ အလုပ်နှင့်ပါတ်သက်သည့် ခွင့်ခံစားနိုင်သည်။


၃.၃။သားကြောဖြက်ရန်ခွင့်- ပထမတန်းစားဆရာဝန်၏ မှတ်ချက်နှင့်အညီ၊သတ်မှတ်ထားသော၊ အချိန်ကာလ အတွင်း၊ အလုပ်သမားတစ်ဦးအနေနှင့် သားကြောဖြက်ရန်ခွင့်ခံစားနိုင်သည်။


၃.၄။မီးဖွားခွင့်-ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတစ်ဦးသည်၊ ကိုယ်ဝန်တစ်ကြိမ်ဆောင်တိုင်း၊ ရက်ပေါင်း (၉၀)ထက်မကျော်သော မီးဖွားခွင့်ခံစားနိုင်သည်။ ဤကာလအတွင်း ကျရောက်သော ရုံးပိတ်ရက်များသည် ခွင့် ရက်ပေါင်း(၉၀)အတွင်း အကြုံဝင်သည်။


၃.၅။သင်တန်းတက်ရန်၊အသိပညာဗဟုသုတတိုးရန်ခွင့်-အလုပ်သမားတစ်ဦးသည် သင်တန်းတက်ရောက်ရန် သို့မဟုတ် အသိပညာဗဟုသုတတိုးရန်အတွက် ခွင့်များကို အောက်ပါအတိုင်းခံစားနိုင်သည်။


-ခွင့်မယူမှီ အနည်းဆုံးတစ်ပါတ်ကြို၍ မိမိခွင့်ယူမည်ဆိုသည့်အကြောင်းနှင့်၊ ယူရသည့်အကြောင်းအရာ အပြည့်အစုံကို အလုပ်ရှင်ထံ တင်ပြအသိပေးရမည်။


-အလုပ်သမားတစ်ဦးအနေနှင့် အလားတူခွင့်မျိုး တစ်နှစ်တာကာလအတွင်း ရက်ပေါင်း(၃၀) သို့မဟုတ် (၃)ကြိမ် ယူပြီးပါက၊ အလုပ်ရှင်အနေနှင့် ခွင့်ပေးရန် ငြင်းဆိုနိုင်သည်။


၃.၆။စစ်မှုထမ်းရန်ခွင့်၊ အလုပ်သမားများအနေနှင့် စစ်မှုထမ်းရန်ခွင့်ခံစားခွင့်ရှိသည်(ထိုင်းနိုင်ငံသားဖြစ်ပါက စစ်မှုမထမ်းမနေရ ကန့်သက်ချက်နှင့်မသက်ဆိုင်စေရ)


၄။အချိန်ပိုအလုပ်လုပ်ခြင်း၊ပိတ်ရက်များတွင်အလုပ်လုပ်ခြင်း

-အလုပ်ရှင်များအနေနှင့်  ဤသို့အလုပ်လုပ်ရန်လိုအပ်သည့်အခါတိုင်း၊အလုပ်သမားများ၏ သဘော တူညီမှုကို ရယူပြီးမှ အလုပ်လုပ်စေရမည်။


-လုပ်ငန်းရပ်ဆိုင်းလိုက်ခြင်းအားဖြင့် အလုပ်တစ်ခုလုံးကို ထိခိုက်နိုင်သည့်အတွက်၊ အလုပ်များ ဆက်တိုက် လုပ် ရန်လိုအပ်သည့်အခါမှသာ၊ အလုပ်ရှင်များအနေနှင့် အလုပ်သမားများအား အချိန်ပိုစေခိုင်ခြင်း။ ပိတ်ရက်များတွင်အလုပ်စေခိုင်ခြင်းပြုလုပ်ရမည်။


-သာမန်ရက်များအတွင်း အချိန်ပိုလုပ်ရသည့်အချိန်၊ ပိတ်ရက်များတွင် အလုပ်လုပ်ရသည့်အချိန် စုစုပေါင်း တစ်ပါတ်လျှင်(၃၆)နာရီထက်မပိုစေရ။


 BE=ဗုဒ္ဓသက္ကရာဇ်

ဆက်ရန်...


Subscribe Us