Monday, April 28, 2014

ခေါင်းဆောင်သစ်များ ပျိုးထောင်ခြင်း



ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal vol.2,no.43


ခေါင်းဆောင်မှုစွမ်းရည်သည် အောင်မြင်မှု၏အခရာပင်ဖြစ်ပါသည်။ အပင်တစ်ပင်တွင် အရေးကြီးသည့် အစိတ်အပိုင်းမှာ ရေသောက်မြစ်ပင် ဖြစ်၏။ အမြစ်မရှိလျှင် အပင် တစ်ပင်ကောင်းစွာ မရပ်တည်နိုင်ပါ။ အလားတူပင် ခေါင်းဆောင်မှုမရှိလျှင် မည်သည့် အဖွဲ့အစည်းမှ တိုးတက်အောင်မြင်နိုင်မည် မဟုတ်ပါ။
 ရေသောက်မြစ်ကောင်းမှ အပင် ကြီး လည်း ဖွံ့ဖြိုး စည်ပင်နိုင်သလို ခေါင်းဆောင်မှုကောင်းမှသာလျှင် အဖွဲ့ အစည်း ကြီးလည်း ဖွံ့ဖြိုးတိုးတက်အောင်မြင်မည်ဖြစ်ပါသည်။

ထို့အပြင် မိမိအဖွဲ့အစည်းအတွင်းမှာလည်း ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေ ရန် စဉ်ဆက် မပြတ်
 လေ့ကျင့်မွေးထုတ်ပေးခြင်းဖြင့် အကန့်အသတ်မဲ့ အောင်မြင်မှု (Unlimited Success) ကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်ပါသည်။

အကန့်အသတ်မဲ့အောင်မြင်စေသော ခေါင်းဆောင်မှုစွမ်းရည်ဆိုသည်မှာ ခေါင်းဆောင် များကို မွေးထုတ်
ပေးနိုင်သော ခေါင်းဆောင်မှုအရည်အချင်းကို ဆိုလိုခြင်းဖြစ်ပါသည်။


သိုးအုပ်ကြီးကို ဦးဆောင်နေရသည့် ခြင်္သေ့တစ်ကောင်၏ အဖွဲ့ အစည်းထက် ခြင်္သေ့ အုပ်ကြီးကို ဦးဆောင်
နေသည့် ခြင်္သေ့တစ်ကောင်၏ အဖွဲ့အစည်းကပိုပြီး အင်အား ရှိပါသည်။ “နောက်လိုက်တွေရှိသော ခေါင်း
ဆောင်” ထက် “ခေါင်းဆောင်တွေ မွေး ထုတ်ထားနိုင်သော ခေါင်း ဆောင်” က အောင်မြင်မှုတွေကို ပိုမို ရရှိစေပါသည်။ ထိုသို့ ခေါင်းဆောင် အသစ်တွေ မိမိ၏အဖွဲ့အစည်းတွင်းမှ ပေါ်ထွက်လာစေရန် ပျိုး
ထောင် ပေးခြင်းအားဖြင့် မိမိ၏ လုပ်ငန်းအဖွဲ့အစည်းသည် အရှိန်အဟုန်ဖြင့်ကြီး ထွားလာစေမှာ အမှန် ပင်ဖြစ်သည်။

ခေါင်းဆောင်သစ်များမွေးထုတ်ပေးလေ့ရှိသော ခေါင်းဆောင်များ သည် နောက်လိုက် များပွားများအောင်ပြု
ခြင်း ထက် ခေါင်းဆောင်ဖြစ်သူများ ပိုမိုပွားများလာအောင်   မွေးထုတ်ပျိုးထောင်ပေးလေ့ ရှိပါသည်။ နောက် လိုက်များကို ပြုစုပျိုးထောင်ပေးသော ခေါင်းဆောင်များသည် သူ၏ အဖွဲ့အစည်း အတွက် တစ်ကြိမ်တွင် လူ တစ်ယောက်ကိုသာ တိုးပွား လာစေလေ့ရှိပါ သည်။သို့သော် ခေါင်းဆောင်သစ် များကို ပြုစုပျိုးထောင်ပေး
သော ခေါင်းဆောင်များကမူ၊ အဆပေါင်းများစွာ ကြီးထွားလာမှုကို ရရှိပိုင်ဆိုင် ခံစားရမည်ဖြစ် သည်။

အဘယ်ကြောင့်ဆိုသော်၎င်းတို့က ပြုစုပျိုးထောင်ပေးလိုက်သော ခေါင်းဆောင်များနှင့် အတူ ထိုခေါင်းဆောင် ၏ နောက်လိုက်အားလုံးကိုပါ ရရှိ လိုက်သောကြောင့် ပင်ဖြစ် ပါ၏။ သင်၏ အဖွဲ့အစည်းသို့ ခေါင်းဆောင် ဆယ်ယောက်ကို မွေးထုတ်ပေါင်း ထည့် လိုက်ပါက ထိုခေါင်းဆောင်များက သြဇာလွှမ်းမိုးနိုင်သူ နောက် လိုက်များသာမကပဲ ထိုခေါင်းဆောင်များက သြဇာဖြန့်ထားသော အခြားခေါင်းဆောင်များကိုပါ ရရှိလာနိုင် မည် ဖြစ်ပါ သည်။

ဤသဘောတရားသည် သင်္ချာနည်းအရ “ပေါင်းခြင်း” နှင့် “မြှောက် ခြင်း” တို့၏ ခြား နား ပုံပင်ဖြစ်ပါသည်။ ကိုး နှင့် ကိုး ပေါင်းလျှင် အဖြေ သည် တစ်ဆယ့်ရှစ် (၉+၉=၁၈) သာရမည်။ သို့သော် ကိုး နှင့်ကိုးကို မြှောက် လိုက်ပါက အဖြေသည် အဆပေါင်းများ စွာ တိုးပွားသွားပြီး ရှစ်ဆယ့်တစ် (၉ x ၉=၈၁) ဆိုသည့်ရလဒ်သို့ 
ရောက်ရှိသွားနိုင် ပါသည်။ ကိုယ်ပြုစုပျိုး ထောင်ပေး လိုက်သော ခေါင်းဆောင်သည် ပို၍ကောင်းမွန်သော
 ခေါင်း ဆောင် တစ်ယောက်ဖြစ်နေပါက ၄င်းနောက်လိုက်များ၏ အရည်အ ချင်း နှင့် အရေ အတွက်မှာ ပို၍များပြားလာမည်သာဖြစ်ပါသည်။

သင်သည် ခေါင်းဆောင်မှု၏အမြင့်ဆုံးအဆင့်သို့ရောက်ရှိအောင် ခေါင်းဆောင်တို့၏   ခေါင်းဆောင်များကို ပြု စု ပျိုးထောင်ရဦးမည်ဖြစ်သည်။ ခေါင်းဆောင်အချို့က နောက် လိုက်ငယ်သားတွေကိုသာ ပြုစု ပျိုးထောင် ပေး လိုကြပါသည်။ ခေါင်းဆောင်တွေ ဖြစ် လာေ အာင်သာ မဟုတ်သေး ဘဲ၊ ခေါင်းဆောင်တွေကို ထပ်ပြီး ခေါင်း
ဆောင်မှုပေး မယ့် ခေါင်းဆောင် တွေကို မွေးထုတ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ဒီလို ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ သင့် အဖွဲ့အစည်း တွင်းမှာ တိုးပွားလာ ပြီ ဆိုလျှင် အဖွဲ့အစည်း၏ ကြီးထွား နှုန်းမှာ လျှင်မြန်တိုးတက် လာစေနိုင်ပါသည်။ ထို့ကြောင့် ခေါင်းဆောင်မှု ကြီးထွားရေး မှာ ထပ်ပေါင်း ထည့်ပေး လို တယ်ဆိုလျှင် နောက်လိုက်တွေ ကိုသာ ဦးဆောင် ပါ။ သို့သော် သင်က အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲသကဲ့သို့ အဖွဲ့အစည်းကြီးထွားနှုန်းကို မြန်စေလိုပါလျှင်   ခေါင်း
ဆောင်အသစ်တွေကို ပျိုးထောင်မွေးထုတ်ပြီး သူတို့ကို ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေမှ သာရရှိပါ လိမ့်မည်။

ခေါင်းဆောင်အသစ်များကို မြေတောင်မြှောက်ပေးတတ်သော ခေါင်းဆောင်များနှင့်  နောက်လိုက်များ ကို သာ ပြုစုပျိုးထောင်ပေးသော ခေါင်းဆောင်တို့တွင် မတူညီသော စိတ်နေသဘောထားနှင့် မတူညီသော အာရုံစူးစိုက်မှုများ ရှိနေကြပါသည်။ နောက်လိုက်များကိုသာ ပျိုးထောင် သော ခေါင်းဆောင်များ သည် မိမိ၏
ခေါင်းဆောင်မှုအာဏာကိုဆုပ်ကိုင်ထားလိုကြသည်။ ခေါင်းဆောင်များကို  မြေတောင်မြှောက်ပေးလိုသော
 ခေါင်းဆောင်သည် အာဏာကို ခွဲဝေပေးသည်။ အချိန်ကို ခေါင်းဆောင် သစ်များအတွက် ရင်းနှီးမြှုပ်နှံ သည်။
 ခေါင်းဆောင်အသစ် များကို အောင် မြင်တိုးတက်စေလိုသော ဆန္ဒပြင်း ထန်သည်။ သူတစ်ပါး တိုးတက်
အောင် မြင်သွားမှုကို လိုလားသူဖြစ်ပါသည်။

ခေါင်းဆောင်အသစ်များထွက်ပေါ်လာဖို့ မြေတောင်မြှောက်ပေးရ သည်မှာ ခဲယဉ်းလှပါသည်။ အဘယ်
ကြောင့် ဆိုသော် အလားအလာရှိ သော သူများကို ရှာဖွေရန်နှင့် သူ တို့ ကို ဆွဲဆောင်ထားရသည်မှာ ခဲယဉ်း သောကြောင့်ပင်ဖြစ်ပါသည်။ မည်သို့ ပင်ဖြစ် ပါစေ ခေါင်းဆောင် များကို မြေတောင်မြှောက်ပေးခြင်း လုပ်ငန်းကို အဖွဲ့အစည်း တိုး တက်လို သူတိုင်း က လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင်လည်း အချိန်၊ အင်အားနှင့် လိုအပ်သောအရင်းအမြစ်များစွာတို့ကို စိုက်ထုတ်ရင်းနှီးပြီး တည်ဆောက်ရန်လိုအပ် လှပါသည်။

Let's fly Together!
ဖူးကျော်ဇင် (Future Wave)

Subscribe Us