Tuesday, April 29, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း(၂)




ဘေဘီလုံက မဟာသူကြွယ်


အာခတ်က အဲသည်ကာလ ဘေဘီလုံမှာ အကြီးကျယ်ဆုံး သူကြွယ်တစ်ယောက်ဖြစ် သည်။ သူ၏ဥစ္စာကြွယ်ဝပုံသတင်းသည် အရပ်ရှစ်မျက်နှာ သို့ပျံ့နှံ့ကျော်ကြားသည်။ အာခတ်က ငွေကြေးချမ်းသာသလောက် စိတ်သဘောထားကြီးမားသူလည်း ဖြစ် သည်။ ကိုယ်တိုင်အဆီးအတားမရှိ သုံးစွဲသလို အလှူအတန်းအပေးအကမ်းတွင်လည်း

အလွန်ရက်ရောသည်။ သို့သော် သူ့သူငယ်ချင်းကော်ဘီ ပြောသလိုပင် သူ့အိတ်ထဲ က ရွှေစတွေသည် လျော့ပါးသည်ဟူ၍မရှိ။ထွက်သမျှထက်ပို၍ပင် အလျှင် အမြန် ပြန် ဝင်လာနေကြသည်။ အာခတ်က ကြွယ်ဝသထက် ကြွယ်ဝဆဲ မဟာသူကြွယ်အစစ် တစ်ယောက် ဖြစ်ချေသည်။




ယခုသူ့ထံသို့ သူငယ်ချင်းတစ်စု ထူးထူးခြားခြား ရောက်ရှိလာကြသည်။ မြင်းရထား တည်ဆောက်သူ ဗန်ဆားနှင့်ဂီတဆရာကော်ဘီ။ ထို့နောက် ဗန်ဆားစေတနာ ပို ကာ ခေါ်ဆောင်လာခဲ့သည့် အခြားသော သူငယ်ချင်းများ။ဗန်ဆားတို့အဖွဲ့က သူတို့ လာရင်းအချက်ကို အာခတ်အား ရှင်းလင်းပြောဆိုသည်။



'သူငယ်ချင်း အာခတ်၊ မင်းကငါတို့အားလုံးထက် ကံကောင်းတယ်၊ တို့တတွေမ ငတ်အောင် ရုန်းကန်နေရတဲ့အချိန် မင်းကဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေ တယ်။ မင်းက သားနားပေ့ဆိုတဲ့ အဝတ်အစားတွေဝတ်၊ ရှားပါးပေ့ဆိုတဲ့စားသောက် ဖွယ်ယာတွေ စားနေတဲ့အချိန်မှာ တို့ကဖြစ်သလိုစား လူကြားသွား နိုင်ရုံလောက် ဝတ်ပြီးနေရတယ်၊ ဒါပေမယ့်တစ်ချိန်တည်း တစ်ဆရာတည်း၊ ကစားခုန်စားတာလည်း အတူတူပဲ၊ မင်းကတို့ထက် စာမှာလည်း မတော်ဘူး၊ကစားရာမှာလည်း မသာခဲ့ဘူး ၊ နောက်ပိုင်းလူကြီးဖြစ်လာတဲ့ အချိန်မှာလည်း မင်းကတို့ထက် ဘယ်လောက်မှ ပင်ပင်ပန်းပန်းအလုပ်လုပ်တာ မတွေ့ရဘူး၊ ဒါပေမယ့် ကံကြမ္မာက မင်းတစ်ယောက် တည်းကို မျက်နှာသာပေး ရွေးချယ်သွားတယ်၊လောကရဲ့စည်းစိမ် ချမ်းသာမျိုး စုံကို မင်းလက်ထဲ ပုံအပ်သွားခဲ့တယ်၊ အဲဒါဘာကြောင့်လဲ၊ အဲဒါသိချင်လို့ တို့လာခဲ့ကြ တာ'



သူတို့စကားဆုံးသည်နှင့် အာခတ်ကဆိုသည်။ 'သူငယ်ချင်းတို့အယူအဆတွေမှားနေ ကြပြီကွာ၊ မင်းတို့မချမ်းသာမကြီးပွားရခြင်း အကြောင်းအရင်းဟာ ကံကြမ္မာနဲ့ မဆိုင် ဘူးကွ၊ ဓနအဆောက်အအုံတစ်ခု ဘယ်လိုစုစည်းတည်ဆောက်ရတယ်ဆိုတဲ့ ဥပဒေသတွေ၊ နည်းလမ်းတွေကို မင်းတို့မစူးစမ်းမလေ့လာမိ လက်တွေ့ မကျင့်သုံးမိ ကြလို့သာဖြစ်ရတာ၊ ကံသက်သက်နဲ့လူတစ်ယောက် ကြီးပွားချမ်းသာတယ် ဆို တာမရှိဘူး၊ ကြီးပွားရင်လည်း ခဏပဲ၊ လူမိုက်နဲ့ငွေအတူမနေ ဆိုတာလို ပရမ်းပတာ သုံးစွဲရင်း ကုန်တာဘဲ၊ ကံကြမ္မာကြောင့် အလိုအလျောက်ရလာတဲ့ ဥစ္စာက ရရှိသူကို

အလိုအလျောက် နှိပ်စက်ဖျက်ဆီးသွားတာ များတယ်၊ တစ်ချို့လူတွေတော့ ရှိပါတယ်၊ မသုံးဘူး၊ မဖြုန်းဘူး၊ သုံးလိုက်လို့ကုန်သွားမှာ သိပ်ကြောက်တယ်၊ သူ့မှာပိုက်ဆံ မတော်တဆသာ ရလာတယ်၊ အကယ်၍ သုံးစွဲလို့ကုန်သွားရင် ဘယ်လိုထပ်ရှာ ရမလဲ မသိဘူး၊ အဲဒီတော့ ငွေထုပ်ကြီးပိုက်ပြီး ဆင်းဆင်းရဲရဲ ကပ်စေးနည်းနည်း နဲ့ပဲအိုသေတဲ့အထိနေသွားကြတယ်၊ ဒီငွေကြောင့် သူတို့ခမြာမှာ ကိုယ်လည်းမချမ်း သာဘူး၊ စိတ်လည်း မချမ်းသာဘူး၊ သူခိုးသူဝှက်ရန်ကိုကြောက်လို့ တကြောင့်ကြ လည်း နေရသေးတယ်၊ အားလုံး ဒီအတိုင်းချည်းပဲလို့တော့ ငါမဆိုလိုပါဘူး၊တချို့

 တော့လည်း ရှိပါတယ်၊ ကိုယ်တိုင်မရှာဘဲ ရလာတဲ့ဥစ္စာ၊ ဥပမာ အမွေရလာတာမျိုး ဆိုပါတော့၊ အဲဒါကိုသုံးလည်းသုံးတယ်၊ တိုးပွားအောင်လည်း လုပ်သွားတယ်ဆိုတဲ့ လူမိုျးတွေ၊ ဒါမျိုးလည်းရှိတော့ ရှိပါတယ်၊ ဒါပေမယ့်နည်းတယ်၊ မင်းတို့သိတဲ့လူတွေ ထဲပဲ စဉ်းစားကြည့်ပါ။ ငါပြောတာ သဘောပေါက်လိမ့်မယ်'



သူ့စကားနားထောင်ပြီး သူငယ်ချင်းတွေ မငြင်းနိုင်ကြ။ ''ဟုတ်ပါပြီကွာ၊ ကံကြမ္မာသက် သက်ကြောင့်ချမ်းသာကြတာမဟုတ်ဘူးဆိုတဲ့အချက် တို့လက်ခံပါတယ်၊ တို့တွေ ကြား ထဲက မင်းတစ်ယောက်တည်း ဘယ်နည်းဘယ်ပုံချမ်းသာလာသလဲဆိုတဲ့ အကြောင်းသာ ဆက်ပြီးပြောပြစမ်းပါ၊'' ဟုဆိုသည်။


အာခတ် စကားဆက်သည်။

''ငါလူငယ်ဘဝလောက်မှာပဲ ငါ့ခေါင်းထဲကို အတွေးတစ်ခုဝင်ခဲ့တယ်၊ သိပ်ဆန်းတဲ့ အတွေးတော့ မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းတဲ့အရာတွေ အဖိုးတန်တဲ့ ဟာတွေကိုကြည့်ပြီး အော် ဒါတွေဟာ လူကို စိတ်ချမ်းသာမှုကျေနပ်အားရမှု ပေးနိုင် တဲ့အရာတွေပါလား၊ဒါတွေဟာ ငွေရှိမှရနိုင်တာတွေပါလားလို့ တွေးမိလိုက်တာပါ၊.... 

ငွေဟာစွမ်းပကားတစ်ခုပဲ၊ ငွေဟာအရာတိုင်းကို မဖန်တီးနိုင်သော်လည်း အရာများစွာ ကိုတော့ ဖြစ်မြောက်အောင်ဆောင်ရွက်ပေးနိုင်တယ်၊ ကိုယ့်အိမ်ယာကို အလှပအခမ်း နားဆုံး မွမ်းမံခြယ်သနိုင်တယ်၊ ရွက်သင်္ဘောနဲ့ ခရီးထွက်နိုင်တယ်၊ဝေးလံခေါင် ဖျားတဲ့ အရပ်က ရှားပါးတဲ့အစာအဟာရတွေကို မှီဝဲသုံးဆောင်နိုင်တယ်၊ ရွှေထည်ငွေထည်

ကျောက်မျက်ရတနာထည်တွေ ဝယ်ယူနိုင်တယ်၊ ဘုရားတွေကျောင်းတွေ   ဆောက် နိုင်လှူနိုင်တယ်၊ အာရုံငါးပါးရဲ့အရသာတွေအလိုရှိသမျှ ခံစားနိုင်တယ်၊ ဒါတွေတွေးမိပြီး၊ ဟာမဖြစ်ဘူး၊ ငါလည်းလူ့ဘဝမှာ နေထိုင်ရတုန်း ဒီစည်းစိမ်ချမ်းသာတွေကိုတော့   တတ် နိုင်သမျှ ခံစားသွားရမှဖြစ်မယ်၊ သူများတွေခံစားနေကြတာ အဝေးကငေးကြည့် ရင်းနဲ့တော့ တင်းတိမ်မနေနိုင်ဘူးလို့ ဆုံးဖြတ်လိုက်တယ်....



'ဒါပေမယ့်၊ မင်းတို့သိတဲ့အတိုင်း ငါ့မိဘကလည်း ချမ်းချမ်းသာသာထဲက မဟုတ်ဘူး၊ အဖေကသာမန်ကုန်သည်အသေးစားပဲ၊ ညီအစ်ကိုမောင်နှမတွေကလဲများတော့ အမွေ အနှစ်ရဘို့ မျှော်လင့်ချက်သိပ်မရှိဘူး၊ ဒီတော့ကိုယ်ရှာမှကိုယ်ရမယ် ဆိုတာသဘော

ပေါက်ပါတယ်၊ ဒါပေမယ့် ဘယ်လိုရှာမလဲ၊ ဉာဏ်စွမ်းဉာဏ်စကလည်း မင်းတို့စော

စောကပြောသလို မင်းတို့ထက် ထူးပြီးရှိတာမှ မဟုတ်တာ၊ ဒါနဲ့ စဉ်းစား လိုက်တဲ့ အခါကျတော့ ချမ်းသာဘို့ဆိုတာချက်ချင်းတော့ မဖြစ်နိုင်ဘူး၊ အချိန်ယူပြီး လေ့လာရ မယ်၊ နည်းလမ်းရှာရမယ်ဆိုတာ တွေးမိလာတယ်...



''ဒီနေရာမှာ အချိန်နဲ့ပတ်သက်လို့ပြောရရင်၊ အချိန်ဆိုတာ လူတိုင်းမှာ အလံျှပယ်ရှိနေ ကြတာဘဲ၊ အခုမင်းတို့ဆိုရင် ကိုယ့်ကိုယ်ကို ချမ်းသာအောင်လုပ်ဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခုတောင် သုံးဖြုန်းပစ်ခဲ့ကြပြီးပြီပဲ၊ ဒီအတွင်း မင်းတို့မှာမိသားစုတွေ က လွဲလို့ တခြားဘာမှမရခဲ့ဘူးလို့ဆိုတယ်၊ တကယ်တော့ မိသားစုနဲ့သိုက်သိုက် ဝန်းဝန်းနေရတယ်ဆိုတာကလည်း ဝမ်းသာဂုဏ်ယူစရာ တစ်ခုပဲပေါ့ကွာ၊ ဒါပေမဲ့ အဲ့ဒါလည်း ထားဦးပေါ့လေ၊ အဲ၊ အချိန်ယူတဲ့ကိစ္စ ပြီးတော့ လေ့လာဆည်းပူးတဲ့ကိစ္စ၊ ဒီကိစ္စမှာ တို့ဆရာကြီးပြောဘူးတဲ့ စကားတစ်ခုရှိတယ်၊ မင်းတို့လဲမှတ်မိကြပါလိမ့် မယ်၊ပညာဆိုတာနှစ်မျိုးရှိတယ်၊ တစ်မျိုးက တို့သင်ထားတတ်ထားသိထားတာ ၊ နောက်တစ်မျိုး က တို့မသိသေးမတတ်သေးတဲ့အရာကို ဘယ်မှာဘယ်လို လိုက်ရှာရမလဲသိတာဆိုတဲ့စကား၊ ဆရာကြီးပြောတဲ့ ဒီစကားကိုကြားယောင်ပြီး၊

ပိုက်ဆံချမ်းသာအောင် လုပ်တဲ့နည်းလမ်းတွေကို အရင်ဆုံးသိအောင်ရှာဖွေ ဘို့၊   ပြီးတော့ ဒီနည်းလမ်းတွေအတိုင်း တကယ်လက်တွေ့လိုက်နာကျင့်သုံးဘို့ ငါ ဆုံးဖြတ်ခဲ့တယ်.... သို့သော်အဲ့ဒီနောက်မှာ စားဝတ်နေမှုအတွက် မော်ကွန်းရုံးမှာ

စာတော်ကူး စာရေးလေးအဖြစ်နဲ့ ငါအလုပ်ဝင်ခဲ့တယ်၊ ရွံှ့စေးပြားမှာ စာရေးတဲ့ အလုပ်ကို နေ့စဉ်နာရီပေါင်းများစွာငါလုပ်ရတယ်၊ အဲဒီမှာ လပေါင်းများ စွာကြာပေမယ့် ရတဲ့လုပ်အားခက ဘာမှအဖတ်မတင်ခဲ့ဘူး၊ စားတယ် ဝတ်တယ်နတ်ပူဇော်တယ် တခြားတိုလီမိုလီရယ်နဲ့ပဲ အားလုံးကုန်တယ်၊ ဒါပေမယ့် ချမ်းသာအောင်လုပ်မယ် ဆိုတဲ့ စိတ်ကတာ့ငါ့မှာပျောက်ပျက်မသွားဘူး။



''တစ်နေ့မှာတော့ ငွေတိုးချေးစာတဲ့ သူဌေးကြီးအယ်လဂါမစ် တို့ရုံးကဝန်မင်းဆီ

ရောက်လာပြီး နဝမဥပဒေကို ကော်ပီကူးပေးဘို့ အလုပ်အပ်တယ်၊ ကူးဘို့တာဝန် ကျသူက ငါဆိုတော့ သူကငါ့ကိုပြောတယ်၊



'ငါ ဒီကော်ပီကို နှစ်ရက်အတွင်းလိုချင်တယ်' တဲ့၊ 'ပြီးအောင်ကူးပေးနိုင်ရင် မင်းကိုကြေး နီပြား နှစ်ပြားအပိုဆုပေးမယ်' လို့သူကဆိုတယ်၊



ငါလည်းအကြိတ်အနယ်ကြိုးစားပြီးကူးတာပဲ၊ ဒါပေမယ့် ဥပဒေကသိပ်ရှည်တော့ 

ကော်ပီယူဖို့သူလာတဲ့အချိန်မှာငါမပြီးသေးဘူး၊ သူကဒေါသတွေ အကြီးအကျယ် ထွက်တယ်၊ ငါသာကျွန်တစ်ယောက်ဆိုရင် အဲ့ဒီနေရာမှာတင် ကောင်းကောင်း အရိုက် ခံရတယ်၊ အခုတော့ ငါ့ကိုသူရိုက်ရင် ဝန်မင်းသည်းခံမှာမဟုတ်ဘူးဆိုတာ သိထား

တော့ ငါကလဲမကြောက်ဘူးပေါ့ကွာ၊ ဒါနဲ့သူ့ကိုပြောတယ်၊

“'ဒီမှာ အယ်လဂါမစ်၊ ခင်ဗျားက အရမ်းချမ်းသာတဲ့သူဌေးကြီးပဲ၊ကျွန်တော့်ကိုလည်း   ခင်ဗျား လို ချမ်းသာအောင်လုပ်ဖို့ နည်းလမ်းပေးမယ်ဆိုရင် ကျွန်တော် ဒီတစ်ညလုံး မအိပ်ပဲခင်ဗျားစာတွေကူးပေးမယ်ဗျာ၊ မနက် နေထွက်တဲ့အချိန်ပြီးစေရမယ်”” ဆိုတော့၊ သူကပြုံးပြီး ငါ့ကိုပြန်ပြောတယ်၊



'မင်းတော်တော်လည်တဲ့အကောင်ပဲ၊ ဒါပေမယ့်ငါသဘောတူပါတယ်၊ အပေးအယူပါ့ ကွာ' တဲ့၊



''အဲ့ဒီညတစ်ညလုံး ငါရွံှ့စေးပြားတွေမှာစာထွင်းတယ်၊ ကျောတစ်ပြင်လုံးတောင့်၊ မီး ခွက်ကအနံ့နဲ့ တစ်ခေါင်းလုံးကိုက်၊မျက်စိတွေလည်းကျိန်းစပ်ပြီး ဘာမှတောင် မမြင် ချင်တော့ဘူူး၊ ဒါပေမယ့် မနက်လင်းအားကြီးအချိန် သူရောက်လာတောံရွံှ့စေးစာချပ်

တွေ အားလုံးပြီးနေပြီ၊



'' ကဲ၊ ခင်ဗျားကတိပေးထားတဲ့အတိုင်း ကျွန်တော့ကိုပြောပေတော့'' လို့ငါက ဆိုတယ် ၊ သူကသဘောကောင်းစွာနဲ့ပဲ ပြောပါတယ်၊



'' မောင်ရင့်ဘက်ကတာဝန်ကျေပြီဆိုတော့ငါ့ဘက်ကလည်း တာဝန်ကျေရမှာပေါ့၊ ဒီ အတွက် ငါဝန်မလေးပါဘူးကွ၊တကယ်တော့ငါလည်း အဘိုးကြီးများ ထုံးစံအတိုင်း အခု မင်းသိချင်တဲ့အကြောင်းအရာမျိုးကို တို့ကအလိုလိုကို ပြောချင်နေတာ၊ ဘယ်လူငယ် မဆို အသက်ကြီးတဲ့ လူတစ်ယောက်ဆီသွားပြီး မေးမြန်းမယ် အကြံဉာဏ်တောင်း မယ်ဆိုရင် သူနှစ်ပေါင်းများစွာ စုဆောင်းသိုမှီးလာတဲ့ အသိဉာဏ်ဗဟုသုတတွေကို အလွယ်တကူရနိုင်တာချည်းပဲကွ၊ ဒါပေမယ့် မင်းသိထားဖို့က ဒီကနေ့ သာနေတဲ့ နေ ဟာ မင်းတို့အဖေ မွေးတဲ့အချိန်တုန်းက တောက်ပခဲ့တဲ့နေပဲကွ၊ အတူတူပဲ၊ ဒီနေဟာ

မင်းရဲ့အငယ်ဆုံးမြေးကလေး ကွယ်လွန်အနိစ္စရောက်တဲ့အချိန်မှာလဲ အခုလိုပဲအလင်း

ရောင် ပေးနေဦးမှာပါ



'''လူငယ်တွေရဲ့...အတွေးအခေါ်ဟာ ကောင်းကင်မှာ တစ်ခါတစ်ရံထွက်ပေါ်တဲ့ ကြယ် တံခွန်များလိုတစ်ခွင်တစ်ပြင်လုံး ဖြန့်ပြီးလင်းသွားတတ်တာမှန်တယ်၊ ဒါပေမယ့် သက် ကြီးဝါကြီးများရဲ့ဉာဏ် အမြော်အမြင်ကတော့ ကောင်းကင်မှာ တွဲခိုနေကြတဲ့ ကြယ် ပွင့်များလို အမြဲတည်နေပြီး ပင်လယ်ခရီးသွားတွေကို လမ်းပြနိုင်ကြတယ်၊ ငါအခုပြော မယ့် စကားကို မင်းသေသေချာချာ နားထောင်ပါ၊ သေသေချာချာနားမထောင်ရင် ငါပြောချင်တဲ့အချက်ကိုမင်းရမှာမဟုတ်ဘူး၊ မင်းစိတ်ထဲမှာလည်း မင်းတစ်ညလုံး ပင်ပန်းခဲ့ရတာနဲ့စာရင် ထိုက်တန်တဲ့စကားကိုမရဘူးလို့ထင်နေဦးမယ်''



'' သူကအဲဒီလိုဆိုပြီးတဲ့နောက် သူ့မျက်ခုံးထူထူကြီးတွေအောက် ကနေ သေသေချာ ချာစိုက်ကြည့်ပြီး အလေးအနက် လေသံနဲ့ပြောတယ်၊ 'ငါ့စိတ်ထဲမှာငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တပိုင်းသည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာဖြစ်စေ ရမယ် လို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ ချမ်းသာကြွယ်ဝမယ့် လမ်းစကို ငါသွားတွေ့ခဲ့တာပဲ၊ မင်းလဲ အဲဒီအတိုင်းတွေ့ပါလိမ့်မယ်' တဲ့၊ အဲ့ဒီနောက် ငါ့ကို စိုက်ကြည့်နေလိုက် တာ   ဖောက်ထွက်သွားမတတ်ပဲ၊



 ''နောက်တော့ငါကမေးတယ်၊ 'ဒါအကုန်ပဲလား' လို့



''“ ဟုတ်တယ်၊ အဲ့ဒါဟာသိုးကျောင်းသားစိတ်ဓာတ်ပဲ ရှိခဲ့တဲ့လူတစ်ယောက်ကို သူကြွယ်စိတ်ဓာတ် ကိန်းအောင်းလာအောင်ပြောင်းလဲပေးနိုင်တဲ့ အတွေးအခေါ်ပဲ'”

လို့သူကပြန်ဖြေတယ်၊



''ငါကထပ်မေးတယ်၊ “ကျွန်တော်ရှာဖွေလို့ရသမျှအားလုံးဟာ ကျွန်တော့်ကိုယ်ပိုင် ဥစ္စာချည်းပဲ မဟုတ်လား”” ဆိုတော့ သူကပြန်ဖြေတယ်၊



'' 'ဟုတ်နိုင်ပါ့မလားကွာ' တဲ့၊ 'မင်းအပ်ချုပ်သမားကို ပိုက်ဆံမပေးရဘူးလား ဖိနပ်ချုပ် သမားကိုမပေးရဘူးလား၊စားစရာသောက်စရာအတွက်ကော၊ ဘေဘီလုံမှာ မင်းပိုက် ဆံမသုံးဘဲနေလို့ ရသလား၊ ပြီးခဲ့တဲ့လတုန်းက မင်းရခဲ့တဲ့ပိုက်ဆံ အခုဘယ်နှစ်ပြား ကျန်သလဲ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံးရတာကော ဘယ်မလဲ၊ မရှိဘူးမဟုတ်လား၊ မင်းကိုယ် မင်းကလွဲလို့ လူတကာကို ပိုက်ဆံတွေ မင်းပေးနေခဲ့တာပဲ၊ မင်းပင်ပန်းခံပြီး အလုပ် လုပ် သမျှအားလုံးဟာ သူများအတွက်ချည်း ဖြစ်နေတယ်မဟုတ်လား၊သခင်ကျွေးတာ စား သခင်ပေးတာဝတ်ပြီး သခင်အတွက် အလုပ်လုပ်ပေးနေတဲ့ ကျွန်တစ်ယောက် နဲ့ဘာခြားနားသလဲ၊ကဲ....မင်းရလာတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကို စုဆောင်း ထားခဲ့မယ် ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဘယ်လောက်ချမ်းသာနေမလဲ၊”' တဲ့၊ ပြောနေရာက ရုတ်တရက် ကောက်မေးတယ်၊



''ငါကလည်း အဲဒီလောက်တော့ ဂဏန်းတွက်တတ်သေးတယ်ဆိုတော့ ချက်ချင်း ပဲပြန်ဖြေ လိုက်တယ်၊



'တစ်နှစ်စာဝင်ငွေစုမိမှာပေါ့' ဆိုတော့သူကပြောတယ်၊

'တစ်ဝက်ပဲမှန်တယ်' တဲ့၊

 'မင်းစုမိတဲ့ရွှေစတိုင်းဟာ မင်းအတွက် အလုပ်လုပ်ပေးမယ့် ကျေးကျွန်ဖြစ်ရမယ်၊သူ့ ကို ခိုင်းလို့ရလာတဲ့ ကြေးနီပြားတိုင်းဟာ သူ့နည်းတူမင်းအတွက် ဆက်အလုပ် လုပ်

ပေးမယ့် ကျေးကျွန်ဖြစ်ရမယ်၊ မင်းဟာချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်း လို့ရသ မျှကို ထပ်တိုးပွားအောင်လုပ်ရလိမ့်မယ် အဲ့ဒီတိုးပွားတာကနေ ထပ်တိုးပွား၊ ထပ်တိုး ပွားတာကနေ နောက်ထပ်ဆင့်ထပ်တိုးပွား အဲဒီလိုဖြစ်ရမယ်၊အဲ့ဒါမှ မင်းလိုချင်တောင့် တတဲ့ ဓနဥစ္စာတွေ စုဝေးမိလာမှာ၊ မင်းကငါပေးတဲ့ ချမ်းသာကြွယ်ဝရေး နည်းလမ်း ကိုကြားရတော့မင်းတစ်ညလုံး အလုပ်လုပ်ရတာနဲ့ မတန်ဘူးလို့ ထင်တယ်မဟုတ် လား၊ ငါညာတယ်ဆိုတဲ့ သဘောပေါ့၊ လုံးဝမဟုတ်ဘူး၊ငါပြောတဲ့သဘောတရား ကို မင်းတကယ် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်မိသွားပြီဆိုရင် မင်းငါ့ဆီက အဆတစ်ထောင်မက

ပြန်ရလိုက်သလိုပဲဆိုတာ မင်းသဘောပေါက်လာပါလိမ့်မယ်....



''အဲဒီနောက်မှာ သူပြောတဲ့စကားတွေကို ငါအလေးအနက် စဉ်းစားတယ်၊သူ့ စကား

တွေဟာ သိပ်ကိုအကြောင်းအကျိုးညီညွတ်မှုရှိတာ ငါတွေ့ရတာနဲ့ အဲ့ဒီအတိုင်း လုပ် ကြည့်ဖို့ ငါဆုံးဖြတ်ခဲ့တယ်၊ ငါပိုက်ဆံရလာတဲ့အခါတိုင်း ဆယ်ပြားရရင်တစ်ပြားကို သီးသန့်ဖယ်ထားလိုက်တယ်၊ အဲ့ဒီမှာထူးခြားတာက ဒီတစ်ပြားမသုံးရလို့ အနေ အစားကျဉ်းကျပ်သွာတယ် ဆိုတာမိုျး လုံးဝမရှိတာပဲ၊ နဂိုပုံမှန်လိုပဲ ဆက်လက်လည် ပတ် နေထိုင်သွားလို့ရနေတယ်၊ ဒါပေမယ့် စုငွေလေးများလာတဲ့အခါမှာတော့ တစ်ခါ တစ်ရံ ဖီနီရှန်ဘက်က ကုန်သင်္ဘောတွေ၊ ကုလားအုတ်နဲ့လာတဲ့ကုန်သည်တွေဆီမှာ

ပစ္စည်းဆန်းဆန်းပြားပြားတွေ့ရင် ဝယ်လိုက်ချင်တဲ့စိတ်တွေ သိပ်ထွက်တာပေါ့၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ထိန်းနိုင်ခဲ့တယ်၊ ဒီလိုနဲ့တစ်နှစ်တိတိလောက်ကြာတဲ့ အချိန် မှာ အယ်လဂါမစ် တစ်ကြိမ်ရောက်လာပြန်တယ်၊ သူကမှတ်မှတ်ရရပဲမေးတယ်၊



'“ဘယ်လိုလဲမောင်ရင်၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းဝင်ငွေရဲ့ဆယ်ပုံတစ်ပုံကို စုဖြစ်ရဲ့လား'” တဲ့၊



''ငါကလဲဂုဏ်ယူစွာနဲ့ပဲပြောလိုက်တယ်၊ 'ဟုတ်ကဲ့၊ ကျွန်တော်စုဖြစ်ပါတယ် ဆရာကြီး' ဆိုတော့၊ ''



 'အေး၊ ကောင်းတယ်ကွ' တဲ့၊ သူကငါ့ကိုပြုံးကြည့်ပြီးဆိုတယ်၊ ပြီးတော့မေးတယ်၊



'မင်းအဲ့ဒီပိုက်ဆံတွေကို ဘာလုပ်သလဲ' တဲ့၊



'''ကျွန်တော်အုတ်ဖုတ်သမား အက်ဇမူးကို ပေးလိုက်တယ်၊ အက်ဇမူးက ပင်လယ်ကူး သင်္ဘောနဲ့လိုက်သွားပြီး တိုင်ယာဆိပ်ကမ်းမြို့မှာ ဖီနီရှန် ကျောက်မျက်ရတနာတွေ ဝယ်ခဲ့ပေးမယ်လို့ပြောတယ်၊ သူပြန်ရောက်လာရင် ဒါတွေကိုရောင်းပြီး ရတဲ့အမြတ် ကို သူနဲ့ကျွန်တော် ခွဲဝေယူရမှာပေါ့၊' လို့ဖြေတော့၊



'' 'အင်း၊ လူဆိုတာခံရဖူးပြီးမှ သင်ခန်းစာရတာမျိုးပဲ၊ ဟေ့ ဒီမှာကွ၊ အုတ်ဖုတ်သမား က   ကျောက်အကြောင်းဘယ်လောက်သိမှာမို့လို့ ယုံယုံကြည်ကြည် သွားအပ်ရတာ လဲ ၊ ကောင်းကင်ကကြယ်တွေအကြောင်း သိချင်ရင် ပေါင်မုန့်ဖုတ်တဲ့လူကို သွားမေး မှာ လား၊ စဉ်းစားဉာဏ်ရှိတဲ့လူမှန်ရင် နက္ခတ်ပညာရှင်ပဲ မေးမယ်မဟုတ်လား၊ မင်းစု ထားတဲ့ပိုက်ဆံတွေတော့ သွားပြီလို့သာ အောက်မေ့လိုက်ပေတော့၊ အဲ့ဒီလူလက် ထဲ အပ်လိုက်တာဟာ မင်းစိုက်ထားတဲ့ ဓနသစ်ပင်လေးကို အမြစ်ပါမကျန် ဆွဲနှုတ် ပစ် လိုက်တာနဲ့အတူတူပဲ၊ ဒါပေမယ့် ပြီးသွားတာ ဘယ်တတ်နိုင်မလဲ၊ထပ်ကြိုးစား ပါ၊   နောက်ထပ်အပင်သစ်စိုက်ပါ၊ဒီတစ်ကြိမ်မှာတော့ ကျောက်မျက်ရတနာအကြောင်း သိ ချင်ရင် ကျောက်ကုန်သည်ဆီသွား၊ သိုးအကြောင်းသိချင်ရင် သိုးမွေးတဲ့လူဆီကို သွားကွ၊ အကြံဉာဏ်ဆိုတာ လူတွေအခမဲ့လျောက်ပေးတတ်ကြတဲ့အရာမျိုး၊ ဒါပေမယ့် တန်ဖိုးရှိတဲ့ အကြံဉာဏ်မျိုးကိုမှ ယူမိဘို့အရေးကြီးတယ်၊ ငွေကြေးကိစ္စမှာ နားမလည် သူဆီက အကြံဉာဏ်ယူမိရင် သူ့အကြံဉာဏ်တန်ဖိုးမရှိတဲ့အကြောင်း ကိုယ့်ငွေနဲ့ ရင်းပြီး သက်သေထူရသလို ဖြစ်လိမ့်မယ်'”တဲ့၊ အဲသလိုတွေပြောပြီးသူပြန်သွားတယ်။



''သူပြောတဲ့အတိုင်းပါဘဲ၊ ဖီနီရှန်တွေဆိုတာက လူလိမ်လူနပ်တွေကိုး၊ အက်ဇမူးကို ပုလင်းကွဲလိုဟာမျိုးတွေ ကျောက်ဆိုပြီး လိမ်ရောင်းလွှတ်လိုက်တယ်၊ ဒါပေမယ့် အယ်လဂါမစ်တိုက်တွန်းသွားခဲ့တဲ့အတိုင်း ငါဆက်ပြီး ဆယ်ပြားမှာတစ်ပြားစုပါ တယ်၊ အကျင့်လေးလဲရသွားပြီဆိုတော့ ငါ့အတွက်စုရတာ အပန်းမကြီးတော့ဘူး၊



 ''နောက်ဆယ့်နှစ်လကြာတဲ့အခါ စာကူးတဲ့အခန်းကို အယ်လဂါမစ် ရောက်လာပြန် တယ်၊



 'ဘယ်လိုလဲကွ၊ ဒီကြားထဲးမှာတိုးတက်မှုရှိရဲ့လား' တဲ့၊ ''



'ကျွန်တော့်ကိုယ်ကျွန်တော် သစ္စာရှိစွာပေးကမ်းနေဆဲပါ ဆရာကြီး၊ ဒီတစ်ခါတော့ ကျွန်တော့်ပိုက်ဆံတွေကို ဒိုင်းလုပ်တဲ့အဂါဆီအပ်ပါတယ်၊ သူ့အတွက်ကြေးဝယ်ဖို့ပေး ထားတာ၊ သူ့ဆီကလေးလတစ်ကြိမ် အတိုးမှန်မှန်ရပါတယ်' ဆိုတော့၊



'' 'ကောင်းတယ်ကွ၊ မင်းအဲ့ဒီအတိုးကို ဘာလုပ်သလဲ' တဲ့၊



'' 'ကျွန်တော်ဧည့်ခံပွဲကြီးတစ်ခု ကျင်းပတယ်၊ ပျားရည်တို့ ကိတ်မုန့်တို့ အကောင်းစား ဝိုင်အရက်တို့နဲ့ကျကျနနပေါ့၊ ပြီးတော့ ကျွန်တော့်အတွက်ကြက်သွေးရောင်ကျူးနစ် အကျီၤတစ်ထည်ဝယ်တယ်၊ နောက်တစ်ကြိမ် ဆိုရင်တော့ ကျွန်တော်စီးဘို့ မြည်း ကလေးတစ်ကောင်ဝယ်မယ် စိတ်ကူးတယ်၊' လို့ ငါကပြောတော့ အယ်လဂါမစ်က ရယ်တယ်။



'' 'မင်းက ကိုယ်စုငွေကပေါက်ဖွားတဲ့ သားသမီးတွေကို စားပစ်သလား' တဲ့၊ 'အဲ့ဒါဆို သူတို့ကမင်းအတွက် ဘာဆက်လုပ်ပေးနိုင်ဦးမှာလဲ၊ မင်းအတွက်အလုပ်လုပ်ပေးမယ့်   နောက်ထပ် နောက်ထပ်ကလေးတွေ သူတို့ဘယ်မှာဆက်မွေးပေးနိုင်ပါတော့ မလဲ၊ ဒီမှာမောင်ရင်၊ ပထမဆုံးက ကိုယ့်အတွက် ငွေရှာပေးမယ့် ကျေးကျွန်တွေ တစ်စုတစ် ဖွဲ့ ကြီးရအောင် အရင်လုပ်ရတယ်ကွ၊ အဲ့ဒီလိုရပြီးတဲ့အခါကျရင် ပျော်ပွဲရွှင်ပွဲ စားပွဲ

သောက် ပွဲတွေကြိုက်သလောက်ဆင်ယင်ကျင်းပပေတော့၊ ကုန်သွား ခန်းသွားမှာ ပူစ ရာမလိုတော့ဘူး၊' လို့ပြောပြီးပြန်သွားတယ်၊



''နောက်နှစ်နှစ်လောက်သူနဲ့မတွေ့ရဘူး၊ ပြန်တွေ့တဲ့အချိန်ကျတော့ အဘိုးကြီးက အတော့ကို အိုနေပြီ၊ သူကမေးတယ်၊

'အာခတ်၊ မင်းမျှော်မှန်းထားသလောက် ငွေကြေးစုဆောင်းမိပြီလား' တဲ့၊



''ငါကလဲဖြေတယ်၊ 'မျှော်မှန်းသလောက်တော့ မရသေးပါဘူး၊ ဒါပေမယ့် ရတန်သ

လောက်တော့ ရနေပါပြီ၊ အဲဒါတွေကဆက်ပြီး အတိုးအညွန့်တွေလည်းပွားများနေပါ တယ်' လို့



'' 'မင်း အုတ်ဖုတ်သမားဆီက အကြံဉာဏ်ယူသေးသလား' တဲ့၊



'' 'ဟုတ်ကဲ့၊ အုတ်ကိစ္စနဲ့ပတ်သတ်ရင်တော့ယူပါတယ်' ငါကလဲပြန်နောက်တယ်၊ ''

 'အာခတ်၊ မင်းဟာသင်ခန်းစာကို ကောင်းကောင်း ကျေညက်သွားပြီ' တဲ့၊

'ပထမဆုံးမင်းဟာ ကိုယ်ရတဲ့ဝင်ငွေထက် လျှော့သုံးပြီး နေထိုင်တတ်ခဲ့တယ်၊



အဲဒီနောက်မင်းဟာအတွေ့အကြုံရှိတဲ့လူတွေဆီက တန်ဖိုးရှိတဲ့အကြံဉာဏ်တွေ ရယူ တတ်ခဲ့တယ်၊ နောက်ဆုံးအဆင့်အနေနဲ့ ငွေကိုတိုးပွားအောင် မင်းလုပ်တတ်ခဲ့တယ်၊ '' 'တစ်နည်းပြောရရင် မင်းဟာငွေရှာတတ်ခဲ့ပြီ၊ ငွေကိုထိန်းသိမ်းတတ်ခဲ့ပြီ၊ ငွေကိုလဲခိုင်း

စေတတ်အသုံးချတတ်ခဲ့ပြီ၊ ဒီမှာအာခတ်၊ မင်းမှာလုပ်ငန်းတစ်ခုကို တာဝန်ယူဆောင် ရွက် နိုင်တဲ့ အရည်အချင်းတွေ အပြည့်အဝရှိနေပြီလို့ငါမြင်တယ်၊ အဲ့ဒီတော့ငါပြော မယ်၊ ငါလည်းအသက်ကြီးပြီကွာ၊ ငါ့သားတွေက ငွေရှာဖို့ထက် သုံးဖို့ကိုပိုစိတ်ဝင် စား ကြတယ်၊ ငါ့လုပ်ငန်းကိုင်ငန်းတွေက အများကြီးပဲ၊ ဒါတွေအားလုံးကြည့်ဘို့ ငါမတတ် နိုင်တော့ဘူး၊ အဲ့ဒီတော့ မင်းနစ်ပူးမြို့ကိုသွားပြီး အဲ့ဒီက ငါ့မြေယာတွေကိစ္စ တာဝန် ယူပေးပါ၊ အောင်အောင်မြင်မြင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် မင်းကိုငါ့ပါတနာ အဖြစ် သဘောထားမယ် ငါပိုင်မြေရဲ့တစ်စိတ်တစ်ဒေသကို ခွဲဝေပေးမယ်၊'လို့သူကဆိုတယ်၊



''အဲဒါနဲ့ငါနစ်ပူးကိုသွားပြီး သူ့လုပ်ငန်းတွေ ကြီးကြပ်ပေးတယ်၊ လုပ်ငန်းတွေအများ ကြီးပဲ၊ ငါကလဲရည်မှန်းချက်ကြီးတဲ့ လူဆိုတော့ ဒါတွေကိုကြိုးစားပြီးလုပ်တယ် ၊   စောစောက ပြောခဲ့တဲ့အတိုင်း ငွေနဲပတ်သတ်တဲ့ ကဏ္ဍသုံးရပ် စလုံးကို နိုင်နိုင် နင်း နင်းရှိခဲ့ပြီးပြီဆိုတော့ ငါအောင်မြင်ခဲ့တယ်၊ အယ်လဂါမစ်ရဲ့ ဥစ္စာပစ္စည်းတွေ အများကြီး

တန်ဖိုးတက်အောင် ငါလုပ်ပေးနိုင်ခဲ့တယ်၊ ဒါကြောင့်မို့ သူကွယ်လွန်ပြီးတဲအခါမှာ သူကိုယ်တိုင်ဥပဒေနဲ့အညီစီမံပေးခဲ့တဲ့အတိုင်း သူ့ပိုင်နယ်မြေတစ်ချို့ကို ငါဝေစုရ ခဲ့တယ် ၊''

 အာခတ်၏ဇတ်လမ်းပြီးဆုံးသွားသည့်အခါ သူ့သူငယ်ချင်းတစ်ယောက်က မှတ်ချက် ချသည်။ ''အယ်လဂါမစ် ဆီကအမွေရလိုက်တာ မင်းကံကောင်သွားတာပေါ့'' ဟူ၍။



''ကံကောင်းတယ်ဆိုတဲ့ စကားပြောမယ်ဆိုရင်တော့ အယ်လဂါမစ်နဲ့မတွေ့ခင်က တည်း က ငါ့မှာကြီးပွားချင်စိတ်ရှိနေခြင်းဟာသာ ကံကောင်းတဲ့ အချက်လို့ဆိုရမယ် ကွ၊ ငါ့မှာကြီးပွားချမ်းသာချင်တဲ့ ဆန္ဒရယ် တကယ်ကို ကြီးပွားအောင်ထလုပ်မယ် ဆို တဲ့ စိတ်ဓာတ်ရယ် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာရှိနေတယ်ဆို တာဟာ လေးနှစ် လုံးလုံး ငါရတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံဆီကို မှန်မှန်စုဆောင်းခဲ့ခြင်းအားဖြင့် ထင်ရှားနေ တာပဲ၊ တံငါသည်တစ်ယောက်ဟာ ငါးတွေရဲ့ဓလေ့ သဘာဝကိုနှစ်ပေါင်းများ စွာလေ့ လာပြီးတဲ့နောက်မှာ ပိုက်တစ်လက်နဲ့ သူထွက်ရှာတိုင်း ငါးရလာတာကို ကံကောင်း တယ်လို့ဆိုမလား၊ကံကြမ္မာစောင့်နတ်သမီး ဆိုတာ သိပ်စည်းကမ်းကြီးတယ်ကွ၊ ဘာမှပြင်ဆင်မထားတဲ့ လူတွေအတွက် အချိန်ကုန်ခံရိုးထုံးစံမရှိဘူး၊''



''ပထမနှစ် စုထားတဲ့ပိုက်ဆံတွေ အလဟဿ ဖြစ်သွားပြီးတဲ့နောက် မင်းဆက်ပြီးစုဖြစ် တာကတော့ ဝီလ်ပါဝါသိပ်ကောင်းလို့ပဲကွ၊ အဲ့ဒီမှာမင်းက သူများထက်သိပ်ထူးခြား သွားတယ်၊'' နောက်သူငယ်ချင်းတစ်ယောက်က ပြောသည်။



''လာပြီလာပြီ ဝီလ်ပါဝါ'' အာခတ်ကဆိုသည်။



''မဟုတ်ပါဘူးကွာ၊ မင်းတို့ကဝီလ်ပါဝါဆိုတာကို တလွဲတွေမှတ်ထားကြတယ် ငါ

ပြောမယ်၊ ဝီလ်ပါဝါရှိရင် လူတစ်ယောက်ဟာ ကုလားအုတ်မထမ်းနိုင်တဲ့ဝန်ကို ထမ်း နိုင်မလား၊ နွားနှစ်ကောင်မဆွဲနိုင်တဲ့ လှည်းကို ဝီလ်ပါဝါစွမ်းအားနဲ့ သူဆွဲနိုင်မယ် ထင် သလား၊ မဟုတ်ဘူးကွ၊ ဝီလ်ပါဝါဆိုတာ အဓိဋ္ဌာန်ခိုင်မာတာကိုပြောတာ၊ဘယ်အလုပ် တစ်ခုကိုတော့ဖြင့် ငါလုပ်မယ်လို့ဆုံးဖြတ်ထားရင် အဲ့ဒါကိုပြီးမြောက်တဲ့အထိလုပ်တာ ဝီလ်ပါဝါပဲ၊ အဲ့ဒီဝီလ်ပါဝါမျိုးတာ့ ငါ့မှာရှိတယ်၊ ငါ့ကိုယ်ငါတာဝန်တစ်ခု အပ်နှင်းထား မယ် ဆိုပါတော့ အသေးအမွှားကိစ္စလို့ငါသဘောမထားဘူး၊ ပြီးစီးအောင်လုပ်တယ်၊ ဘာ့ကြောင့်လဲဆိုတော့ အသေးအမွှားကိုမှ ပြီးစီးအောင်မလုပ်နိုင်ရင် အကြီးအမား ကိစ္စ ငါ့ကိုယ်ငါ ဘယ်မှာယုံကြည်စိတ်ချနိုင်ပါတော့မလဲ၊ ဥပမာဆိုပါစို့ ငါ့အိမ်ကနေ   မြို့ထဲသွားတဲ့ခါလမ်းမှာတံတားတစ်ခု ဖြတ်ရတယ်၊ ဒီတံတားကိုဖြတ်တိုင်းမှာ ရေထဲ ကို ကျောက်ခဲတစ်လုံးစီ ရက်တစ်ရာတိတိချမယ်လို့ ငါ့ဘာသာ အဓိဌာန်ပြုထား တယ် ဆိုရင် ဒီတံတားကိုဖြတ်တိုင်း ကျောက်ခဲတစ်လုံးတော့ ငါချတယ်၊ ခုနှစ်ရက်မြောက်တဲ့

နေ့မှာ အမှတ်မဲ့ကျော်သွားမိတယ်ဆိုပါတော့၊ ဟာနောက်နေ့မှပဲ နှစ်လုံးချတော့ မယ် ဆိုပြီး ဆက်မသွားဘူး၊ ပြန်လှည့်လာပြီး ကျောက်ခဲတစ်လုံးချမယ်၊ ရက်နှစ်ဆယ်

လောက်ရောက်လာတဲ့အခါ၊ အာခတ်ရာ၊ ဘာမှအဓိပ္ပါယ်မရှိပါဘူးကွာ၊ လုပ်မနေပါနဲ့

တစ်ရာသိပ်ပြည့်ချင်ရင်လည်း အဆုပ်လိုက်သာပစ်ချလိုက်စမ်းပါ၊ ဆိုတဲ့အတွေးမျိုး ဝင် လာမယ်ဆိုပါတော့၊ မရဘူး၊ငါလက်မခံဘူး၊ တစ်နေ့ တစ်လုံးရက်ပေါင်းတစ်ရာ ချမယ် လို့ ငါ့ကိုယ်ငါကတိပေးထားပြီးရင် တစ်နေ့တစ်လုံးရက်ပေါင်းတစ်ရာပဲ၊ သို့သော် တစ်ခုတော့ ရှိတယ်၊ ကိုယ်သတ်မှတ်ထားတဲ့ ကိစ္စကို ပြီးအောင်လုပ်ချင် သူဖြစ်တဲ့ အ တွက်ကိုယ့်ကိုကိုယ် သိပ်ခက်ခဲပင်ပန်းတဲ့အလုပ်တွေ၊ လက်တွေ့မဖြစ်နိုင်တဲ့လုပ်ငန်း တာဝန်မျိုးတွေတော့ ခိုင်းစေလေ့မရှိဘူး၊ ငါက လွတ်လွတ်လပ်လပ် အေးအေးဆေး

ဆေးနေ ရတာကိုလည်း နှစ်သက်သေးတာကိုး။'”

သည်တွင် နောက်သူငယ်ချင်းတစ်ယောက်က ဆိုပြန်သည်။



''မင်းပြောတဲ့အတိုင်းသာမှန်မယ်ဆိုရင်တော့ကြီးပွားချမ်းသာအောင် လုပ်တဲ့နည်း ဟာ ရိုရိုစင်းစင်း ရှင်းရှင်းလေးဖြစ်နေမှာပေါ့၊ အဲ့ဒီတော့ တစ်ကယ်လို့ ဟာလွယ်တယ်ကွ ဆိုပြီးလူတိုင်းက ချမ်းသာအောင်လုပ်ပြီဆိုပါတော့၊ ဒီလူတွေအားလုံးအတွက်ကျ

တော့  ငွေတွေကဘယ်ကလာမှာလဲ၊''



''ငါ့သူငယ်ချင်းက အတော်ပူတတ်တာပဲကို'' အာခတ်ကဆိုသည်။ ''ဒီလို သူငယ်ချင်း၊ ဓနဥစ္စာဆိုတာလူတွေ  ကြိုးစားအားထုတ်တဲ့နေရာတိုင်းမှာ ပေါက်ဖွားတတ်တဲ့ ပစ္စည်း တစ်မျိုးပဲ၊ ဥပမာဆိုပါတော့၊ သူဌေးတစ်ယောက်က နန်းတော်လောက် ကြီးမားခမ်း နားတဲ့ အိမ်ကြီးတစ်ဆောင်ဆောက်ပြီတဲ့၊ ဒီအိမ်ကြီးပေါ်ပေါက်လာတဲ့အတွက် ဒီ သူဌေးရဲ့ငွေတွေအားလုံး လေထဲးပျောက်ကွယ်သွားတာမှ မဟုတ်ဘဲ၊ ဒီအိမ်တန်ဖိုးနဲ့ ညီမျှတဲ့ငွေကို အုတ်ဖုတ်တဲ့လူကရတယ်၊ပန်းရံဆရာကရတယ်၊ အလုပ်သမားတွေ ရ တယ်၊ ဒီအတွက် အားထုတ်ခဲ့ရတဲ့ လူတွေအားလုံး ဆိုင်ရာဆိုင်ရာ အချိုးအစားနဲ့

ရ သွားကြတယ်၊ ငွေကုန်ခံလိုက်ရတဲ့ သူဌေးမှာကောတဲ့၊ ဒီငွေနဲ့ တန်ဖိုးချင်းညီမျှတဲ့ အိမ်တစ်ဆောင်ရလိုက်တာပဲ၊ငွေလိုချင်ရင် ပြန်ရောင်း၊ ဒီငွေရမယ်၊ အဲဒီတန်ဖိုး တင် တဲ့လား၊ ဘယ်ဟုတ်မလဲ၊ သူ့အိမ်ဆောက်တဲ့ မြေကြီးဆိုပါတော့၊ဒီအိမ်ကြီးဆောက် လိုက်ပြီးတဲ့နောက်မှာ ဒီမြေကြီးဟာ အရင်ထက်ပိုတန်ဖိုးတက်လာတယ်၊ သူတင် လား၊ မဟုတ်သေးဘူး၊သူ့ဘေးနားမှာရှိတဲ့မြေဟာလည်း အခုဒီအိမ်ကြီးပေါ်လာ တဲ့ အတွက် အလိုလို တန်ဖိုးတက်လာတယ်၊ အဲဒါပဲကွ၊ ဓနဥစ္စာဆိုတာမျက်လှည့်ပြသ လို အဆမတန်ကြီးထွားသွားနိုင်တဲ့ သဘာဝရှိတယ်၊ သူ့ရဲ့အတိုင်းအဆကို ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ဘူး၊ ဖီနီရှန်တွေကွာ မင်းတို့သိတဲ့အတိုင်း ပင်လယ်ကို သင်္ဘောနဲ့ ထွက်ပြီး အရောင်းအဝယ် အလဲအလှယ်တွေ လုပ်ရင်းနဲ့တင်ကြီးပွားလာ လိုက်ကြ တာ သူတို့နေကြတဲ့ ပင်လယ်ကမ်းရိုးတန်းက ကျေးရွာဇနပုဒ်လေးတွေဆိုတာ အခု

တိုက်ကြီးတာကြီးတွေဟီးပြီး မြို့ကြီးပြကြီး ဖြစ်လာတယ်မဟုတ်လား၊''



''သူငယ်ချင်ပြောတာတွေအားလုံး သဘောပေါက်ပါပြီကွာ၊ အဲဒီတော့ တို့လဲချမ်းသာ

အောင်ဘယ်လိုလုပ်ရမလဲဆိုတာသာဆက်ပြီး အကြံဉာဏ်ပေးစမ်းပါ၊ အသက်တွေ ကလဲ ကြီးလာကြပြီကွ၊ ခုထိဘာမှကို မရှိကြသေးဘူး'' သူငယ်ချင်းတစ်ယောက် ကဆိုသည်။



''အကြံပေးချင်တာကတော့ အယ်လဂါမစ်ပြောခဲ့တဲ့၊ 'ငါရတဲ့ ဝင်ငွေရဲ့ တစ်စိတ် တစ်ပိုင်းသည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာ ဖြစ်စေရမယ်'ဆိုတဲ့စကားကို လက်စွဲ သြ ဝါဒအဖြစ် ခံယူကြဘို့ပဲ၊ ဒီစကားကို မနက်အိပ်ယာထတဲ့အချိန်မှာ ကိုယ့်ကို ကိုယ်

ပြော နေ့လည်မှာကြေငြာ၊ ညအိပ်ယာဝင်မှာကြွေကြော်၊ နေ့စဉ်နေ့တိုင်းနာရီတိုင်းမှာ

  သတိရ၊ ဒီစကားလုံးတွေ ကိုယ့်ခေါင်းထဲ ရင်ထဲ စွဲးနေအောင်၊ မျက်စိထဲထင်းကနဲ

မြင်နေအောင် ကိုယ့်ကိုကိုယ်ထပ်တလဲလဲ ပြောပေး၊



''ဒီအတွေး ဒီစိတ်ဓာတ်တွေ ကိုယ့်ကိုယ်ထဲ ပြည့်ဝလာပြီဆိုတဲ့အခါ ပထမဆုံး ကိုယ့် ဝင်ငွေကိုကိုယ်ပြန် သုံးသပ်၊ ငါဘယ်လောက်စုနိုင်မလဲ၊ စဉ်းစားဆုံးဖြတ်၊ ဆယ်ပုံတစ် ပုံထက်တော့ လုံးဝမလျော့ နည်းစေနဲ့ တခြားအသုံးအစွဲးတွေကို ဘယ်ပုံ ဘယ်နည်း ထိန်းသိမ်းကွပ်ကဲးမယ် ဆို တာလည်း စီစဉ်ရမှာပေါ့၊ ဒါပေမယ့်အရေးအကြီးဆုံးက ဘယ် နှစ်ပုံတစ်ပုံလဲ၊ စုမယ့် အပုံကို အရင်ဆုံးဖယ်ထားဘို့၊ အဲဒီလိုစုဆောင်း လာမယ် ဆိုရင်သိပ်မကြာပါဘူး၊ ကိုယ့် လက်ထဲမှာ ဘယ်သူဘယ်ဝါမှ ထိတို့လို့မရတဲ့ ကိုယ် ပိုင် စစ်စစ် ဓနဥစ္စာ အစုကလေး တစ်ခုရှိလာပြီဆိုတာနဲ့စိတ်ချမ်းသာကျေနပ်မှု အရ သာကို မင်းတို့ခံစားလာရလိမ့်မယ်၊ ချမ်းသာလာတဲ့ အရသာလေး။ ကိုယ့်စုငွေလေး   များလာလေ ပိုပြီးစိတ်အားတက် လာလေပဲ၊ ဒီအခါ ဘဝဟာ ပိုပြီးပျော်စရာ တက်ကြွ စရာကောင်းလာတယ်၊ နောက် ထပ်ပို ရအောင်ရှာဘို့ အားအင်တွေဝင်လာမယ်၊ ဘာကြောင့်လဲဆိုတော့ နောက်ထပ်ဝင်လာသမျှမှာလည်း ကိုယ့်ကိုယ်ပိုင်ဥစ္စာ စစ်စစ် အဖြစ်နဲ့ အချိုးကျရဦးမှာကိုး၊



''အဲဒီလို ဥစ္စာထုပ်ကလေးတစ်ခုစုဆောင်းမိပြီးတဲ့နောက်မှာ ဒီ'ဥစ္စာ' ကို ကိုယ့်အတွက် အလုပ်ခိုင်းရမယ်၊ ကိုယ်စုဆောင်းခဲ့တဲ့ ရတနာဥစ္စာဟာကိုယ့်အတွက်ကျေးကျွန်ပဲ၊ ဒီကျေးကျွန်ကနေ သားမြေးတွေ နောက်ထပ်ပေါက်ဖွားပြီး ကိုယ့်အတွက် ဆက်အလုပ် အကျွေးပြုကြအောင် စနစ်တကျ ခန့်ခွဲခိုင်းစေရမယ်၊



''ဘယ်သူမဆို ကိုယ့်ရဲ့အနာဂတ်အတွက် ဝင်ငွေတစ်ခု သေချာအောင်လုပ်ထားနိုင်ဖို့ လိုတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ လူအိုတွေတွေ့ရတဲအခါတိုင်း ငါလည်းတစ်နေ့ကျရင် ဒီလုူတွေလိုအိုရမှာပဲဆိုတာသတိရပြီး၊ ကိုယ့်မှာရှိတဲ့ဥစ္စာပစ္စည်းကို အဲဒီအချိန်အခါ အ ထိ တည်မြဲနေအောင် ဂရုစိုက် ရင်းနှီးမြှုပ်နံှမှု ပြုဘို့ လိုတယ်၊ ဒီနေရာမှာ အမြတ်အ စွန်းတွေ မတန်တစ်ဆ ရတယ် အတိုးအညွန့်တွေ အများကြီးပေးတယ်ဆိုတဲ့ အလုပ်

ကိုတော့ သတိထားဘို့ မင်းတို့ကို အကြံပေးချင်တယ်၊ ဒါတွေဟာနောင်တစ်နေ့ ဒုက္ခေ ရာက်အောင် ကိုယ့်ကိုဖြားယောင်းပြီးခေါ်တဲ့ဟာမျိုးတွေ ဖြစ်နေတတ်လို့ပဲ၊



 ''ပြီးတော့ မတော်တစ်ဆ ကိုယ်အနိစ္စရောက်သွားခဲ့ရင် ကျန်ရစ်တဲ့ မိသားစု ရုတ် တ ရက် ဒုက္ခဆင်းရဲ မရောက်ကြရအောင်လည်း ပြင်ဆင်ထားဘို့လိုတယ်၊ ဒီအတွက် ကို လည်း ဖြေးဖြေးနဲ့မှန်မှန် စုဆောင်းဖြည့်ဆည်းသွားတဲ့နည်းနဲ့ လုပ်လို့ရပါတယ်၊



''နောက်တစ်ခုက၊ကိုယ့် 'ဥစ္စာ'တိုးပွားအောင် ဆောင်ရွက်တဲ့နေရာမှာ ကျွမ်းကျင်

လိမ္မာတဲ့ ပုဂ္ဂိုလ်များနဲ့ တိုင်ပင်နှီးနှောမှုပြု ဘို့ပဲ။ ငွေကြေးကိစ္စ နေ့စဉ် စီမံဆောင်ရွက်

နေကြတဲ့ ပုဂ္ဂိုလ်တွေဆီက အကြံကောင်းဉာဏ်ကောင်းတွေ ရယူသင့်တယ်၊ နားလည် သူတွေဆီက အကြံဉာဏ်ကိုယူပြီးအလုပ်လုပ်တဲ့အခါ ငါ့တုန်းကလို အုတ် ဖုတ်သမား အက်ဇမူးလက်ထဲ ကိုယ့်ပိုက်ဆံတွေ ထည့်လိုက်မိတဲ့ အမှားမျိုးမင်းတို့ မကြုံ ရတော့ ဘူးပေါ့၊ ငွေနဲ့ရင်းပြီး ငွေရှာတဲ့အခါမှာ အမြတ်များများရဖို့အတွက်ကိုယ့်ငွေ ကိုစွန့်စား တာထက် အမြတ်ရာခိုင်နှုန်း နည်းချင်နည်းမယ် ဒါပေမယ့် စိတ်ချရတယ်ဆိုတဲ့ အလုပ် မျိုးကိုရွေးတာ ပိုကောင်းတယ်၊



''ငွေရှာတယ်၊ ငွေစုတယ်ဆိုတာတွေ လုပ်နေတဲ့တစ်ချိန် တည်းမှာ ဘဝဆိုတာ စိတ် ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ဖို့ဆိုတာကိုလည်း မမေ့စေချင်ဘူး၊ ကိုယ့်ကိုကိုယ်သိပ် အပန်းတကြီး ဖြစ်အောင် မလုပ်နဲ့အလွန်အကံျွ ချွေတာစုဆောင်းတာမျိုးလည်းမလုပ်နဲ့ ၊ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုသာ မပင်မပန်းစုဆောင်းနိုင်မယ်ဆိုရင် အဲ့ဒီ

လောက်ကိုဘဲစု၊ ကျန်တဲ့အပိုင်းတွေမှာ ကိုယ့်ဝင်ငွေနဲ့ သင့်တင့် လျောက်ပတ်အောင်

သုံးစွဲးနေထိုင်၊ စေးစေးနဲနဲ တွန့်တွန့်တိုတိုမနေနဲ့ သုံးသင့်တဲ့နေရာမှာ သုံး ပျော်သင့် တဲ့နေရာမှာ ပျော်တတ်မှ ဘဝဆိုတာပြည့်စုံကြွယ်ဝတယ်၊ သာတောင့်သာယာ ရှိ တယ်၊''



အာခတ်၏ အကြံပေးစကားများကို နားထောင်ပြီးနောက် သူငယ်ချင်းများ ကျေးဇူး တင်စကားဆိုကာအတူတစ်ကွပြန်ကြသည်။ သို့သော် သူတို့သွင်ပြင်မူရာတွေက တစ်ယောက်နှင့်တစ်ယောက် မတူကြ။ တစ်ချို့ကလမ်းတစ်လျောက်လုံး နှုတ်ဆိတ် သွားကြသည်။ သည်လူတွေက စိတ်ကူးဉာဏ်နည်းသည့် ပုဂ္ဂိုလ်တွေ။



အာခတ်ပြောသောစကားတွေ နားထောင်ပြီး ဘာမှမမြင်မိ မကြားမိ သဘောမပေါက် မိသည့်ပုဂ္ဂိုလ်တွေ။ တစ်ချို့ကတော့ မဲ့ကာရွဲ့ကာနှင့် အာခတ်အကြောင်း မကောင်း

ပြောသွားကြသည်။ သူတို့စိတ်၌ ကုသိုလ်ကံကောင်း၍ ချမ်းသာသွားသော အာခတ် အနေနှင့် သူ့လောက်ကံမကောင်းသည့် သူငယ်ချင်းများကို အနည်းနှင့်အများ ပေး ကမ်းဝေမျှသင့်သည်ဟု ယူဆကြသည်။



သို့သော် တစ်ချိုပုဂ္ဂိုလ်များကတော့ အနာဂတ်အတွက် မျှော်လင့်ချက်ဖြင့် ရွှင်လန်း တက်ကြွ၍ လာကြသည်။ သူတို့ဘဝအတွက် အလင်းရောင်ကို မြင်ခဲ့ကြပြီ။ အာခတ် ရှိရာ အလုပ်ဌာနသို့အယ်လဂါမစ် အကြိမ်ကြိမ် လာရောက်ခဲ့ခြင်းသည်။



အမှောင်တွင်းမှ အလင်းသို့ကြိုးစားလှမ်းထွက်လာသည့် လူငယ်တစ်ယောက်ကို ဖေး မကူညီချင်၍ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ မိမိဘဝအတွက် အ လင်းရောင်ကို မြင်လိုက်ပြီဆိုလျှင်ပင် ထိုသူ့အတွက် 'နေရာ' တစ်ခုအသင့်ရှိသွားပြီဖြစ် သည်။ ထို 'နေရာ' ဟူသည်ကို မည်သူမျှ အလိုအလျောက်မရ ။ မိမိလမ်းကြောင်း ကို သိမြင်ကာအခွင့်အရေးကြုံလာလျှင် အရယူရန် မိမိကိုယ်ကို အသင့်ပြင်ဆင်ပြီးဖြစ် မှ သာ သေချာသွားမည်ဖြစ်သည်။



အာခတ်၏သူငယ်ချင်းများထဲမှ သဘောပေါက် သွားသော ပုဂ္ဂိုလ်တစ်ချို့သည် နောက် ပိုင်း ၌ လည်း အာခတ်ထံမကြာခဏ ရောက် လာတတ်သည်။ အာခတ်က သူတို့အား အမြဲလှိုက်လဲှပြူ ငှာစွာကြို ဆိုသည်။ သူတို့နှင့်တိုင်ပင်နှီးနှောသည်။ အတွေ့အကြုံ များပြားလှသူတို့ ထုံးစံအတိုင်း သူ့ ပညာ ဗဟုသုတ သူ့ဉာဏ်အမြော်အမြင်များကို ရက်ရက်ရောရော ဖွင့်ဟဖြန့်ချိ သည်။



သူငယ်ချင်းတို့၏ စုဆောင်းငွေများကို အကျိုးအမြတ်ရှိပြီး စိတ်လဲချရသည့်လုပ်ငန်း ကိုင်ငန်းများထဲးတွင် ရင်းနှီးမြှတ်နံှဖြစ်အောင် ကူညီဆောင်ရွက်ပေးသည်။ အာခတ် နှင့်ပေါင်းသင်းရသဖြင့် သူတို့အကျိုးကျေးဇူးများစွာ ခံစားကြရသည်။ စစ်စစ်၊ ၎င်း သူငယ်ချင်းများ၏ဘဝမှာ အာခတ်နေအိမ်သို့ ပထမဆုံးအကြိမ် သွားရောက်မေးမြန်း

သောနေ့က စတင်ကြားသိရသည့် အရေးကြီးဆုံး စကားတစ်ခွန်းကြောင့်ပင် ပြောင်း လဲသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား အကောင်းဘက်သို့ ပြောင်းလဲသွားစေခဲ့သည့် ထိုစကားကား၊ အယ်လဂါမစ်ထံမှ အာခတ်သို့ အာခတ်မှတစ်ဖန် ၎င်းတို့ထံသို့ လက်ဆင့် ကမ်းခဲ့သည့် 'ငါရသည့်ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာဖြစ်စေရမည်' ဟူသောစကားပင်တည်း။



ဖေမြင့်


ဆက်ရန်.....




Subscribe Us