Sunday, November 03, 2013

ခေါင်းဆောင်ပါ။(သို့ )နောက်ကလိုက်ပါ။(သို့ )ဘေးဖယ်နေပါ။ဘေးတိုက်မလိုက်ပါနှင့်


LEADorFOLLOWor OUT of THE WAY
လောကတွင် ခေါင်းဆောင်ရော နောက်လိုက်ပါအရေးကြီးသည်။

                      ခေါင်းဆောင်ကောင်းရှိဖို့ လိုသကဲ့သို့ နောက်လိုက်ကောင်း ရှိရန်လည်းလိုသည် ။ နောက်လိုက်ကောင်း မရှိပါက ခေါင်းဆောင်မရှိနိုင်။ ခေါင်းဆောင်ကောင်းများ သည် နောက်လိုက်ကောင်း များထဲမှသာ ပေါ်ထွက်ပါ၏။ ခက်ခဲသော ကိစ္စများထဲတွင် လူတွေကို ခေါင်းဆောင်ဖို့ ဆိုသောကိစ္စ လည်းပါ ဝင်၏။ ထို့ထက်ပိုခက်တာက ကောင်းကောင်း ဦးဆောင်နိုင်ဖို့က ပိုခက်ပြီး အခက်ဆုံးကတော့ မှန်မှန် ကန်ကန် ခေါင်းဆောင်ဖို့ဖြစ်၏။အသက်ကြီးမှုသည် ခေါင်းဆောင်မှုအတွက် အရည်အချင်းတစ်ရပ်ဖြစ်၏။

သို့သော်ကမ္ဘာ ပေါ်တွင် ခေါင်းဆောင်ငယ် အများအပြားရှိပါ၏။ အသက်အရွယ် မည်သို့ပင်ဖြစ်စေ   ခေါင်းဆောင် လုပ်သူ မမှားဖို့လိုသည်။ ခေါင်းဆောင်သည် နောက်လိုက်ထက် ပိုအရေးကြီး သည်မှာ အမှန်ဖြစ်သည်။ မိမိဘဝအောင်ပွဲအတွက်မူ မိမိကိုယ်မိမိ ခေါင်းဆောင်နိုင်ဖို့ လည်းလိုအပ်သည်။ 
ကိုရီးယား တို့ က “နေ့တစ်နေ့ကို ကျုပ်တို့ကတော့ မနက်ခင်းနဲ့ အစပြုတယ်”ဟုဆို၏။ 

ဂျူးလူမျိုးများကတော့ နေ့တစ်နေ့ရဲ့အစဟာ အဲဒီနေ့မရောက်ခင် ကည ဟုဆို၏။ နေ့နှင့်ညသည် တစ်လှည့် စီဖြစ်နေပြီး ဘယ်ဟာနဲ့ပဲစစ ကြိုတင်လုပ် ဆောင်ထားဖို့က အရေးကြီး၏။အိမ်ထောင်တစ်ခုမှာ အိမ်ထောင် ဦးစီး ခေါင်းဆောင်သည် အရေးကြီး၏။

                    အရည်အချင်း ရှိပြီး အလုပ်ကောင်းလုပ်သည့်သူ ဦးဆောင်သည့် အိမ်ထောင်ဟာ သာယာ တာ ပါပဲ။ ပြည့်စုံတာပါပဲ။

ငါးဖျဉ်းတစ်ကောင်၊ ငါးဆားလူးတစ်ကောင် ဦးဆောင်သည့်အိမ်ထောင်မှာ မိန်းမဖြစ်သူက ငတ်ပေရော့။ သားသမီးများကလည်း ကိုယ့်လက်ကိုယ့်ခြေ ကြိုးစားလေ ရော့။ မကြိုးစားရင်တော့ သူတောင်းစားဖြစ်မှာပဲ ။ခေါင်းဆောင်ဆိုတာ အပေါ်ကိုဆွဲမတင်ရမှာဖြစ်သည်။ လူတွေကို တွန်းထိုးချရမှာ မဟုတ်ဘူးဟုဆို၏ ။ ခေါင်းဆောင်သည် ဆရာမဟုတ်ဘူး။ 

သခင်မဟုတ်ဘူး။ ခေါင်းဆောင် ဖြစ်လိုသူတစ်ဦး၏ ပထမဆုံးအရည်အချင်းသည် စံပြဖြစ်၏။ ကိုယ်ကစံပြ ဦးဆောင်သူ မဟုတ်ပဲ ဘယ်သောအခါမှ ခေါင်းဆောင်မဖြစ်နိုင်ပါ။ ခေါင်းဆောင်ဆိုသည်မှာ မိမိက အတင်းခေါင်းဆောင်ဖြစ်ချင်တိုင်း ခေါင်းဆောင်လုပ်လို့မရပါ။

        ခေါင်းဆောင်အရည်အချင်း ရှိမှခေါင်းဆောင်ဖြစ်၏။ကိုယ်ကစံပြမဖြစ်ရင် ခေါင်းဆောင်မလုပ်တာ အကောင်းဆုံးပါ။

      စံပြဆိုသည်မှာ အရာရာ စံပြဖြစ်သည်။ ကိုယ်ကသူများထက် ပိုတော်ရမည်။ သူများထက် ပိုအနစ်နာ ခံရ မည်။ သူများထက်ပိုပြီး စောင့်စည်းရမည်။ သူများထက်ပိုပြီး စာဖတ်ရမည်။ ခေါင်းဆောင်တော့   ဖြစ်ချင် ပါရဲ့ အဲဒီလူကတော်လည်းမတော်၊ အတ္တလည်းကြီး သူ့ချည်းပဲရယူချင်ပြီး မမျှမတ လုပ်တာကလည်း လွန် ပါရောဆိုလျှင် အဲဒီလူဟာ တနည်းနည်းနဲ့ ငရဲကြီးပါလေရော။အဲဒီလိုလူမျိုး တစ်ယောက်ရှိခဲ့ရင်တောင် အဲဒီ့လူ့ဘောင်ဟာ အတော်လေးဒုက္ခရောက်ရ တတ်သည်။အရည်အချင်းမရှိပဲ၊စံပြမဟုတ်ပဲ မိသားစု ကို ခေါင်းဆောင်မယ်လို့ ကြံစည်တာဟာ ရာဇဝတ်မှု  ကျူးလွန်ဖို့ကြိုးစားတာနှင့် အတူတူဖြစ်သလို တာဝန်မ ယူတာ ဝန်မထမ်း ဆောင်လိုပဲ ခေါင်းဆောင်လုပ်ချင်သည့် စိတ်ဓါတ်ကလည်း ရာဇဝတ်မှုမကင်းသည့် စိတ်ဓါတ်၊ အရှက်မရှိသည့် လုပ်ရပ်ဖြစ်သည်။ တာဝန်မယူလိုပါက ခေါင်းဆောင်လုပ်ရန် မသင့်။ နောက် လိုက် တစ်ယောက် အမှားလုပ်မိတာထက် ခေါင်းဆောင်တစ်ယောက် အမှားလုပ်ခြင်းသည် လူ့ဘောင် လူ့ဘဝနှင့် သူ့မိသားစုသာမက အခြားသူတွေကိုတောင် ပျက်စီးစေနိုင်ပါသည်။ လင်ကွန်းနှင့် ချာချီတို့ သည် ခေါင်းဆောင်ဖြစ်သလို ဟစ်တလာနှင့် စတာလင်တို့သည် လည်း ခေါင်းဆောင်များဖြစ်၏။

           လင်ကွန်းကြောင့် အမေရိကန်ပြည်တွင်းစစ်အေးငြိမ်းခဲ့၏။ချာချီသည် ဒုတိယကမ္ဘာစစ် တွင်   ခေါင်းဆောင်ကောင်းဖြစ်ခဲ့သည်။ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံး စစ်မီးတောက်ခဲ့ရ၏။ စတာလင်ကြောင့် ရုရှားပြည်သူများ ဒုက္ခနှင့်အဓမ္မကို ရင်ဆိုင်ခဲ့ရသည်။ 

ဟိုချီမင်းကဲ့သို့သော ခေါင်းဆောင်မျိုးကို အားလုံးက သတိရဆဲဖြစ် သည်။ ဂန္ဒီကြီးကို ယနေ့ကမ္ဘာက ဘယ်သောအခါမှ မေ့မည်မဟုတ်ပါ။အများရဲ့ဝန်ထုပ်ဝန်ပိုးကို သယ်ယူလိုစိတ်မရှိတဲ့ ခေါင်းဆောင်နောက် လိုက်မိတဲ့သူတွေ ဟာတောလမ်းခရီးမှာ ကျားစားခံရပြီသာမှတ်။ လှည်းသားငါးရာဇာတ်တွင် ခေါင်းဆောင် သည် အရည်အချင်းမရှိ၊ စံပြမဖြစ် ၊အနစ်နာမခံသဖြင့် ဘီလူးစားခံရကာ ဆုံးရှုံးပျက်စီးကြ သည်။

         ခေါင်းဆောင်မှုမှာ-
*ပုဂ္ဂိုလ်ရေးခင်မင်မှုဆိုတာမရှိဘူး၊*
*မျက်နှာသာပေးမှုဆိုတာလည်းမရှိဘူး၊  **အနာဂတ်အလားအလာကိုလည်းစာနာထောက်ထားမှုမရှိ၊               *ခေါင်းဆောင်နှင့်ပတ်သက်လို့ကတော့ ဒါလောက်ပါပဲ။

    ခေါင်းဆောင်လုပ်ဖို့ သိပ်မကျွမ်း ကျင်ရင် ခေါင်ဆောင်လုပ်တာထက် နောက်လိုက်ကောင်း လုပ်ရတာက ပိုပြီးအရသာ ရှိသည်….။

Subscribe Us