Saturday, January 12, 2013

တွေးချင်ရာ တွေးနိုင်ဖို့

ငါသည် ငါ၏အဖော်ဖြစ်၏။ ငါသည် ငါ၏လမ်းစဖြစ်၏။ ငါသည် ငါ၏ ခိုကိုးရာဖြစ်၏။ ငါသည် ငါ၏ အဖော်အပေါင်းဖြစ်၏။ ငါ့ထက်မည့်သူမျှ ငါကို မကယ်နိုင်။

ပင်ပန်းစွာ လုပ်ခြင်းထက် အမြဲနိုးကြားထကြွ လမ်းပေါက်ကိုရှာခြင်းက ပိုမိုကြီးပွားနိုင်လေသည်။

ကြီးပွားရေးအတွက် အကောင်းဆုံးသော လက်နက်သည် အတွေးစိတ်ဖြစ်။


အကြံကောင်းသော သူသည် အလုပ်ကောင်းသောသူ၏ အရှင်ဖြစ်၏။

ကြောက်တက်သော သူတို့သည် အဘယ်မျှပင် စွမ်းရည်သတ္တိနှင့် ပြည်စုံစေကာမူ ဦးစီးဦးဆောင်ကောင်းမဖြစ်နိုင်။

လောကကြီး၌ အကြီးဆုံးသောရန်သူသည်အကြောက်ဖြစ်၏။ ကြောက်ရွံ့ ခြင်း သည် ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်၏။ အကြောက်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာမရှိပေ။

လောက၌ ဟန်အမူအရာ တည်းဟူသော ဇာဖြင့် မိမိကိုယ်ကို ကွယ်ခြင်းသည် အရုပ်ဆိုးဆုံးဖြစ်သည်။ နဂိုဟန်သည် အကောင်းဆုံးဖြစ်ပေသည်။

သေးငယ်သော အရာကလေးများအတွက် စိတ်ညစ်တက်သူများမှာလည်း ကြီးသောအကြောင်းများထက် ဆယ်ဆမက အင်အားကုန်ခန်းလျက် သံလိုက်ဓာတ်ပျက်စီး တက်လေသည်။

မိမိလုပ်သောအသက်မွေးမှု အလုပ်တစ်ခုခုအား မကျင်လည် မနိုင်နင်းခြင်းထက် အောက်ကျသော အရာ မရှိပေ။

မိုးစဲမှ သွားမည်ဟု စောင့်သူအတွ့က် မိုးကစဲ၍ပေးမည်မဟုတ်၊ မိုးမှာစဲချင်မှစဲမှာ၊ မိုးအစဲကိုမစောင့်ဘဲ ရွှဲချင်ရွှဲဟု အောက်မေ့ကာ တိုးသွားမှ ခရီးပေါက်ရောက်နိုင်ပေသည်။

လောကတွင် သိစရာ၊ တက်စရာ၊ မှတ်စရာတွေ မကုန်နိုင်အောင်ရှိလေရာ ငါသိလှပြီ၊ ငါတက်လှပြီဟု ထင်နေသူများသည် မိမိဘာမျှမတက်သေးကြောင်း ကြေညာခြင်းပင် ဖြစ်လေသည်။

မလွပ်လက်သူ၊ မိမိ၏စိတ်၊ မိမိ၏ဥာဏ်၊ မိမိ၏အချိန်၊ မိမိ၏ ထင်မြင်ချက်၊ မိမိ၏စကားကို မိမိမပိုင်သော သူမှာ ချမ်းသာမှု ရှိလိမ့်မည်မဟုတ်ဟု ပုံသေမှတ်ပါ။

စကားကို နည်းနိုင်သမျှ နည်းစေ၍ နှုတ်ကို ပိတ်နိုင်သမျှပိတ်ကာ နားကိုဖွင့်နိုင်သမျှဖွင့်ရာ၏။ သို့မှသာ ပညာရှိလူလိမ္မာ ဖြစ်နိုင်လေသည်။
သို့သော် စကားနည်းခြင်း၏ အကျိုးသည် လွန်စွာများ၏ လုံးလုံးစကားမပြောခြင်းသည် အရှက် အကြောက် များရာ ရောက်လေသည်။ အသင့်အတင့် ပြောခြင်းသည် အကျိုးများလေသည်။

အပြုအမူသည် အတွေးအခေါ်၏ အရိပ်အယောင်ဖြစ်၏
(ဒန်-ဆနီ)

စိတ်ကောင်းထားလျှင် အကောင်းတကာ့အကောင်းဆုံးများ စုလာတက်၏။ အဆိုးထားလျှင် အဆိုးတကာ့ အဆိုးတွေ စုလေပေမည်။

Form:သလ္လာဝတီ စာကြည့်တိုတ်

Subscribe Us