ထပ်မံတွေ့ရှိသည့် အတည်ပြုလူနာ ၇ဦးတို့သည် ပါကစ္စတန်းနိုင်ငံမှ ပြန်လာကြသူများဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ရေးစင်တာ(State Quarantine)တွင်နေထိုင်သူများဖြစ်ကြောင်းသိရသည်။
အဆိုပါအတည်ပြုလူနာများသည် အသက် ၁၇နှစ်မှ ၃၁နှစ်အရွယ်ရှိကြပြီး အမျိုးသား ၆ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃၀၂၅ဦး ၊ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၈၅၄ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၁၅ဦးရှိ ကာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၆ဦး အထိရှိခဲ့ကြောင်းသိရသည်။