ယနေ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
ထပ်မံတွေ့ရှိသည့် အတည်ပြုလူနာ ၂ဦးတို့သည် ဘန်ကောက်တွင်နေထိုင်သူများဖြစ်ကာ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ပြီ ရောဂါကူးရှိသူများနှင့်ထိတွေ့မှုရှိခဲ့ကြောင်းသိရသည်။
ယခုအခါ ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်အတည်ပြုလူနာ ၃၀၁၇ဦး ၊ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၇၉၈ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၆၃ဦးရှိ ကာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၆ဦး အထိရှိခဲ့ကြောင်းသိရသည်။