Thursday, June 18, 2020

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငါးရာကျပ်တန် ငွေစက္ကူထုတ်ဝေမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ငွေစက္ကူပုံစံသစ် အမျိုးမျိုးကို ထုတ်ဝေရန်ဆောင်ရွက်လျက်ရှိရာ ငါးရာကျပ်တန် ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ငွေစက္ကူအရွယ်အစားမှာ အလျား  ၁၅၀  မီလီမီတာ အနံ  ၇၀ မီလီမီတာ ရှိပါသည်။ ငွေစက္ကူသည် ပေါ်လွင်သော နီညိုရောင်ရှိပြီး ငွေစက္ကူ၏အပေါ်ဘက်တွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါသည်။


အထောက်ထားမဲ့ မြန်မာအလုပ်သမား ၉ဦး ဖမ်းဆီခံရ



 ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် အုပ်ရေးချုပ်ရေးဌာနမှတာဝန်ရှိသူများ၊ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)၊ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် တရားမဝင်အလုပ်သမားများရှိနေကြောင်းသတင်းရရှိချက်အရကံဖယ်စယ်နယ်မြေ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

Saturday, June 13, 2020

ညမထွက်ရအမိန့် ဖြေလျှော့ပြီး နိုင်ငံတကာခရီးသွားလာမှု ဆက်လက်တားမြစ်ရန် ထိုင်းအစိုးရ ဆုံးဖြတ်



ထိုင်းအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ဧပြီ ၃ ရက်က ကြေညာထားသည့် ညမထွက်ရ အမိန့်ကို ဇွန် ၁၅ ရက်တွင် အဆုံးသတ်ရန် အတည်ပြုထား ကြောင်း နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာနက ယနေ့ကြေညာသည်။

ထိုင်းဝန်ကြီးများနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် နေ့စဉ် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို ဇွန် ၁၅ ရက်တွင် ဖြေလျှော့ရန် သဘောတူခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေကိုမူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီစင်ဗီဆာနူယိုသင်က ပြောကြားသည်။

Monday, June 08, 2020

မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ယနေ့ဇွန်လ(၈)ရက်နေ့တွင် (၉၄၆)ဦး ဆက်လက်ဝင်ရောက်




မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ဇွန်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၉၄၆)ဦး ဆက်လက်ဝင်ရောက်ကြောင်း သိရပါသည်။ 


Sunday, June 07, 2020

တရားမဝင်းအလုပ်သမား ၅ဦး မယ်ဆောက်မြို့တွင် ဖမ်းဆီးရမိ


ယနေ့(၇.၆.၂၀၂၀)တွင် ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် တာခ်ခရိုင်၊ မယ်ဆောက်မြို့၊ထပ်သဆိုင်းလူးမြို့နယ်၊ ဘန်ဝမ်တာခန်တိုင်ကျေးရွာ အမှတ် ၇တွင် မြန်မာနိုင်ငံဘက်မှ တရားမဝင်ဝင်ရောက်လာသည့် အထောက်ထားမဲ့အလုပ်သမား ၅ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ဇွန် ၆ ရက်၌ ၁၇၈၄ ဦး ဆက်လက်ဝင်ရောက်



မြဝတီ ဇွန် ၆

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၈၄ ဦး သည် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့တွင် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၁၄၆ ဦး သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ကားခုနစ်စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပြီး ကျန် ၁၆၃၈ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး



ကော့သောင်း ဇွန် ၆

နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၇၃ဦး စုစုပေါင်း အလုပ်သမား ၁၇၀ ယမန်နေ့ ညနေပိုင်းက ထိုင်း နိုင်ငံတောင်ပိုင်း ရနောင်းမြို့မှတစ်ဆင့် မြန်မာ နိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာသည်။

အဆိုပါအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကာလအတွင်း နှစ်နိုင်ငံ ကူးသန်း သွားလာမှုများ ပိတ်သိမ်းခဲ့၍ ထိုင်းနိုင်ငံတွင် ကြန့်ကြာနေခဲ့ရခြင်းဖြစ်ပြီး တနင်္သာရီတိုင်းဒေသ ကြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ပြန်လည်ဝင်ရောက်လာ ခြင်းဖြစ်သည်။