Monday, May 11, 2020

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ ( Six Day War ) ဒုတိယပိုင်း



(၁၉၆၇ ခုနှစ် ။ ဇွန်လ )

စစ်ပွဲအကြိုဖြစ်ရပ်များ

၁၉၆၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အင်္ဂလိပ်နှင့်အမေရိကန်တို့က အက္ကဘာပင်လယ်ကွေ့နှင့် ပတ်သက်၍ သင်္ဘောများ လွတ်လပ်စွာ သွားလာခွင့်ကို အီဂျစ်နိုင်ငံထံ တောင်းဆိုထားသည်။ ပင်လယ်ရေကြောင်းသွား နိုင်ငံ ၂၀ ကျော်ကလည်း ထောက်ခံတောင်းဆိုကြသည်။ ဝါရှင်တန်ရှိ အစ္စရေးသံရုံးကလည်း ဤအဆိုပြုချက်ကို ထောက်ခံကြောင်း ကြေငြာချက်တစ်စောင် ထုပ်ပြန်ခဲ့သည်။ အလားတူပင် သြစတြေးလျ / နယူးဇီလန် / နယ်သာလန် / ပြင်သစ်နှင့် ဆိုဗီယက်တို့ကလည်း ထောက်ခံကြသည်။

အစ္စရေးတို့ ကြေငြာချက်တွင် - - - -

၁။ အက္ကာဘာပင်လယ်ကွေ့ကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်း ဖြစ်သဖြင့် သင်္ဘောအားလုံးအတွက် ဖွင့်ပေးထားရန်။

၂။ ဤရေလက်ကြားသည် သင်္ဘောအားလုံး၏ လွတ်လပ်ပိုင်ခွင့်ဖြစ်ပြီး အပြစ်ကင်းစွာ သွားလာခွင့်ပေးရန် ။

၃။ နိုင်ငံအားလုံးနှင့် သက်ဆိုင်နေသော အခွင့်အာဏာဟု သတ်မှတ်ရန်။

ဇွန်လ ၄ ရက်နေ့တွင် အီဂျစ်သမ္မတနာဆာက အာရပ်တို့အနေဖြင့် အက္က္တာဘာပင်လယ်ကွေ့ ဖြတ်သန်းသွားလာမှုနှင့် ပတ်သတ်၍ မည်သည့်နိုင်ငံ၏ ကြေငြာချက်ကိုမျှ အသိအမှတ်မပြု နိုင်ဟု ပြတ်ပြတ်သားသား ပြောဆိုခဲ့သည်။

အီရတ်အနေဖြင့် ဇွန်လ ၄ ရက်နေ့တွင် အာမန် (Amman ) နှင့် ကိုင်ရိုမြို့သို့သွားပြီး ဂျော်ဒန် / အီဂျစ်တို့နှင့် ပူးပေါင်း၍ ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။ တစ်ပြိုင်တည်းပင် လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးလည်း ရောက်ရှိလာပြီး အစ္စရေးကိုကူညီနေသော နိုင်ငံများကို ရေနံမရောင်းပါဟု ကြေငြာခဲ့သည်။ အကယ်၍ အမေရိကန်က အစ္စရေးကို ကူညီပါက လစ်ဗျားရှိ ဝှီးလပ် ( Wheelus ) အမေရိကန် လေတပ်စခန်းကို ပိတ်ပစ်မည်ဟု ကြေငြာခဲ့သည်။ ဤသို့ဖြင့် အစ္စရေးနှင့် အာရပ် နှစ်ဖက်စလုံးမှာ စစ်ပြင်ကာ အခြေအနေတင်းမာလာခဲ့သည်။


အစ္စရေးတို့၏လှည့်ဖျားမှု

အစ္စရေးစစ်တပ်၏ အကြီးကျယ်ဆုံးသော အင်အားများအနက် တစ်ခုမှာ အင်အားကို အလွယ်တကူ ကွေးနိုင်ဆန့်နိုင် ပြောင်းရွေ့နိုင်ခြင်းပင်ဖြစ်သည်။ စစ်မဖြစ်မီ ၁ ရက်အလိုတွင် အစ္စရေးသတင်းစာများ၏ မျက်နှာဖုံးတွင် အစ္စရေးတပ်သားများ ခွင့်ရက်ရကာ ပင်လယ်ကမ်းခြေတွင် အပန်းဖြေနေသည့် သတင်းဓာတ်ပုံများပါလာသည်။ အစ္စရေးရှိ အီဂျစ်သူလျိုများကို အစ္စရေးတပ်သားများ ခွင့်ရက်များပေးထားကြောင်း အီဂျစ်တို့ သတင်းမှားရှိအောင် ထောင်ချောက်ဆင်လိုက်လေသည်။ အစိုးရအစည်းအဝေးကိုလည်း ကျင်းပမြဲကျင်းပခဲ့သည်။ လေတပ်ကိုလည်း ဗုံးကျဲလေယာဉ်ကြီးများအစား ဗုံးကျဲတိုက်လေယာဉ်များဖြင့်သာ ပြောင်းလဲဖွဲစည်းခြင်းဖြင့် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်နိုင်ခဲ့သည်။ ၇ မိနစ်ခွဲအတွင်း ဆီထည့်ခြင်း / အောက်ဆီဂျင်ဖြည့်ခြင်း / ဗုံး ၁၀ လုံးကို ချိတ်ခြင်း / ခဲယမ်းမီကျောက် ဖြည့်ခြင်းစသည်ဖြင့် လျင်မြန်အောင် လေ့ကျင့်ထားသည်။ အစ္စရေးဗိုလ်ချုပ်ကြီး ဒါယန်းသည် ကာကွယ်ရေးဝန်ကြီးတာဝန်မယူမီ မခန့်အပ်မီကပင် မိမိ၏မျိုးချစ်စိတ်ဖြင့် ဝန်ကြီးချုပ်နှင့် စစ်ဦးစီးထံခွင့်တောင်းကာ တပ်များကို လိုက်လံစစ်ဆေးသည်။ လိုအပ်သည်များကို စီမံပြီး တပ်များပြောင်းရွေ့မှု ဖွဲ့စည်းမှုများကို စီမံခဲ့သည်။

သဲဂန္တရအတွင်း ၂ ပတ်မျှ ကြိုတင်စီမံဆောင်ရွက်ပြီး အစ္စရေးလွတ်လပ်ရေးနေ့ဖြစ်သော မေလ ၁၅ ရက်နေ့ကပင် လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲအပြီးတွင် တပ်များကို တပ်လှန့်ထားပြီးဖြစ်လေသည်။ အစ္စရေးထောက်လှန်းရေးသတင်းများကလည်း မှန်ကန်တိကျလှပေသည်။ အာရပ်နိုင်ငံများ၏ လေယာဉ်ကွင်း / လေတပ်အနေအထား / လေယာဉ်အမျိုးအစား / အရေအတွက် / သံချပ်ကာ / တင့် / အမြှောက်တို့တည်နေရာ အင်အားစသည်အချကိအလက်များကို အချိန်နှင့် တစ်ပြေးညီ စုဆောင်းပေးခဲ့သည်။ အစ္စရေးတို့သည် တပ်ကိုပြင်ဆင်ပြီး လေယာဉ်တုများ / တင့်တုများ / စခန်းတုများ ဖန်တီးသည်။ အာရပ်တို့အား လှည့်စားပြီး မိမိတို့အနေဖြင့် အပေါ်ယံတွင် သာမန်အနေအထားရှိပြီး စစ်ပွဲကို အလေးမထားဟန်ဖြင့် အာရပ်တို့အပေါ် အလစ်အငိုက်ရယူရန် ကြိုတင်ပြင်ဆင်ထားကြသည်။

နှစ်ဖက်စစ်အင်အား

အစ္စရေးနှင့် အာရပ်နိုင်ငံများ၏ တိုက်ပွဲဝင်အင်အားမှာ အောက်ပါအတိုင်းဖြစ်သည် - - - -

အစ္စရေး

(က) တိုက်လေယာဉ်မျိုးစုံ - - - ၃၀၀
(ခ) တင့် - - - ၈၀၀
(ဂ) တပ်အင်အား - - - ၂၇၅၀၀၀

အာရပ်ပြည်ထောင်စု ( အီဂျစ် )

(က) တိုက်လေယာဉ်မျိုးစုံ - - - ၅၀၀
(ခ) တင့် - - - ၁၂၀၀
(ဂ) တပ်အင်အား - - - ၃၀၀၀၀၀


ဂျော်ဒန်

(က) တိုက်လေယာဉ်မျိုးစုံ - - - ၂၅
(ခ) တင့် - - - ၂၅၀
(ဂ) တပ်အင်အား - - - ၆၀၀၀၀

ဆီးရီယား

(က) တိုက်လေယာဉ်မျိုးစုံ - - - ၁၆၀
(ခ) တင့် - - - ၃၀၀
(ဂ) တပ်အင်အား - - - ၈၀၀၀၀

အဆိုပါ တိုက်ခိုက်ရေးအင်အားများတွင် တင့်များကို နှစ်ဖက်အသံးပြုရာ၌ PT -76 / T - 34 / T - 55 / J-53 / စင်ကျူ ရီယန် / ပတ်တန် / ရှားမင်း နှင့် အေအမ်အိတ်စ်-၁၃ (AMX-13) တင့်များကို အသုံးပြုခဲကြသည်။


တိုက်ပွဲစတင်ခြင်း

ဇွန်လ ၅ ရက် နံနက် ၀၇၃၀ နာရီ ဒေသစံတော်ချိန် ၈ နာရီခွဲတွင် အစ္စရေးလေတပ်သည် တစ်ချိန်တည် တစ်ပြိုင်တည်း အီဂျစ် / ဂျော်ဒန်နှင့် ဆီးရီးယားလေယာဉ်ကွင်းများနှင့် အရှေ့ဘက်တွင် ကွာဝေးသော အီရတ်နိုင်ငံ ဟဘန်နီယတ်လေတပ်စခန်း ( Habbaniyat ) သို့ပါ ဝင်ရောက်တိုင်ခိုက်လေသည်။ ယင်းသို့တိုက်ခိုက်ခြင်းဖြင့် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၀ ရက်အထိ ဖြစ်ပွားခဲ့သော သမိုင်းဝင် ၆ ရက် စစ်ပွဲဖြစ်ပွားခဲ့သည်။


လေကြောင်းတိုက်ပွဲ

အစ္စရေးလေတပ်သည် အာရပ်တို့၏ လေတပ်စခန်ပေါင်း ၉ ခုကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဝင်ရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး တစ်ခုကိုမူ အချိန်အနည်းငယ်နောက်ကျပြီးမှ တိုက်ခိုက်ခဲ့လေသည်။ အစ္စရေးဗုံးကြဲတိုက်လေယာဉ်များသည် အချိန်တွက်ချက် လုပ်ကိုင်ခဲ့ကြသည်။ တစ်သုတ်လျှင် တိုက်လေယာဉ် ၄ စီး အုပ်စုဖွဲ့ကာ တိုက်ခိုက်ခဲ့သည်။ အစ္စရေးတို့ တိုက်ခိုက်ခဲ့သော လေတပ်စခန်း ၁၀ ခုမှာ အယ်လ်အရစ်ရှ် / ဂျီဘယ်လဘေနိ / ဘာဂဂေါဖာ / ဘာသမဝါ / အကူဆူယာ / ဘာဘရစ် / အင်ချတ်စ် / ကိုင်ရိုအနောက် / ဘင်နီဆူယက်နှင့် ဖာယစ်စခန်းများ ဖြစ်သည်။

အီဂျစ်နှင့် အပေါင်းအပါတို့၏ လေတပ်လေယာဉ်များမှာ မြေပြင်မှ ကြွတတ်ချိန်ပင်မရလိုက်ပဲ အလစ်အငိုက်ဖမ်းမိကာ တိုက်ခိုက်ခြင်းခံလိုက်ရသည်။ အစ္စရေးတို့တိုက်ခိုက်ချိန်တွင် ကောင်းကင်ယံ၌ အီဂျစ်အမောင်းသင်လေယာဉ်နှင့် ကင်းထောက်လေယာဉ် ၄ စင်း သာရှိသည်။ ဤအချိန်အခါကို ရွေးရခြင်းမှာ အကြောင်း ၄ ကြောင်းရှိသည်။


ပထမကြောင်း
အီဂျစ်နှင့် အပေါင်းအပါတို့၏ နိုးကြားမှုသည် အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီးဖြစ်သည်။ အီဂျစ်တို့သည် ဆိုင်းနိုင်းဒေသကို လွန်ခဲ့သည် ရက်သတ္တ သုံးပတ်ကပင် အာရုံစိုက်ထားပြီး ဖြစ်ပြီး ယခုချိန်တွင် အင်အားနည်းသော အစ္စရေးကို အထင်သေးကာ ဂရုစိုက်မည်မဟုတ် ပုံမှန်လှုပ်ရှားမှုသာ လုပ်ခဲ့ကြသည်။ ထိုအချိန်သည် အာရုံတတ်ချိန်ကျော်လွန်နေသဖြင့် ရေဒါများကလည်း သာမန်သာ အလုပ်လုပ်နေကြသည်။

ဒုတိယအကြောင်း
အစ္စရေးလေယာဉ်မှုးများသည် တိုက်ပွဲဝင်ရန် ၃ နာရီ ကြိုတင်နိုးကြားနေရသဖြင့် အအိပ်ပျက်မည်ဖြစ်သည်။ ယခု ၀၇၃၀ နာရီတွင် တိုက်ခိုက်ခြင်းဖြင့် အိပ့်ရေးဝဝ အိပ့်ကြရသဖြင့် လန်းဆန်းမှုရရှိမည် ဖြစ်သည်။

တတိယအကြောင်း
ရာသီဥတုကောင်းမွန်းပြီး မြူ ကင်းစင်မည်ဖြစ်သည်။ နံနက် ၇ နာရီမှ ၈ နာရီသည် မြူ ကွဲးစ အချိန်ဖြစ်သည်။ ပစ်မှတ်များကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်သည်။

စတုထ္ထအကြောင်း
အာရပ်တို့အတွက် သာမန်ပုံမှန်လုပ်ငန်းများအသွင် ဆောင်ရွက်နေချိန်ဖြစ်၍ ရုံးများ အလုပ်များသို့ သွားလာနေချိန်ဖြစ်သည်။


ထိုအကြောင်းများကြောင့် တိုက်ခိုက်ချိန်ကို ၀၇၃၀ နာရီကို ရွေးချယ်ရခြင်းဖြစ်သည်။ ဤလေကြောင်းတိုက်ပွဲတွင် အစ္စရေးတို့သည် ပြင်သစ်တို့ထံမှ ဝယ်ယူခဲ့သော မစ်စ်တီးရီးယား (Mystere) နှင့် မီရာ့ဂျ် (Mirage) တိုက်လေယာဉ်များကို အသုံးပြု ခဲ့သည်။ အစ္စရေးတိုက်လေယာဉ်များသည် အီဂျစ်တို့၏ ရေဒါမျာ ဖမ်းမိခြင်းမရှိအောင် အီဂျစ်၏အရှေ့ဘက်နှင့် မြှောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းအစား အနောက်ဘက်ဖြစ်သည် မြေထဲပင်လယ်ဘက်မှ အနိပ့်ဆုံးကပ်ပျံပြီး ရေဒါကို ရှောင်ကွင်းတိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်သည့် အခါတွင်လည်း ချက်ချင်းပေါက်ကွဲစေသည့် ဗုံးမျိုးကိုမသုံးပဲ လေထီအသုံးပြုဗုံးများ ဒုံးကျည်များကို အသုံးပြု တိုက်ခိုက်ခဲ့သည်။

ပေါင်ချိန် ၃၅၀ ရှိ စံချိန်မှီ ဗုံးများဖြစ်ပြီး တစ်လုံးပြီးတစ်လုံးပေါက်ကွဲသော အနှေးဗုံးများဖြင့် အာရပ်တို့၏ လေယာဉ်ပြေးလမ်းများပေါ်တွင် ပေါက်ကွဲစေသောနည်းကို အသုံးပြု တိုက်ခိုက်ရာ အောင်မြင်မှုများရှိခဲ့သည်။ လေယာဉ်ကွင်းရှိ လေယာဉ်များကို စက်သေနက်များဖြင့် ပစ်ခတ်ဖျတ်ဆီးခဲ့ပြန်သဖြင့် ကွင်းများရှိ လေယာဉ်များသည် အငိုက်ခံရပြီး ရုတ်တရက် ပျံတတ်ချိန်ပ်ငမရလိုက်ပေ။ ကောင်းစွာမပျက်စီးသေးသော လေယာဉ်များသည်လည်း လေယာဉ်ကွင်းပြေးလမ်းများပေါ်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသော ဗုံးများကြောင့် လေယာဉ်ပြေးလမ်းများ ပျက်ဆီးကာ ပျံတတ်နိုင်ခြင်း မရှိကြတော့ချေ။ အီဂျစ်တို့၏ အဓိကစခန်းများကို တိုက်ခိုက်ရာတွင် တိုက်လေယာဉ်များကို အောက်ပါအချိန်အတိုင်း သတ်မှတ်လေ့ကျင့်ထားပြီးဖြစ်သည် - - - -

- ပစ်မှတ်သို့ရောက်ရန် - - - - - ၂၂ မိနစ်ခွဲ

- ပစ်မှတ်အပေါ်ကြာမည့်အချိန် - - - - - ၇ မိနစ်ခွဲ

- မိမိစခန်းသို့ပျံသန်းချိန် - - - - - ၂၀ မိနစ်

- မြေပြင်၌လှည်လည်ရန်ကြာချိန် - - - - - ၇ မိနစ်ခွဲ

စုစုပေါင်း ၅၇ မိနစ်ခွဲ ကြာမည်။ ။သို့လေ့ကျင့်ထားရာ အီဂျစ်စခန်းများသို့ သွားရောက်တိုက်ခိုက်ချိန်တွင် မိမိဘက်ကို ကာကွယ်ရန် တိုက်လေယာဉ် ၁၂ စင်း သာချန်ထားခဲ့သည်။ ၈ စီးက ကောင်းကင်ယံတွင် ပျံဝဲစောင့်ရှောက်ပြီး ၄ စင်းက ပြေးလမ်းပေါ်တွင် အသင့်ရှိနေစေသည်။ ။သို့ဖြင့် တိုက်လေယာဉ် ၂၉၀ ခန့်ကို အုပ်စုငယ်များဖွဲ့ကာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကွင်းများမှ ပျံတတ်တိုက်ခိုက်စေခြင်းဖြစ်သည်။ ဆိုင်းနိုင်ဒေသရှိ အကြီးဆုံးလေတပ်စခန်းကိုမူ အစ္စရေးတို့က လေယာဉ်ပြေးလမ်းကို မဖျတ်ဆီးခဲ့ဘဲ လေယာဉ်များကိုသာ ဖျတ်ဆီးတိုက်ခိုက်ခဲ့သည်။ နောင်တွင်ထိုဒေသကို သိမ်းပိုက်ပြီး ရိက္ခာပို့ဆောင်ရေး / လူနာကောက်ရေး / အင်အားဖြည့်တင်းရးအတွက် အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။


တိက်ပွဲဖြစ်ပွားပြီး ထိုညနေပိုင်းတွင် အစ္စရေးလေတပ်ဦးစီးချုပ် ဗိုလ်ချုပ် မော်ဒီကိုင်ဟောဒ် (Morde Cai Hod)က အီဂျစ်လေယာဉ် ၂၀၀ ကို မြေပြင်တွင် ဖျတ်ဆီးနိုင်ခဲ့ပြီး လေထဲတွင် အစင်း၂၀ ပစ်ချနိုင်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ဆီးရီးယားတွင် ၂၅ စင်း / ဂျော်ဒန်တွင် အစင်း ၂၀ ဖျတ်ဆီးနိုင်ခဲ့ကြောင်း / အီရတ်တွင် အများအပြားဖျတ်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသို့ဖြင့် ပထမရက်မှာပင် အာရပ်လေယာဉ် ၄၀၀ ခန့် ဖျတ်ဆီးနိုင်ခဲ့သည်။ တိုက်ပွဲစဖြစ်သည့်အချိန်မှ မိနစ်ပေါင်း ၁၇၀ အတွင်း ဖျတ်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆိုင်နိုင်းမြေပြင်တိုက်ပွဲ

အီဂျစ်ဘက်မှ တပ်မ ၇ တပ်ဖြစ်ပြီး အစ္စရေးတို့ဘက်တွငိ တပ်မ ၃ တပ်သာပါရှိသည်။ ဗိုလ်ချုပ်ဘာလ် / ဗိုလ်ချုပ် ရိုဖီးနှင့် ဗိုလ်ချုပ်ရှရွန်းတို့က တပ်မတစ်တပ်စီကို အုပ်ချူ ပ်ရသည်။ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့နှင့် ဒုက္ခသည် ၄၀၀၀၀၀ ခန့် နေထိုင်သော ခန်ယွန်နစ် ( Khan Yonis ) ကို ညအချိန်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။ အစ္စရေးသံချပ်ကာ တပ်မတစ်တပ်တည်းသာ အနောက်ဘက်ကမ်းတစ်လျှောက် အယ်လ်အရစ် ( El Arish ) သို့ ချီတတ်ပြီး တပ်မတစ်တပ်သည် ဂါဇာ (Gaza ) တစ်လျှောက်တွင် တိုက်ပွဲဝင်လျှက်ရှိသည်။


ဂျော်ဒန်စစ်မျက်နှာ  

ဇွန်လ ၅ ရက်နေ့တွင် အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် ဂျော်ဒန်နိုင်ငံ အာမန် (Amman ) မာဖရက် (Mafraq) လေတပ်စခန်းများကို ရုတ်တရက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲလေသည်။ ထိုနေ့နံနက်ပိုင်းမှာပင် ကုလသမဂ္ဂအကဲကြည့်အဖွဲ့မှ ဦးစီးချူ ပ် အိုးဘူလ် (Old Bull) ၏ ဌာနချူ ပ်ပြု လုပ်ထားသော ဂျေရုဆလင်ရှိ အဆောက်အအုံတစ်ခုလုံးကို အစ္စရေးတို့ဘသိမ်းပိုက်ရခဲ့သည်။ သို့သော် ဗိုလ်ချူ ပ်ကြီး ဘူးလ်နှင့် အဖွဲ့ဝင်အားလုံး ထိခိုက်မှုမရှိကြပေ။

ဂျော်ဒန်နယ်စပ်တစ်လျှောက်တွင် ဂျောရုဆလင်ကိုဂျော်ဒန်တို့ဘက်မှ တစ်နေကုန်စိန်ပြောင်းများဖြင့် ပစ်ခတ်ကြလေသည်။ အရပ်သားများ အသေအပျောက်ရှိလေသည်။ အယ်ဂျီးရီးယား / ကူဝိတ် / ဆူဒန်နှင့် ယီမင်နိုင်ငံတို့က အစ္စရေးကို စစ်ကြေငြာခဲ့သည်။ အယ်ဂျီးရီးယား / လစ်ဗျား / ဆီးရီးယားနှင့် တူနီးရှားတို့တွင်လည်း အမေရိကန်နှင့် အင်္ဂလိပ်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုနေ့မှာပင် အမေရိန်နှင့် အင်္ဂလန်တို့သည် အရှေအလယ်ပိုင်း စစ်ပြီးဆုံးရေးအတွက် ငြိမ်းချမ်းရေး အစီအစဉ်များကို တစ်ပြိုင်တည်း ကြေငြာလေသည်။ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အစည်းအဝေးကိုလည်း ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ယူခဲ့သည်။

ဇွန် ၆ ရက်နေ့တွင် အစ္စရေးသံချပ်ကာတပ်များသည် ဆိုင်နိုင်းကျွန်းဆွယ်ကို နက်နက်နဲနဲ ထိုးဖောက်တိုက်ခိုက်ခဲ့သည်။ မြှောက်ပိုင်းဆိုင်နိုင်းဒေသတွင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် တိုက်ခိုက်သိမ်းပိုက်ပြီး အယ်လ်အရစ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ရိုမေနှီ (Romini ) ဒေသတွင် အီဂျစ်တို့က ပြင်ူပြင်းထန်ထန်တိုက်ခိုက်မှု ပြုခဲ့သော်လည်း အစ္စရေးတို့က သိမ်းပိုက်နိုင်ခဲ့သည်။ အခြာတပ်ဖွဲ့တစ်ဖွဲ့သည်လည်ူ အဘူအဂျေလာ (Abu Agheila ) မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဆိုင်နိုင်းအရှေဘက်ရှိ အီဂျစ်တို့၏ အင်အားကြီးမားစွာဖြင့် သိမ်ပိုက်ထားသော ဒေသသည်လည်း အန္တရာယ်ရှိလာလေသည်။ နီဂျော့ဗ် (Negev) ဒေသမှ ဖြန့်ခွဲချီတတ်လာသော အစ္စရေးတပ်များသည် ကိုဆေမာ (Kostroma) နှင့် အယ်လ်ကွန်တီလာ (El Kumtilla) တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အစ္စရေးလေတပ်သည် ဝေဟင်တစ်ခုလုံးကို စိုးမိုးနိုင်ခဲ့ပြီး မြေပြင်ပစ်မှတ်များကို အထောက်အကူပြုကာ ထိထိရောက်ရောက် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ မည်သို့ဆိုစေ ၎င်းနေ့ညနေပိုင်းတွင် ပြင်ပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင်တစ်ခုလုံးကို အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။ ဂါဇာကမမးမြောင်ဒေသ အကြီးကဲဖြစ်သူ အီဂျစ်ဗိုလ်ချူ ပ်ကြီး အဗ္ဗဒူမိုနမ်ဟူစိန်နီ (Abdul Monam Husseini ) သည် လက်နက်ချခဲ့သည်။ ဂါဇာဒေသရှိ ကုလသမဂ္ဂအကဲကြည့်အဖွဲ့ရုံးသည်လည်း အစ္စရေးတို့၏ တိုက်ခိုက်ခံရသဖြင့် အကဲကြည့်အဖွဲ့ဝင် ၁၄ ယောက်ကျဆုံးပြီး ၂၅ ဦးဒဏ်ရာရှိခဲ့သည်။


ဂျော်ဒန်စစ်မျက်နှာ

ဂျော်ဒန်စစ်မျက်နှာတွင် အပြင်းအထန်တိုက်ခိုက်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ချေ ။ အစ္စရေးတပ်များသည် ဂျေရုဆလင်မြို့ဟောင်းနှင့် စကိုပပ်စ် (Scopus) မြို့တော်ကို ဝိုင်းထားနိုင်ခဲ့ပြီး မြို့ဟောင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဂျေနင် (Jenin ) နှင့် ကွေကွလ်ယား (Qalqilya ) မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ တဲအဗိဗ်မြို့နှင့် ဂျေရုဆင်ကြားရှိ အပေါ်စီးမှ ရရှိနိုင်သော ဟေဘရွန် ( Hebron ) ဘက်သယ်လ်ဟမ် (Bethlehem ) တို့ကိုလည်း မတိုက်ခိုက်ရဘဲ အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။


ဆီးရီးယားစစ်မျက်နှာ

ဆီးရီယားတို့သည် တောင်ကုန်းများပေါ်တွင် ကျင်းများတူးပြီး အစ္စရေးတို့ရန်မှ ကာကွယ်တိုက်ခိုက်ကြသည်။ အစ္စရေးဘက်မှ အမြောက်များ /လေယာဉ်များကလည်း ပြင်ထန်စွာ ပစ်ခတ်ဗုံးကျဲ ခဲလေသည်။ နှစ်ဖက်တပ်များ လှုပ်ရှားတိုက်ခိုက်မှုမျိုး မရှိကြသော်လည်း တစ်နေ့ကုန် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်နေကြလေသည်။ ထိုနေ့ နံနက်တွင် ကိုင်ရိုရေဒီယိုမှ ဤစစ်ပွဲတွင် အမေရိကန်နှင့် အင်္ဂလိမ်တို့က အစ္စရေးဘက်မှ လေကြောင်းအကူအညီများပေးနေကြောင်း စွပ်စွဲကြေညာခဲ့လေသည်။ သိုရာတွင် ထိုနေ့ထိုရက်တွင် အမေရိကန်အမှတ် (၆) ရေတပ်သည် မိုင် ၄၀၀ အကွာတွင် လည်ကောင်း / အင်္ဂလိပ်လေယာဉ်တင် သင်္ဘော ၂ စီးသည် မိုင် ၁၀၀၀ အကွာတွင် ရှိနေခဲ့သည်။


ဇွန်လ_၇_ရက်

အစ္စရေးတပ်များသည် ဆိုင်နိုင်းသဲဂန္တာရကြီးကို လျင်မြန်စွာဖြတ်၍ လေကြောင်းတိုက်ခိုက်မှု အကူအညီဖြင့် အီဂျစ်သံချပ်ကာတပ်များကို ချေမှုန်းခဲ့လေသည်။ အီဂျစ်တပ်များ အကွဲကွဲအပြားပြား ဖြစ်ခဲ့ကြသည်။ အီဂျစ်သံချပ်ကာတပ်မှာလည်း သုံးမရသော အခြေအနေသို့ ရောက်ရှိခဲ့လေသည်။ အစ္စရေးတပ်များသည် နေ့ညမရပ်မနားပဲ ၁၈ နာရီမျှ ချီတတ်ခဲ့ပြီး ဘီယာဂျီဂဖာ ( Bir Gifgafa ) အပြင်းချီတတ်သိမ်ူပိုက်ခဲ့သည်။ ဘီယာဂျီဂဖာသည် အီဂျစ်တို့၏ အဓိကဌာနချူ ပ်ဖြစ်ပြီး ၎င်းကိုသိမ်းပိုက်လိုက်ခြင်းဖြင့် မြောက်ပိုင်းမှချီတတ်လာသော တပ်များနှင့် ချိတ်ဆက်မိသွားပြီးဖြစ်သည်။ ထိုမှတစ်ဆင့် စူအက်တူးမြောင်းရှိ အစ္စမေလီးယား (Ismaillia ) မြို့ကို ဆက်၍သိမ်းပိုက်နိုင်မည်ဖြစ်သည်။ ၃၆ နာရီကြာမရပ်မနား ချီတတ်တိုက်ခိုက်ခဲ့ကြပြီး ညနေပိုင်းတွင် စူးအက်တးူမြောင်းပေါ်ရှိ အစ္စမေလီးယာ ကန်ထရာ ( Qantara ) / တူဂျစ် (Tewjih ) ဆိပ့်ကမ်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ အီဂျစ်သံချပ်ကာတပ်သည်လည်း အစ္စရေးတို့၏ ဖြတ်ပိုင်းတိုက်ခိုက်ခြင်းကို ခံရသည်။ အယ်လ်ကွန်တီလာ ( El Kuntille ) မှ တောင်ဘက်သို့ ချီတတ်လာသော အစ္စရေးတပ်များသည် တစ်ချက်မှ မပစ်ခတ်ရဘဲ အက္ကဘာပင်လယ်ကွေ့အဝဖြစ်သော ရှမ်အဲလ်ရှိတ် (Sharm El Sheikh) မြို့ကို ထိုနေ့နက်ပိုင်းကပင် သိမ်းပိုက်ရှိခဲ့သည်။

အီဂျစ်တို့သည် အစ္စရေးတို့၏ တိုက်ခိုက်ခြင်းကို ခုခံကာကွယ်နိုင်ခြင်း မရှိတော့ချေ ။ အစ္စရေးတို့သည် စူအပ်တူးမြောင်း၏ အရှေ့ကမ်းတစ်လျောက်ကို သိမ်းပိုက်ရှိခဲ့သည်။ ဂျော်ဒန်စစ်မျက်နှာတွင်လည်း အစ္စရေးတို့သည် ဂျေရုဆလင်မြို့ဟောင်းကို အပျက်အဆီးမရှိပဲ အပြည့်အဝ အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ခရစ်ယာန်တို့၏ ဘုရားကျောင်း (Holy Sepulcher ) နှင့် မူဆလင်တို့၏ အိုမာဝတ်ကျောင်း ( Mosque Of Omar ) တို့ကိုလည်း အပျက်အဆီးမရှိပဲ သိမ်းပိုက်နိုင်ခဲ့သည်။ အိုမာဝက်ကျောင်းသည် မက္ကာ (Mecca) နှင့် မဒီနာ (Medina) တို့ပြီးလျှင် တတိယမြောက် အကြီးဆုံးဖြစ်သည်။ ၁၂ ရာစုတည်း က တည်ဆောက်ခဲ့သော စိန့်အဲန်ခရူးဆိတ်ဘုရားကျောင်မှာ အစ္စရေးတို့၏ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။ နက်ဘလပ်စ်( Nabkus) တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ဂျော်ဒန်တို့သည် အကွဲကွဲအပြားပြားဖြစ်ပြီး အခြေနေမလှခဲ့ပေ။


အစ္စရေးတို့က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းခြေတစ်လျောက် သိမ်းယူထားပြီးဖြစ်လေသည်။ အစ္စရေးတို့၏ ပြင်းပြင်ထန်ထန်တိုက်ခိုက်မှုကြောင့် ပျက်ဆီးခြင်းမလှ ပျက်ဆီးခဲ့ရသည်။ ညနေပိုင်း တဲလ်အဗိဗ်မြို့၌ ဗိုလ်ချူ ပ်ကြီး ရာဘင်က အီဂျစ်တို့နှင့်တိုက်သည့်စစ်မှာ အလုံးစုံအောင်မြင်ပြီး ဖြစ်ကြောင်း တရာဝင်ထုပ်ပြန်ကြေငြာခဲ့သည်။ ဗိုလ်ချူ ပ်ဟော့ဒ်ကလည်း အာရပ်လေယာ် ၄၄၁ စင်းကို ဖျတ်ဆီးနိုင်ခဲကြောင်း အာရပ်နိုင်ငံ ၃ နိုင်ငံမှ လေတပ်စခန်း ၂၅ ခုကိုလည်း ဖျတ်ဆီးနိုင်ခဲ့ကြောင်း အံဖွယ်ာင်းသော အိမ်မတ်ပင်ဖြစ်ကြောင်း ကြေငြာခဲ့လေသည်။ ထိုနေ့ည ၂၀၀၀ နာရီ အာရပ်ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီတွငိ ကုလသမဂ္ဂ၏ ကြားဝင်ဖြန်ဖြေမှုကြောင့် အစ္စရေးနှင့်ဂျော်ဒန် အပစ်ရပ်စဲခဲ့လေသည်။

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ ( Six Day War ) ပထမပိုင်း
Thura Oo