ကိုယ်ခန္ဓာ အကောင်ရုပ်က၊
ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ပြွန်နဒီမှာ၊
ရွံစလီပါပဲ။
ဤကာယ ရုပ်အရှင်ကို၊
အဟုတ်ပင် မှတ်ကြမစဲ။
သုသာန်နှင့် တစပြင်မှာ၊
သူသေသွင် မလွဲ။
ချွေး မျက်ရည် နှပ်ချွဲက၊
ပြတ်မစဲ စီးယို။
အိုင်းအနာ နူအရွဲငယ်နှင့်၊
တူတူပဲ မှတ်ကြ ကိုယ့်ကိုယ်။
များတစု လူဗိုလ်မှာ၊
အဟုတ်လို ထင်စွဲလို့၊
စက်ဝဲ သံသရာ၊
မွန်းနစ်ကြရှာ…။
ကမ်းတဖက် ခေမာကို၊
အသေချာ ရောက်နိုင်ပါဘူးကွဲ့လေး။
လယ်တီဆရာတော်