Tuesday, December 31, 2013

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပအတွက် လျှိုဝှက်ချက်


ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။


၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေ မှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ် ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။


၂။ ဆံပင်သားအတွက်
ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်း ငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။


၃။ ကိုယ်ခန္ဓာ အတွက်
ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ် စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။


၄။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည် တည်   ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါ တာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့ အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့်   ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါ တယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။


ပြုလုပ်နည်း
ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။


အိဖြူ (ဆေးဝါးတက္ကသိုလ်)

#Labourhittai #rice #cooker