Friday, December 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် ဒီဇင်ဘာလ ၁၈

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGOs) များမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


Thursday, November 21, 2019

ဖူခက်မြို့ရှိ ဆောက်လုပ်ဆဲဓာတ်ဆီဆိုင်ပြိုကျ မှု နောက်ဆက်တွဲသတင်း




ယနေ့ (၂၁.၁၁.၂၀၁၉) နေ့လယ်အချိန်၌ ထိုင်းနိုင်ငံ ဖူခက်ခရိုင် ထလန်နယ်မြေ စီစူထွန်ရပ်ကွက် အုပ်စု(၁)တွင် ဆောက်လုပ်ဆဲ ဓာတ်ဆီဆိုင်ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထိုင်းအလုပ်သမား Mr.Chatuchawit Phatasinghaနှင့်မြန်မာအလုပ်သမားမမျိုးမျိုးရီတို့နှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ ထလန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Monday, November 18, 2019

နခွန်ပထုန်ခရိုင်ရှိ အလုပ်ရုံများကို တာဝန်ရှိသူများရှောင်တခင်ဝင်ရောက်စစ်ဆေး


ဘန်ကောက်မြို့အနီး နခွန်ပထုန်ခရိုင် နခွန်ချိုင်စလီနယ်မြေရှိ အလုပ်ရုံ (၃)ခုအားဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအထူးအဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်ခန့်၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

ရှေးဦးစွာ အထူးစစ်ဆေးရေအဖွဲ့သည် နခွန်ချိုင်စလီနယ်မြေ ခူကဲဝိုရပ်ကွက် အုပ်စု(၂)ရှိ ဇာထည် လုပ်ငန်းဖြစ်သည့် (Mastex Co.,Ltd )ကို ဝင်ရောက်စစ်ဆေးရာတွင်အလုပ်သမားဦးရေး(၅၅၇)ဦးတို့ကို စစ်ဆေးခဲ့ရာ ထိုင်းအလုပ်သမား ၃၅၃ဦး(ကျား၁၁၀၊မ၂၄၃)၊ကမ္ဘောဒီးယားအလုပ်သမား ၁၁၉ဦး(ကျား၅၂၊မ ၆၇)၊ မြန်မာအလုပ်သမား ၈၅ဦး(ကျား ၄၁၊ မ၄၄) တို့အား လည်းကောင်း၊

Friday, November 15, 2019

ထိုင်းနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေနေ စိုးရိမ်းစရာမရှိကြောင်း အစိုးရတာဝန်ရှိသူများက ရှင်းလင်းပြောကြား


ထိုင်းနိုင်ငံ ၂၀၁၉ခုနှစ်အတွင်း ပိတ်သိမ်းလိုက်သည့် စက်ရုံအလုပ်ရုံထက် အသစ်ဖွင့်လှစ်သည့် စက်ရုံအလုပ်ရုံ ၁၀၇%ခန့်မြင့်တက်လာ


ထိုင်းနိုင်ငံ၏ စက်မှုဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒေါက်တာKrichanon Aiipanya မှ
လက်ရှိစက်ရုံအလုပ်ရုံးများပိတ်သိမ်းခြင်း အလုပ်ခန့်အပ်ထားခြင်းနှင့်ပတ်သတ်၍ သတင်းဌာနများနှင့်
ယမန်နေ့(၁၄.၁၁.၂၀၁၉)၌ တွေ့ဆုံပြောကြားရာတွင် စက်မှုဝန်ကြီးဌာန၏အချက်အလက်များအရ
၂၀၁၉ ဇန်နဝါရီ (၁)ရက်နေ့မှ နိုဝင်ဘာ(၁၉)ရက်အထိ ပိတ်သိမ်းရန်လျှောက်လွှာတင်ထားသည့်
စက်ရုံပေါင်း (၁၃၉၁) ခု ရှိပြီး စက်ရုံအသစ်ဖွင့်ရန် လျှောက်လွှာတင်သည့် စက်ရုံ စုစုပေါင်း (၂၈၈၉) ခု
ရှိရာ ယင်းအခြေနေကိုနှိုင်းယှဉ်ပါက ပိတ်သိမ်းမည့်စက်ရုံထက်အသစ်ဖွင့်မည့် စက်ရုံပေါင်း (၁၀၇%)
မြင့်တက်လာကြောင်း Thai PBS ၏ ဖော်ပြချက် အရသိရသည်။

Thursday, November 14, 2019

လူဝင်မှူကြီးကြပ်ရေးဌာနမှ နေရပ်ပြန်ပို့မည့် မြန်မာအလုပ်သမားတင်ဆောင်လာသည့်ကား ယာဉ်တိမ်းမှောက်သဖြင့် ၄ ဦးဒဏ်ယာရရှိ




၁၄.၁၁.၂၀၉ အလုပ်သမားဟစ်တိုင် တာ့ခ်

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်နယ်မြေ ဒန်မဲ့လမောင်ရပ်ကွက် Bang Moso နှင့် ဘန်းဖဝုန်ကြားမိုင်တိုင် ၄၇ မီတာ တွင်  ယနေ့ (၁၄.၁၁.၂၀၁၉)တွင်လူဝင်မှုကြီးကြပ်ရေးဌာနစတေကာဖြင့် ယာဉ်အမှတ် 14-7936 ဘန်ကောက်အဖြူရောင်ဗင်ကားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ကြောင်းကို ဖဝုန်ရဲစခန်းမှ သတင်းရရှိသဖြင့် တာဝန်ရှိသူများနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကားများ သွားရောက်ခဲ့ကြောင်းသိရသည်။

Monday, November 11, 2019

ရနောင်းကျိန်စာမိခဲ့သူ လူငယ်တစ်ဦး၏ ရေခြားမြေခြားမှ အကျဉ်းစံနေ့စွဲများ



ရနောင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့တွင် ဆံသပညာ သင်ယူနေသည့် ကိုကျော်စိုးဝင်းအား တွေ့ရစဉ်


ထိုင်းနိုင်ငံ ရနောင်းမြို့သည် မြန်မာနိုင်ငံသား အများအပြား လာရောက် အလုပ်လုပ်ကိုင်ရာ နေရာတစ်ခုဖြစ်သည်။ မျိုးရိုးတစ်ဆက်စာ မျှ နေထိုင်ခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံဘက်မှ လာရောက်သူများ ရှိသကဲ့သို့ ဆယ်စုနှစ်တစ်ခုခန့် သို့မဟုတ် နှစ်အပိုင်းအခြား တစ်ခုခန့် နေထိုင်ပြီးဖြစ်သည့် မြန်မာနိုင်ငံသား များစွာကို တွေ့မြင်နိုင်သည့် မြို့တစ်မြို့လည်းဖြစ်သည်။ အဆိုပါ ထိုင်းမြို့လေးရှိ  မြန်မာနိုင်ငံသားများအတွက် ဝင်ငွေအတော်အသင့် ရနိုင်သည့် အလုပ်များစွာကလည်း ရှိနေပြန်သည်။ မြန်မာနိုင်ငံသားအချို့က စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြ သည်။ အချို့ကတော့ အလုပ်ရုံများတွင် လုပ်ကိုင်ကြပြီး မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသည်အထိ လုပ်ကိုင်ကြသူများအထိ တွေ့မြင်နိုင်သည်။ အချို့ကတော့ ငါးဖမ်းလှေများဖြင့် တံငါအလုပ်ကို ပင်လယ်ထဲထွက်၍ လုပ်ကိုင်ကြ၏။


Sunday, November 10, 2019

တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းက ဖမ်းပြီးပြန်ပို့



ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး ရနောင်း-ကော့သောင်း နယ်စပ်ကနေ ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ ဒီထဲမှာ မလေးရှားကို သွားကြမယ့် လူကုန်ကူးခံရသူတွေလည်း ပါဝင်တယ်လို့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာရဲ့ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

Saturday, November 09, 2019

ကော့သောင်းနယ်စပ်ဂိတ်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်လက်ခံ



ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၉၅ ဦး ၊ အမျိုးသမီး ၁၃ဦးနှင့်ကလေးငယ် ၂ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၁၀ ဦး ကို ယမန်နေ့ ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်း မြို့နယ်တာဝန်ရှိအဖွဲ့အစည်းများကပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။

နခုံပထုန်ရှိနာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပိတ်သိမ်းရန်ကြေငြာချက်ထုတ်ပြန်


ထိုင်းနိုင်ငံ နခုံပထုန်ခရိုင် မီ(င်)နယ်မြေ ထနွန်ခတ်ရပ်ကွက် အုပ်စု(၃)အမှတ်(၉၆) Nitpointကုမ္ပဏီလီမိတက့်အမည်ရှိ နိုင်ငံခြားပို့ကုန် နာမည်ကြီးတံဆိပ်အဝတ်အထည်ထုတ်လုပ်သည့်စက်ရုံပတ်သိမ်းရန်(၈.၁၁.၂၀၁၉)နေ့ကကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ကြောင်းသိရသည်

၎င်းကြေငြာချက်ထုတ်ပြန်ခြင်းကြောင်း အလုပ်သမား (၂၃၀)ဦးသည် မိမိတို့ရရှိမည့် လုပ်အားခ ၂လကျော်ခန့် ၄ ဝိစာနှင့်မိမိတို့ရသင့်ရတိုက်သည့်အခွင့်အရေးများနှင့်တရားမျှတမှုရရှိရန် နခုံပထုန်ခရိုင် မြို့တော်ခန်းမတွင် ၎င်းကုမ္ပဏီလုပ်သမားများသွားရောက်တောင်းဆိုခဲ့ကြောင်းသိရသည်

Wednesday, November 06, 2019

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်



လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် အချိန်ကတည်းကစပြီး မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလတလျှောက်လုံး ပြည်တွင်းစစ်ဖြစ်ပွားခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရမှု၊ ဘာသာရေး ဖိနှိပ်ခံရမှု၊ အလုပ်အကိုင် ရှားပါးမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ရေကြည်ရာ မြက်နုရာဆိုသလို နိုင်ငံခြားတိုင်းပြည်များသို့ ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သွားရောက် လုပ်ကိုင် စားသောက်လျက်ရှိပါသည်။

နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင် စားသောက်နေကြသည်ဟု ဆိုသော်လည်း၊ အများစုမှာ အိမ်နီးချင်း ထိုင်းနိင်ငံတွင် ဒေသခံ ထိုင်းနိုင်ငံသားများ မလုပ်သည့် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များသော၊ ညစ်ပတ်ပေရည်ပေသော လုပ်ငန်များနှင့် အိမ်အကူ (အိမ်ဖော်) လုပ်ငန်းများကို အဓိကအားဖြင့် လာရောက် လုပ်ကိုင် စားသောက်ကြပါသည်။
ထိုင်း-မြန်မာအစိုးရများ၏ အတည်ပြုချက်အရ တရားဝင် မြန်မာအလုပ်သမား ၂.၂ သန်းခန့် အလုပ်လုပ်ကိုင်နေသည်ဟု သိရပါသည်။

Monday, November 04, 2019

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် မင်္ဂလာအခမ်းအနားကျင်းပ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကဒီမြို့နယ် ဘန်ကဒီရပ်ကွက် ရှိ စုထမ်ဝတီ(ဘန်ကဒီ)ထိုင်းဘုန်း တော်ကြီးကျောင်း၌ မန်မီ(၂၅၅၇) ကုမ္ပဏီလီမီတက်နှင့် မြန်မာ အလုပ်သမားများစုပေါင်း၍ မြန်မာ နှင့် ထိုင်းသံဃာတော်များအား ၁၃၈၁ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ရက် ယနေ့ဒေသစံတော်ချိန် နံနက် ၉နာရီခွဲက မဟာဘုံကထိန် မင်္လာအခမ်းအနားကို ကျင်းပခဲ့ ကြောင်း သိရသည်။


Sunday, November 03, 2019

စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ


Mangmee (2014) Co.,Ltd မိသားစုနှင့်မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် 
အလှူတော်မင်္ဂလာပွဲ

Mangmee (2014) Co.,Ltd မိသားစုမှ မတည်၍ ထိုင်းရောက်မြန်မာအလုပ်သမားများ
စုပေါင်းပြီး အလှူဒါနပြုလုပ်နေတဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ
အခမ်းအနားမြင်ကွင်းများကို ကြည်ညိုသဒ္ဒါပွားများနိုင်စေရန် တင်ဆက်ပေးခဲ့ပါတယ်။



Mangmee (2014) Co.,Ltd မိသားစုနှင့်မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ





Sunday, October 27, 2019

ပြည်တန်ဆာအဖြစ်ခိုင်စေခံရသည့် ့မြန်မာနှင့်လာအိုသားများအဖမ်းခံရ




ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် နခွန်ချိုင်စလီနယ်မြေ ဘန်ကရဘောင်ရပ်ကွက်၌ ကာရာအိုကေ, ရိုးရာအနှိပ်ခန်းဟု ဗန်ပြဖွင့်လှစ်ထားသည့် ထိဖာဝမ်(Thippawan Shop)အမည်ရှိ ဆိုင်အား ပြည်တန်ဆာလုပ်ငန်းအပါအဝင် တရားမဝင်လူကုန်ကူးမှုပြုလုပ် နေကြောင်းသတင်းရရှိချက်အရ ထိုင်းတာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ လာအိုနှင့်မြန်မာအမျိုးသမီးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။


Wednesday, June 26, 2019

သက်တမ်း ကုန်ဆုံးတော့မည့် CI စာအုပ်များနှင့် PJ စာအုပ်များကိစ္စ




၁။ ထိုင်းနိုင်ငံ၏ ပြောင်းလဲလာသော မူဝါဒ (Policy) အရများမကြာမီရက်များကထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွင်း ဂယက်ရိုက်ခဲ့သော လာမည့် မတ်လအတွင်းMOU စနစ်ဖြင့် မဖြစ်မနေ ဆောက်ရွက်ရမည် ဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအကြား အခက်အခက်များ
ကြုံတွေ့ခဲ့ရကြောင်းသိရှိရပါသည်။

၂။ သို့ဖြစ်သည့်အတွက် ထိုင်းနိုင်ငံ၏ မူဝါဒအပြောင်းအလဲတွင်မန်မာနိုင်ငံသားများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ပထမအကြိမ်အဖြစ် ဖူးကက်မြို့တွင် ကျင်းပခဲ့သော နှစ်နိုင်ငံအစည်းအဝေးတွင်(MOU )ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုး ဆောင်ရွက်ခွင့်ရရှိအောင် ညှိနှိုင်းထားရှိပေးခဲ့ပါသည်။ ယင်းအချက်အလက်များကိုလည်း သတင်းထုတ်ပြန် ပေးခဲ့ပြီးဖြစ်ပါသည်။


Sunday, June 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့်(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
သို့ တက်ရောက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၅ နာရီတွင်
ဘန်ကောက်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ပြီး သံရုံးဝန်ထမ်းများ၊ စစ်သံရုံးဝန်
ထမ်းများနှင့် မိသားစုဝင်တို့ဖြင့်တွေ့ဆုံခဲ့ပါသည်။


Friday, June 21, 2019

တရားမဝင်မြန်မာနိုင်ငံသား၄၀ဦးနှင့် ထိုင်းယာဉ်မောင်း၂ဦးအဖမ်းခံရ







ထိုင်းနိုင်ငံ စူရတ်ဌာနရီခရိုင် ဘန်းနာစံနယ်မြေ နမ်ဖုရပ်ကွက် အုပ်စု(၁)ရှိထားချီစစ်ဆေရေးဂိတ်မှ တာဝန်ရှိသူများသည် ဗင်ကား(၂)စီးအား မောင်းနှင်းလာသည့် ထိုင်းနိုင်ငံသား၂နှစ်ဦးနှင့် တရားမဝင်မြန်မာနိုင်ငံသား(၄၀)ဦးတို့ကို ယနေ့၌ ဖမ်းဆီးရမိကြောင်းသိရသည်။


သုံးလတာ လုပ်အားခမရသည့် မြန်မာအလုပ်သမားများ သံအရာရှိရုံးသို့သွားရောက်အကူညီတောင်းခံ


ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်ရှိ V & K နာနတ်သီးစက်ရုံ၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် (၃)လတာ လုပ်အားခလစာမရရှိသဖြင့် ဘန်ကောက်မြို့ရှိ မြန်မာ
အလုပ်သမားသံအရာရှိရုံးသို့သွားရောက် အကူညီတောင်းခံကြောင်းသတင်းရရှိသည်။

အချိန်နဲ့တပြေညီ အလုပ်သမားသံအရာရှိရုံးအနေဖြင့် ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊
ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့နှင့်ချိတ်ဆက်၍ လက်တလောဖြေရှင်းမှုများကို ဆောင်ရွက်
ထားရှိကြောင်းသိရသည်။

Thursday, June 20, 2019

နေရပ်ပြန်ရန် အခက်ခဲဖြစ်နေသည့် ရေလုပ်သားနှစ်ဦး အလုပ်သမားသံအရာရှိရုံးထံ အကူညီတောင်းခံ



ထိုင်းနိုင်ငံ ကျန်ထဘူရီခရိုင်ရှိ ငါးဖမ်းလှေပေါ်၌ ရေလုပ်သားအဖြစ် ၀င်ရောက်အလုပ်လုပ်
ကိုင်နေကြသည့် မွန်ပြည်နယ် လမိုင်မြို့နယ် ကော့ဒွန်ကျေးရွာနေ ကိုဝင်းဘို(၃၀)နှစ် ၊
ကိုထွန်မင်း(၁၈)နှစ်တို့ နှစ်ဦးသည် နေရပ်ပြန်ရန် အခက်ခဲရှိနေသဖြင့်  အလုပ်သမားသံ
အရာရှိရုံးထံ ဆက်သွယ်အကူညီတောင်းခံလာသဖြင့် သွားရောက်ကူညီခဲ့ရကြောင်း အလုပ်
သမားသံအရာရှိရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ကော့ဒွန်ကျေးရွာနှင့်ရွာနီးစပ်ချုပ်နေ ပွဲစားဖြစ်သူတစ်ဦးက လှေပေါ်၌ အလုပ်
လုပ်ပါက လစာငွေတစ်လလျှင်မြန်မာကျပ်ငွေ ငါးသိန်းခန့်ရမည်ဖြစ်ကြောင်းပြောဆိုရာ
ယင်းတို့နှစ်ဦးက ယုံကြည်စိတ်ချစွာဖြင့် အလည်ဗီဇာပြုလုပ်၍ ထိုင်းနိုင်ငံသို့လိုက်ပါခဲ့ခြင်း
ဖြစ်ကြောင်းနှင့် လှေပေါ်တွင် ငါးလနီးပါး အလုပ်လုပ်ကိုင်ခဲ့ရသော်လည်း လစာငွေနှစ်လစာ
သာရခဲ့ကြောင်း အလုပ်သမားဖြစ်သူကိုဝင်းဘို(၃၀)နှစ်က ပြောသည်။


Tuesday, June 11, 2019

အထောကျထားမဲ့ ကမ်ဘောဒီးယားအလုပျသမား(၅)ဦးအဖမျးခံရ






Monday, June 10, 2019

မလေးရှားနိုင်ငံသွားမည် မြန်မာနိုင်ငံသား(၃၈)ဦး သုံးရက်ခန့် အခန်းပိတ်လှောင်းခံထားရ


မလေးရှားနိုင်ငံသွားမည် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ထူးလု(င်)ရပ်ကွက်မှတဆင့် ထိုင်းနိုင်ငံမလေးရှားနယ်စပ်မြို့ဖြစ်သည့် ပါတနီခရိုင်သို့ လူကုန်ကူး သူများက လိုင်စင်အမှတ်(10-4999) ဗင်ကားတစ်စီးဖြင့် အကြိုပို့ပြုလုပ်နေသည့်ကြောင်း ထိုင်း လူကုန်တားရဲတပ်ဖွဲ့မှ သတင်းရရှိသဖြင့် ၎င်းယာဉ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အလားတူပြစ်မှုကျူး လွန်သည့် လိုင်စင်အမှတ်(10-1303)ဗင်ကားမောင်းနှင်သူပါ ထပ်မံဖမ်းစီးရမိကြောင်း (၁၀.၆. ၂၀၁၉)ရက်စွဲ့ဖြင့် ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် မာတီချွန်မှ ဖော်ပြချက်အရသိရသည်။



Monday, June 03, 2019





Sunday, June 02, 2019

ထိုင်းနိုင်ငံ ကဘီၤမြို့ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲစည်းကားသိုက်မြိုက်စွာ ကျင်းပ




ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့ စိုင်ထိုင်းရပ်ကွက်ချောင်းစမ်ကဲ့ယော့ တောရကျောင်းဝန်းအတွင်း၌ မြန်မာအလုပ်သမားများစုပေါင်း၍ တည်ထားပူဇော်သည့် ဉာဏ်တော် အတောင်(၃၀)နှင့် (၁)မိုက်ရှိ ဆန္ဒပြည့်ဝအဘယလာဘမုနိစေတီတော်မြတ်ကြီးအား ယနေ့(၂.၆.၂၀၁၉)ရက်နေ့၌ ထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနားကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ထီးတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားသို့ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး၊ဦးကျော်စိုးဝေနှင့် အခြားဖိတ်ကြားထားသည့် ဌာနဆိုင်ရာဧည့်သည်တော်များ လူမှုအဖွဲ့စည်းများနှင့် မြန်မာအလုပ်သမားများတတ်ရောက်ကြသည်။

Saturday, May 18, 2019

မြန်မာအလုပ်သမားသုံးဦးကို သေနတ်တစ်လက်နဲ့အတူဖမ်းဆီးရမိ




ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့နယ် ခလွန်စမ်လမ်းအတွင်းရှိ လူနေတန်းလျာတစ်ခု၌ မူးယစ်ဆေးဝါးသုံးနေသည့်  မြန်မာအလုပ်သမား(၃)ဦးကို လက်နက်များနဲ့အတူ ယမန်နေ့(၁၇.၅.၂၀၁၉)၌ ဖမ်းဆီးရမိကြောင်းထိုင်းရုပ်သံသတင်းဌာနဖြစ်သည့် နံပါတ်(၈)၏ဖော်ပြချက်ရသိရသည်။


ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများသည် အုပ်စုဖွဲ့မူးယစ်ဆေးဝါးသုံးစွဲပြီး ဆူညံနေသဖြင့် အနီးပတ်ဝန်း
ကျင်၌ နေသူများက မဆူညံရန်သွားရောက်ပြောဆိုရာတွင် သေနတ်ဖြစ်ပြန်လည်ခြိမ်းခြောက်သဖြင့်
သက်ဆိုင်ရာသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်းသိရသည်။


Friday, May 17, 2019

ကုန်းတံတားပေါ် ဆိုင်ကယ်မောင်းနှင်လာသည့် မြန်မာနိုင်ငံသားနှစ်ဦး တံတားပေါ်မှပြုတ်ကျ



ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မီ(င်)နယ်မြေ နာခီရပ်ကွက် အုပ်စု(၃) ဝပ်စဒု(အိမ်ထောင်ပရိဘောဂအရောင်းကုမ္ပဏီ)အရှေ့ ဖတ်လမ်စောင်လမ်းမ မဟာချိုင်ပြန်ဝင်သည့် ကုန်းတံတားအကွေ့ ဆိုင်ကယ်မတော်တဆပြုတ်ကျမှုတစ်ခုသည် ယနေ့(၁၇.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန့်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။


Thursday, May 16, 2019

မြန်မာအလုပ်သမား အယောက်၁၀၀ ဖမ်းဆီးခံရ



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်နယ်မြေ မဲဆောက်-မဲတောင်(ဝ်)လမ်းရှိ မြန်မာနိုင်ငံသားများနေထိုင်ရာ
နေအိမ်တို့ကို ယနေ့(၁၆.၅.၂၀၁၉) နံနက်(၆)နာရီအချိန်ခန့်၌ တာ့ခ်ခရိုင်လူဝင်မှူကြီးကြပ်ရေးဌာန ရဲဗိုလ်မှူးကြီး Mr.Manat Ratanaprathip ညွှန်ကြားချက်အရ လူဝင်မှူကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ ၊နယ်မြေခံစစ်ဖက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့ပါဝင်သည် ပူးပေါင်းအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စစ်ရေးအဖွဲ့ဝင်များသည် မဲတောင်အိမ်ယာရှိ မြန်မာအလုပ်သမားများအား သက်သေခံစာရွက်စာတမ်းများမှန်ကုန်မှုရှိမရှိတို့ကိုစစ်ဆေးပြီး အထောက်ထားမှန်ကန်မှုရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

Wednesday, May 15, 2019

ပထုန်ဌာနီခရိုင်၌ ကိုယ်ပိုင်ဈေးရောင်းနေသည့် ဗီယက်နမ်နိုင်ငံသားများဖမ်းဆီးခံရ


 ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ခလွန်လုံဝါနယ်မြေရှိ အိမ်နံပါတ်မရှိ နေအိမ်တစ်ခုတွင်ဗီယက်နမ်အလုပ်သမားအဖွဲ့ တားမြစ်ထားသည့် ဈေးရောင်းလုပ်ငန်းလုပ်နေသည့်အဖွဲ့အား ယမန်နေ့က ပထုန်ဌာနီခရိုင် လုံခြုံရေးနှင့်စစ်ဆေးရေးဌာနချုပ် ဗိုလ်မှုးကြီးMr.Charat Drawnik ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင်သူများ အစည်းအဝေး ကျင်းပ



နေပြည်တော် မေ ၁၅

မြန်မာ - ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို မေ ၁၃ နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ ကျင်းပသည်။



အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်

ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Petcharat Sinauy နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။

Monday, May 13, 2019

တရားမ၀င်နည်းလမ်းဖြင့် မလေးရှားနိုင်ငံသွားမည့် မြန်မာနိုင်ငံသား ၂၇ဦး ထိုင်းနိုင်ငံအတွင်း အဖမ်းခံရ



မေလ ၁၁ရက်နေ့၌ ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ဘန်းဖလုရပ်ကွက်အနောက်ဖက်ဂေါက် ကွင်းအနီးရှိ တောထဲ၌ ပုန်းအောင်းနေသည့် မလေးရှားနိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသား(၂၇)ဦးနှင့်
လူကုန်ကူးသူ(၁)ဦးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။


ထို့နောက် ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့သည် ရန်ကုန်မြို့မှတဆင့် လာကြသူများဖြစ်ပြီးထိုင်းနိုင်ငံထဲသို့ ရနောင်းမြို့မှတဆင့်ဝင်ရောက်လာသူများဖြစ်ပြီးခရီးထွက်လာသည့်(၇)ရက်ရှိပြီးူတောထဲ၌ ပုန်းအောင်းနေသည့် (၅)ရက်အတွင်း အစားမစားရဘဲ ရေတမျိုးတည်းေ သာက်ကာနေခဲ့ရကြောင်း အဖမ်းခံရသူ ၁ဦး၏ ပြောကြားချက်အရသိရသည်။

31-မတ်-2020 တွင် သက်တမ်းတွင် ကုန်ဆုံးမည့် CI နှင့် စာအုပ်ကြီးများကိစ္စ



၁။ ထိုင်းနိုင်ငံအတွင်း များမကြာမီရက်များအတွင်း သတင်းထွက်ပေါ်ခဲ့သော ၂၀၂၀ မတ် လ ၃၁ ရက်ကုန် ဆုံးမည့် CI စာအုပ်ကိုင်ဆောင်ထားသူများသည် ဗီဇာသက်တမ်းထပ်မံ မတိုးတော့တော့ ကြောင်း၊ သက်တမ်းကုန်ဆုံးမည့် ရက်မတိုင်မှီ MOU- Utrun စနစ် ကို ပြန်လည် ဆောင်ရွက်ရမည် ဆိုသည့် သတင်းကြောင့် ၊ CI စာအုပ်ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်မှုများဖြစ်ခဲ့ရကြောင်း ၊ သတင်းများအရ သိရှိရပါသည်။


Saturday, March 30, 2019

ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများဖမ်းဆီး


 ၂၀၁၉ ခုနှစ် ၊ မတ် ၃၀ ရက်၊ စနေနေ့ ၊ အလုပ်သမားဟစ်တိုင်၊ ဘန်ကောက်

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်းရှိတရားမဝင်နေထိုင်သူများနှင့် ရာဇဝတ်မှုများပပျောက်နိုင်ရန်အတွက်မတ်လ(၂၉)ရက် ၂၀၁၉ ည ၉နာရီ၃၀မိနစ်မီနစ်အချိန်ခန့်တွင် ဖတ်နခွန်နယ်မြေ ချစုန်ခလာမ်နယ်မြေစသည်နယ်မြေများရှိ နေရာ(၂၆၀)ခန့်ရှိ Barဆိုင်  hotel,guest house,rental house,ကွန်ဒိုမီနီယမ် ,နိုင်ငံခြားသား များနေထိုင်တတ်ကြသည့် နေရာများသို့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ဗိုလ်ချုပ်မှူးကြီး စုရချေး ဟာ့(က်)ဖတ်ဦးဆောင်သော စစ်ဆေးရေး အရာရှိ များပိတ်ဆိုစစ်ဆေးခဲ့ကြောင်းသိရသည်။


Sunday, March 24, 2019

ဧည့်စားရင်းမတိုင်ကြားသူနှင့်တားမြစ်အလုပ်အားလုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအရေးယူခံရ



ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထားမူးဝါးနယ်မြေ လန်စာလီရပ်ကွက် အုပ်စု(၂) ခြံအမှတ် (၉၉/၉) Asia Fructose အမည်ရှိ လုပ်ငန်းဝန်းအတွင်း မြန်မာအလုပ်သမားများနေထိုင်သည့် အခန်းများသို့ (၂၁.၃.၂၀၁၉) နံနက်(၁၀)နာရီအချိန်ခန့်၌ ကန်ချနဘူရီခရိုင် လူဝင်မှူကြီးကြပ်ရေးရဲအရာရှိများနှင့် ကျဟာငန်(အလုပ်အကိုင်ရှာဖွေရေးဌာန)အဖွဲများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးတွေ့ရှိချက်အရ မြန်မာအလုပ်သမား(၅)ဦးသည် (၂၄)နာရီအတွင်းသက်ဆိုင်ရာဌာနတွင် ဧည့်စားရင်းတိုင်ကြားရန်ပျက်ကွက်မှူဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ  တစ်ဦးလျှင် ဘတ် (၈၀၀၀)စီ ဒဏ်ငွေချမှတ်ခံရကြောင်းသိရသည်။

Wednesday, March 20, 2019

အုတ်ကျွတ်အမိုးတက်လဲသည့် မြန်မာအလုပ်သမားတစ်ဦး ဓာတ်လိုက်


၂၀.၃.၂၀၁၉ ၊ မဟာချိုင် ၊အလုပ်သမားဟစ်တိုင်

ယနေ့ နံနက် ၉နာရီအချိန်ခန့်တွင် စမူစာခွန်ခရိုင် မီ(င်)နယ်မြေ ထားစိုင်ရပ်ကွက် အုပ်စု(၈)၌ ဖွင့်လှစ်ထားသည့် ချိုဟွကုန်စုံဆိုင်ခေါင်မိုပေါ်တွင် ဓာတ်လိုက်ခံရသူတစ်ဦး လဲကျနေကြောင်း စမူဆာခွန်
ရဲစခန်းမှအမှုစစ်ဆေးရေးအရာရှိ Prawit Nanjuntiကသတင်း လက်ခံရရှိသဖြင့် စစ်ဆေးရေးအရာရှိအဖွဲ့ ၊လူမှုကယ်ဆယ်ရေးအဖွဲ့နှင့်ဝိချိုင်ဝေ့ဆေးရုံဝန်ထမ်းများ သွားရောက်ခဲ့ကြောင်းသိရသည်။

စမူပုရာကန် လူဝင်မှုကြီးကြပ်ရေးမှ ဧည့်စာရင်းတိုင်ကြားထားမှုမရှိသည့် မြန်မာ နှင့် ကမ္ဗောဒီးယား အလုပ်သမား(၈၁)ဦးဖမ်းဆီးခံရ


ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ဖီနယ်မြေ ဘန်ချိုလုံ(င်)ရပ်ကွက် အုပ်စု(၄) လုံဖောတို့(ပ်)ဥပဌာန်လမ်းရှိ Shin Tech ဆောက်လုပ်ရေးလုပ်ငန်းခွင် အား (၁၉.၃.၂၀၁၉)နံနက်(၈)နာရီအချိန်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ၊ဘန်ကဲဝိုရဲစခန်းမှရဲတပ်ဖွဲ့ဝင်၊ စမုပရာကန်ခရိုင် ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)မှတာဝန်ရှိသူများ၊ ဘန်ကဲဝိုနယ်မြေစစ်ဆေးရေးအဖွဲ့နှင့် ခရီးသွားရဲတပ်ဖွဲ့ တို့ ဝင်ရောက်
စစ်ဆေးခဲ့ရာ မြန်မာနှင့် ကမ္ဗောဒီးယား အလုပ်သမား (၂၀၀၀)ဦးခန့် တွေ့ရှိခဲ့ကြောင်းသိရသည်။

ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးမှတရားမဝင်အလုပ်သမားဖမ်းဆီးမှု



 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေစစ်ဆေးဂိတ်သို့ရောက်ရှိလာသည့် ကန်ချနဘူရီနှင့်စံခရဘူရီပြေးဆွဲနေ သည့်ပေါင်မုန့်ကားတစ်စီးပေါ်တွင်မြန်မာအလုပ်သမားအထောက်ထားမဲ့(၄)ဦးအား(၁၉.၃.၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ဖမ်းဆီးရမိကြောင်းသိရသည်။

Saturday, March 16, 2019

မြန်မာနိုင်ငံသားတစ်ဦးနှင့်ထိုင်းအမျိုးသမီးသူနှစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ



၂၀၁၉  မတ် ၁၆ ၊ မဟာချိုင်၊အလုပ်သမားဟစ်တိုင်

မူးယစ်ဆေးဝါးသတင်းရရှိချက်အရ ထိုင်းအာဏာပိုင်များသည် စမူဆာခွန်ခရိုင် မီ(င်)နယ်မြေ
မဟာချိုင်ရပ်ကွက် အုပ်စု(၄) စုခါဖိဘန်လမ်း မဟာချိုင်ဈေးအနီး တိုက်အမှတ် (337/3) ၃ထပ်
တိုတ်တစ်ခုကို(၁၅.၃.၂၀၁၉)ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

ထိုသို့ဝင်ရောက်စစ်ဆေးရာတွင် တိုက်ပထမအထပ်တွင် နေထိုင်သည့် ထိုင်းအမျိုးသမီး
Miss. Rassamee (or) Pa Phatal(၄၄)နှစ်ထံမှ ရေခဲ(၃၉.၈)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး(၅၀)လုံး၊
လက်ကိုင်ဖုန်း(၁)လုံး၊ မူးယစ်ဆေးဝါးရောင်းချမှုမှတ်တမ်းစာအုပ်(၁)အုပ်တို့နှင့်အတူဖမ်း
ဆီးရမိကြောင်းသိရသည်။


Friday, March 15, 2019

မြန်မာအလုပ်သမားအချင်းချင်းဓားဖြင့်ထိုးသက်





ထိုင်းနိုင်ငံ စမူပုရာကန်ခရိုင် ဖတ်ပဒဲ့နယ်မြေ ဘန်ခလုရပ်ကွက် စူစဝပ် ၇၀လမ်းအတွင်းယမန်နေ့(၁၄.၃ .၂၀၁၉) ည၈နာရီခန့်ကအမျိုးသားအလောင်းတစ်ဦးမြောင်းထဲကျနေသည်ကို ထိုင်းနိုင်ငံသားတစ်ဦးမှ တွေ့ရှိရပြီးတာဝန်ရှိရဲအရာရှိများထံ ဆက်သွယ်အကူညီတောင်း ခဲ့ကြောင်းသိရသည်။

Thursday, March 14, 2019

ထိုင်းနိုင်ငံရှိအီလက်ထရောနစ်စက်ရုံမှမြန်မာအလုပ်သမား ၅၀ ဦးခန့်အလုပ်မှ ရပ်စဲခံရ



ဘန်ကောက်မြို့နှင့် ၇၄ကီလိုမီတာအကွာဝေးရှိ ချွန်ဘူရီခရိုင် အမတစက်မှုဇုန်ရှိ အီလက်ထရွန်နစ်စက်ရုံ
တွင်ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားဦးရေး၅၀ခန့် အကြောင်းမဲ့အလုပ်မှထုတ်
ခံရသဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ၁၃.၃.၂၀၁၉ရက်နေ့က ဖုန်းမှတဆင့် ဆက်သွယ်
အကူညီ တောင်းခံလာကြောင်းသိရသည်။


အလုပ်သမားသံအရာရှိရုံးအနေဖြင့် အလုပ်သမား၅၀ဦးအရေးနှင့်ပက်သက်၍  ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)တို့နှင့်ချိက်ဆက်ပြီး သွားရောက်ဖြေရှင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Monday, March 11, 2019

မလေးရှားနိုင်ငံသို့သွားမည့် တရားမဝင် မြန်မာအလုပ်သမား(၃၀)ခန့် စုန်ခလာခရိုင်၌ ဖမ်းဆီးခံရ



ယခုလ ၉ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် စဒေါင်နယ်မြေ စံနပ်တဲ(ဝို)ရပ်ကွက်အုပ်စု(၈)ရော်ဘာခြံအနီးရှိတောအုပ်အတွင်းမှ မြန်မာအလုပ်သမားများသည် ရွာထဲ၌ ရေခဲထုတ်များမကြာခဏ
လာဝယ်နေကြောင်းကို ဒေသခံတစ်ဦးမှ ရပ်ရွာလူကြီးထံဆက်သွယ်အကြောင်းကြားလာသဖြင့် နယ်မြေခံထိုင်းစစ်တပ်မှတာဝန်ရှိသူများအပါဝင် ရပ်ရွာလူကြီးများပါဝင်သည့်စစ်ရေးအဖွဲ့ဝင်(၂၀)ဦးခန့်သည် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

Thursday, February 28, 2019

အလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ


ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအလုပ်သမားများ၏ မီးဖွားမှုနှင့် ရင်သွေးငယ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိစ္စ



၁။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားအလုပ်သမား များနှင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ မီးဖွားပြီး ရင်သွေးငယ်များ၏ နိုင်ငံသားစိစစ်မှုဆိုင်ရာလုပ်ငန်းအား တင်ပြပေးလိုပါသည်။


Wednesday, February 27, 2019

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂၀၀ဦးအတွက် လျှော်ကြေးငွေ ဘတ်သိန်း၁၂၀ရရှိအောင် အလုပ်သမားသံအရာရှိ ဆောင်ရွက်




ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့ ဘန်ခွပ်စက်မှုဇုန်ရှိ သံထည်ပစ္စည်း စက်ရုံတစ်ခု၌ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား ၃၀၀ဦးရှိသည့် အနက် စက်ရုံပြန်လည်ပြင်ဆင်ရန် အလုပ်မှရပ်ဆိုင်းခံရသည့် အလုပ်သမား ၂၀၀ဦးအတွက် ဥပဒေအရနစ်နာကြေးငွေရရှိစေရန် အလုပ်သမားသံအရာရှိသံအရာရှိဦးစန်းမောင်ဦး၊ဦးဇော်မင်းထွေး၊

ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးဌာန(ဆဝါဒီကန်)နှင့်ထိုင်းအလုပ်အကိုင်၊အလုပ်သမားရှာဖွေရေးဌာန(ကျဟာငန်)တို့ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။


Friday, February 15, 2019

ကော့ဖငန်ကျွန်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမားများအဖမ်းခံရ




ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်ကျွန်းတွင် (၁၄.၂.၂၀၁၉)နေ့၌ ဆူရတ်ဌာနီခရိုင် ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူး Mr. Wanchana Bawornboon၊ နယ်လှည့်ရဲတပ်ဖွဲ့၊နယ်မြေရဲတပ်ဖွဲ့၊ ဆူ
ရတ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE) တို့သည် ကျွန်းပေါ်တွင် အလုပ်သမားများနေထိုင်ရာနှင့် 
အလုပ်နေရာများကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Thursday, February 14, 2019

CBS-WORLDကုမ္ပဏီကို စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ  ၁၄ ရက်၊အလုပ်သမားဟစ်တိုင်၊ဘန်ကောက်

ဘန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း ဘန်ခင်ဈေးအနီးရှိ ထိုင်းနိုင်ငံသားစူလရ-စီဌ၀ါချိဝ(၆၀နှစ်)ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် ဖွင့်လှစ်ထားသည့် CBS-WORLDကုမ္ပဏီကိုထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ထိုင်းရဲတပ်ဖွဲ့နှင့်နယ်မြေပေါင်းစုံကဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့(၁၄.၂.၂၀၁၉)တွင် စာရွက်စာတမ်းများအတုပြုလုပ်ကြောင်းသတင်းရရှိချက်အရ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။


Wednesday, February 13, 2019

သင်္ကြန်ရက်ရှည်ခွင့်ပြန်မည့်အလုပ်သမားများအတွက်ကြေညာချက်





၁။ထိုင်းနိုင်ငံတွင်ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့်မကြာမီကျရောက်တော့မည့်မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလတွင်မိမိတို့၏နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည်ဖြစ်ပါသည်။

၂။ထိုင်းနိုင်ငံဒေသအသီးသီးမှခွင့်ပြန်ကြမည့်မြန်မာနိုင်ငံသားအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံမှထွက်ခွာပြီး၊ပြန်လည်ဝင်ရောက်ကြမည့်အလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံအတွင်းမှထွက်ခွာချိန်တွင်Immagration Law အရ Re-Entry တုံးထုသွားရမည်ဖြစ်ပါသည်။

၃။သို့ဖြစ်ပါ၍သင်္ကြန်ကာလမိမိတို့နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည့်မြန်မာအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံ၏Immagrationထွက်ပေါက်များမှတရားဝင်ထွက်ခွာနိုင်ရေး၊တရားဝင်ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် Re-Entry တုံးဖိုးကုန်ကျစရိတ်များသက်သာစေရေးတို့အတွက်ထိုင်းနိုင်ငံရှိသက်ဆိုင်ရာဌာနအသီးသီးနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။


ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမားလေးဦးအားဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထပ်မံကယ်တင်




ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ ရေခဲစက်ရုံသို့လူကုန်ကူးခံရသည့်မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးုမြို့ နယ်၊ တောင်လျောင်းအုပ်စု စမ်းကုန်ကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ကရုဏာလက်တွဲကူညီအဖွဲ့မှ အလုပ်သမားသံအရာရှိရုံးနှင့်ချိတ်ဆက်ကာ (၁၁.၂.၂၀၁၉)ရက်နေ့ကလာရောက်ပို့ဆောင်ခဲ့ရာတွင် MOEAF(thai)CALL CENTRE၌ ယာယီ ခေါ်ယူစောင့်ရှောက်ထားကြောင်းသိရသည်။

ပွဲစားဖြစ်သူ မဆွေက ထိုင်းနိုင်ငံရှိ စက္ကူစက်ရုံတွင်အလုပ်ကောင်းမွန်ကြောင်းပြောကြားသည်များကို ယုံကြည်ပြီး အလုပ်သမားခုနှစ်ဦးသည် တစ်ဦးလျှင် မြန်မာကျပ်ငွေခုနှစ်သိန်းခန့်ပေးခဲ့ရကြောင်းနှင့် ၎င်းအလုပ်သမားခုနှစ်ဦးတို့ကို ပွဲစားဖြစ်သူ မဆွေနှင့် ထိုင်းနိုင်ငံ မယ်ဆောက်မြို့ရှိ ပွဲစားဖြစ်သူဒေါ်မာလီတို့က ချိတ်ဆက်ပြီးအလုပ်သမားများကို အုပ်စုနှစ်ခုခွဲကာ ထိုင်းနိုင်ငံသို့ ထီးခီးနယ်စပ်ဂိတ်နှင့် မြဝတီနယ်စပ်ဂိတ်တို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

Wednesday, February 06, 2019

ထိုင်းနိုင်ငံသို့လူကုန်ကူးခံရသည့် မြန်မာအလုပ်သမာ၅ဦးကို အလုပ်သမားသံအရာရှိရုံးကကယ်တင်ခဲ့




ထိုင်းနိုင်ငံ၊လယောင်ခရိုင်မှ လူကုန်ကူးခံရသည့်  မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်
စကုမြို့နယ် မုတ်ခဲ၊ရွှေချောင်း၊မြောင်းခြားနှင့်အိုင်မကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသား ၄ဦး၊
အမျိုးသမီး၁ဦးတို့ကို  ယမန်နေ့၌ အလုပ်သမားသံအရာရှိရုံးက သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။


ပွဲစားဖြစ်သူထံ အလုပ်သမားတစ်ဦးလျှင် မြန်မာကျပ်ငွေ၇သိန်းခန့်ပေးခဲ့ရပြီး၊ တရားဝင်MOUစနစ်ဖြင့်ပို့ဆောင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း အလုပ်သမားများကို မြန်မာနဲ့ထိုင်းနယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့နယ်ခွဲ၊ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီးနယ်စပ်ဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ထိုင်းနိုင်ငံဘက်သို့ ယမန်နှစ်ာက်တိုဘာလ က ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


Wednesday, January 02, 2019

၂၀၁၈ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေး




၁.၁.၂၀၁၉

၂၀၁၈ခုနှစ်တစ်နှစ်တာအတွင်း ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့်သက်တမ်းလွန်ခြင်းနှင့် 
အထောက်အထားမဲ့နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ထို့သို့ ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းအပ်ခဲ့သည့်မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေးမှာ ချင်းမိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ အလုပ်သမား၆၅၁ဦး(ကျား၄၆၀၊ မ၁၉၁)၊
မဲဆောက်မြို့မှတဆင့်မြ၀တီမြို့သို့ အလုပ်သမား၇၀၇၄၀ဦး(ကျား၅၂၀၁၄ ၊မ ၁၈၇၂၆ )၊ရနောင်းမြို့မှ တဆင့် ကော့သောင်းမြို့သို့ အလုပ်သမား၃၃၄၀ဦး(ကျား၂၈၆၇၊မ၄၇၃)၊၂၀၁၈ခုနှစ်အတွင်းမြန်မာအလုပ်သမားစုစု​ပေါင်း (၇၄၇၃၁)ဦး(ကျား၅၅၃၄၁၊မ၁၉၃၉၀)တို့အားမြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်များမှ
တဆင့်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


Subscribe Us