Saturday, March 17, 2018

ယောနသံဇင်ယော် အပိုင်း(၅)



အဖိုးအို၏ အန္တိမ နောက်ဆုံး စကား များမှာ
 “ယောနသံ၊ ချစ်ခြင်း တရားတော်မြတ် လုပ်ငန်း ကိုမင်း ဆက်ပြီး ကျင့်ကြံ အားထုတ်နေပေတော့” ဟူ
သတည်း။ 

ဇင်ယော်တို့သည် မျက်စိများကို တဖန်ဖွင့်နိုင်၍ ဖွင့်ကြည့်လိုက်သောအခါ အဖိုးအိုချန်း မရှိတော့ပြီ။ နေ့ရက်များ ကုန်လွန်လေသော် ယောနသံသည် သူထွက်ခွာလာသော မြေကြီးဘုံအကြောင်း မကြာခဏ တွေးနေ မိသည်ကို သတိထားမိ၏။ 

ဟိုမှာတုန်းက အခုသိတာရဲ့ ဆယ်ပုံတစ်ပုံ သို့မဟုတ် အပုံ တစ်ရာပုံ တစ်ပုံမျှလောက်ကို တကယ်လို့များ သိခဲ့ရလျှင် ဘဝ ဆိုတာ ဘယ် လောက် များ အဓိပ္ပါယ် ရှိလိမ့် မလဲ။ ယောနသံသည် သဲသောင်ပြင်ပေါ် 
ရပ်လျက် ဟိုမြေကြီးဘုံမှာ အကန့်အသတ် အချုပ် အချယ် ထဲက လွတ်မြောက်အောင် ကြိုးစားနေတဲ့ 
ဇင်ယော်တစ်ကောင် တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည် ဟုလည်းကောင်း၊ ပျံသန်းမှု၏ အဓိပ္ပါယ် အတ္ထသည် လှေတစ်စင်းက ပေါင်မုန့်တစ်ဖဲ့ တစ်စ ရစေရန်အတွက် ခရီးထွက်ရန် ကိစ္စသာပဲ ဟူသော 
အမြင်အယူဖြင့် မကျေမနပ်နိုင်သည့် ဇင်ယော် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည်ဟု လည်းကောင်း၊ ငှက်အုပ်ဗိုလ်ပုံ အလည်တွင် မိမိတွေ့ ရှိလာသော အမှန်တရား အကြောင်းကို ဖွင့်ပြော
မိသဖြင့် အကြဉ်အဖဲ ခံရသော ဇင်ယော်မျိုးပင် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်းရှိနေလိမ့်မည်ဟု လည်းကောင်း၊ ကြံစည် တွေးတောနေ၏။

 

ယောနသံဇင်ယော် အပိုင်း(၄)


ငှက်အုပ် လောကသို့ ပြန်သွားခြင်း

ယောနသံသည် ဤအချက် ဤအထာကို သဲသဲမဲမဲ မှတ်သားဆွဲကိုင်လျက် တနေ့ပြီးတနေ့ နေမထွက် မီက ညဉ့်သန်းခေါင် ကျော်အထိ ကြိုးစား အားထုတ်လေ၏။ သို့ကြိုးစားပေမင့်လည်း သူသည် မူလ ရပ်နေ သော နေရာမှ တစ်ဆံခြည်မျှမရွေ့။ 

အဖိုးအိုချန်းက “ယုံကြည် အားထားမှုဆိုတာကို မေ့ပစ်လိုက်၊ မေ့ပစ်လိုက်” ဟု ထပ်ခါထပ်ခါ ပြောလေ့ ရှိ၏။ 

“အပျံတတ်ဖို့ဆိုတာ ယုံကြည်အားထားမှုမလိုဘူးကွ။ ပျံခြင်းအတတ်ကို နားလည်ဖို့သာလိုတယ်။ ယုံကြည် အားထားမှုနှင့် ပျံခြင်းအတတ် နားလည်မှုဆိုတာ အတူတူပဲ။ ကဲနောက်တစ်ကြိမ် ထပ် ကြိုးစား ဦး။” 

ထို့နောက် တစ်နေ့သောအခါ ယောနသံသည် ကမ်းပေါ်၌ ရပ်လျက် မျက်စိများကို မှိတ်ကာ စိတ် စူးစိုက်မှု အလုပ်ကို လုပ်နေ၏။ ထိုစဉ်တွင် အဖိုးအိုက သူ့အား ယခင် တလျှောက်လုံး ပြောဆို ဆုံးမ ခဲ့သမျှ အလုံးစုံကို ယောနသံသည် ဉာဏ်ရောင်လက်လက် လျှက်တပြက်ဖြင့် တမုဟုတ်ချင်း ထိုးထွင်း ၍ သိလိုက်၏။

ယောနသံဇင်ယော် အပိုင်း(၃)



သူတို့လည်း အနှေးပျံနည်းကို တတ်ကျွမ်းကြပေသကိုး။ ယောနသံသည် တောင်ပံများကို ခေါက်သိမ်းလျက် ကိုယ်ကို ခရုပတ် လှိမ့်ကာ အောက်သို့ တစ်နာရီ လျှင် မိုင်(၁၉၀) နှုန်းဖြင့် တဟုန်ထိုး ဆင်းလိုက်၏။ မျက်နှာစိမ်းနှစ်ကောင်လည်း သူ့နည်း အတိုင်းပင် ပုံပန်းမပျက်စေဘဲ လိုက်ဆင်းကြ၏။ နောက်ဆုံး သူသည် ယင်းအရှိန်ဖြင့်ပင် အထက်သို့ တဖန် အရစ် ကျဲသော ဝက်အူရစ်ပုံ ပျံနည်းဖြင့် ဒေါင်လိုက် ပြန်တက်၏။ သူစိမ်းနှစ်ကောင်လည်း အပြုံးမပျက် သူနှင့်အတူ လှိမ့်ကာ ပျံတက်ကြ၏။ သူသည် ယခု အလျားလိုက် ခဏကြာမျှ ပျံသန်းပြီးလျှင် -

 "ကဲ.. ကောင်းပြီ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ" ဟုမေးလိုက်၏။
 "တို့ဟာ မင်းရဲ့အုပ်ထဲက ယောနသံ၊ မင်းရဲ့ သွေးရင်းသားရင် ညီအစ်ကိုများပေါ့ကွာ။" 
ထိုစကားသံများသည် အားအင်ပြည့်နှင့် ပြောသောစကားများ ဖြစ်သော်လည်း ညင်သာလှ၏။ 

"တို့မင်းဆီကို ရောက်လာခြင်းဟာ မင်းကို အမြင့်သို့ ဆောင်ကြဉ်းဖို့၊ ကိုယ့်ဘုံ ကိုယ့်နန်း ကိုယ့်အိမ်ကို ပြန်ခေါ်ဖို့ပေါ့" "ဘာဗျ၊ ကျုပ်ဘုံ ကျုပ်အိမ်။ ကျုပ်မှာ ဘုံရယ်အိမ်ရယ်လို့ မရှိဘူးဗျ။ ကျုပ်ငှက်အုပ်ဆိုတာလဲ မရှိဘူး။ ကျုပ်ဟာ အဖဲကြဉ်ခံခဲ့ရသူပါ။ တောင်ကုန်းလေကြောင်းကြီးရဲ့ ထိပ်ဖူးမှာ ခုကျုပ်တို့ ပျံနေကြတယ်။ နောက်ထပ် ပေတစ်ရာ နှစ်ရာထက်လွန်ပြီး ဒီ . . . အိုမင်းရင့်ရော်လှတဲ့ ကျုပ်ကိုယ်ကောင်ကြီးကို မပင့်နိုင်တော့ဘူး" 

ယောနသံဇင်ယော် အပိုင်း(၂)


ဇင်ယော်ငှက် မတစ်ထောင် တစ်ကောင်ဖွား ကလေးတော့ဖြင့် တစ်နာရီ လျှင် (၂၁၄) မိုင်နှုန်းဖြင့် ပျံနိုင်လေပြီ ဟေ့။ ဖြစ်တောင့် ဖြစ်ခဲသော အရာပေတည်း။ ဇင်ယော်တို့သမိုင်း၏ တစ်ခုတည်းသော အကြီးဆုံး မင်္ဂလာ
ရတောင့် ရခဲ အခါအခိုက် ပေတည်း။ ယောနသံ ဇင်ယော်အဖို့ ထိုအခါမှစ၍ ခေတ်သစ် တံခါးသည် ဟင်းလင်းကြီး ပွင့်လေပြီ။ တကိုယ် တည်း လေ့ကျင့်ရာ စခန်းသို့ ပျံသွားပြီးလျှင် ပေရှစ်ထောင်အမြင့် ဝေဟင်သို့တက်၍ အောက် သို့ ဦးစောက်ထိုးရန် သူ့ တောင်ပံ များကို ရုပ်သိမ်းကာ သူသည် တဟုန်ထိုး ထိုး၍ လှည့်နည်း တိမ်းနည်း ဝိုက်နည်း များကို တတ် အောင် လေ့ကျင့် လေတော့ သတည်း။ ဤသို့ဖြင့် ယောနသံဇင်ယော်သည် ဤမြေကြီးဘုံတွင် ကောင်းကင် ဂျွမ်းဘား အစွမ်းကို ပထမဦးဆုံး ပြနိုင်သည့် တကယ့်ဇင်ယော် ငှက်ကျော်ငှက်မော် ဖြစ်လာ၏။

 အကြဉ်ခံရခြင်း
အနာဂါတ် ကာလမှ နှစ်များသည် ဆုလာဘ်ကတိ အပြည့်နှင့် ဝင်းဝင်းတောက်လျက် အသံ တကြော်ကြော်
 ဖြင့်လည်း ဖိတ်ခေါ် လျက်ရှိ၏။ ပင်လယ် ဇင်ယော်များသည် ယောနသံ ဆင်းလာ သောအခါ ငှက်ကောင်စီ အစည်းအဝေး အတွက် စုရုံးပြီးသား ဖြစ်နေ၏။ ကြိုတင်၍ စုဝေး နေနှင့် ကြသည်မှာ ထင်ရှား ၏။ အမှန်စင်စစ် ကား စုရုံး ကြပြီးနောက် သူ့အလာကို စောင့်မျှော်နေ ကြခြင်းသာ ဖြစ်၏။

ယောနသံဇင်ယော် အပိုင်း(၁)


ငှက်လောက ကို စွန့်ခွာခြင်း

 အချိန်သည်ကား နံနက်ခင်း။ သစ်လွင်သော နေမင်းသည် သိမ်မွေ့လှသော ပင်လယ်ပြင်၏ အိရရိလှိုင်း ငယ်များ ကို ရွှေအဆင်းတလက်လက်ဖြင့် ပြိုးပြက်တင့်လျှမ်းနေစေ၏။ ကမ်းခြေမှ တစ်မိုင်အကွာတွင် တံငါလှေ တစ်စင်း သည် ပင်လယ်ရေကို ဖက်နမ်းမွှေ့ယမ်းလျက်ရှိ၏။ ငှက်ဇင်ယော် အပေါင်းအဖို့ နံနက်စာ သစ်စည် ရိုက်သံသည် လေထုကို ဖြတ်ကျော်လာ၍ အကောင် တထောင်ကျော် ပါရှိသော ပင်လယ်ဇင်ယော် ငှက် တစ်အုပ် သည် ပေါ်လာ ပြီး အစာများကို သူ့ထက်ငါ တိုးဝှေ့ လုယက်နေ ကြကုန်၏။ ဇင်ယော်များအဖို့ ပျားပန်း ခပ်မျှ အလုပ် များသော နေ့တနေ့၏ အစပေတည်း။ သို့သော်လည်း ယောနသံဇင်ယော်မူကား လှေနှင့်လည်းမနီး ကမ်းနှင့်လည်းဝေးကွာသော နေရာတွင် သူချည်း တကောင်ထည်းတည်း အပျံလေ့ကျင့်နေလေ၏။ ပေတရာ အမြင့်ကောင်းကင်တွင် သူ့ ခြေထောက် များကို အောက် သို့ချ၍ နှုတ်သီးကိုမော့ကာ တောင်ပံများကို ကိုင်းညွှတ် လာအောင် ပြုလျက် ခက်ခဲနာကျင်စွာဖြင့် အပျံ လေ့ကျင့်နေ၏။ တောင်ပံများကို ကိုင်းညွှတ်လာအောင် ပြုလုပ်ခြင်း သည် အပျံနှေးခြင်းငှာ စွမ်းနိုင်လေ သည်။

သူ့မျက်နှာကို လေပြေလေညှင်း သာသာကလေး တိုးကာမျှ သာ ဖြစ်သည့်တိုင် အောင်လည်းကောင်း၊ ပင်လယ် သည် သူ့အောက်တည့်တည့်၌ တန့် ရပ်နေဟန် ရှိလာသည့် တိုင်အောင်လည်းကောင်း သူသည် အရှိန်ကို လျှော့ ၍ လျှော့၍ ချနေ၏။ သူသည် မျက်စိ များ ကို မှေးကာ ကြောက်ဖွယ်လိလိ စူးစူးစိုက်စိုက် ကြည့်လျက် အသက် အောင့်၍ တောင်ပံများ ကို တလက် . . . မ . . . မျှ ပို၍ ကိုင်းညွှတ်လိုက်သည်။

Friday, March 16, 2018

ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများသိမှတ်ဖွယ်ရာ


ထိုင်းနိုင်ငံရှိ အလုပ်ရုံစက်ရုံများ၌ အလုပ်သမားအများပြားလိုအပ်လျက်ရှိနေသလို လာရောက်အလုပ်လုပ်ကိုင်ရာတွင်လည်း လူတန်းစားပေါင်းစုံမှသွားရောက်အလုပ်လုပ်ကိုင်ရန်အခွင့်လမ်းများစွာရှိရာ မြန်မာနိုင်ငံသားအများစုသည် ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရွေးချယ်မှုအများစုံနိုင်ငံတစ်ဖြစ်ပါသည်။ ထို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် မြန်မာအလုပ်သမားများအနေဖြင့် အထူးစဉ်စားရမည့်အချက်မှာလုပ်ငန်ခွင်ဘေးအန္တရာယ်ကင်းရှင်းမှု ရသင့်ရထိုက်သည့် လုပ်ခလစာများနှင့် အလုပ်သမားအခွင့်ရေးများရရှိရန်နှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန်တို့သည်အထူးအရေးကြီးလှပါသည်။

Thursday, March 15, 2018

အယ်ဒီတာအာဘော်



မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်လုပ်နိုင်စွမ်းရှိသည့် အလုပ်သမားများသည် မိမိတို့၏ ဘဝအနာဂတ်များ
ထုဆစ်ပုံဖော်ရန် အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံရပ်ခြာများသို့ နည်းလမ်းအမျိုးမျိုးဖြင့်သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်သွားရောက်လုပ်ကိုင်သည့်နိုင်ငံတို့မှာ ထိုင်းနှင့် မလေးရှားနိုင်ငံ တိုံ့ဖြစ်ပါသည်။

၁၉၉၀ပြည့်နှစ်မှစတင်၍ အလုပ်လုပ်နိုင်စွမ်းရှိသည် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် စတင်ဝင်ရောက်ခဲ့ရာမှ၂၀၀၄ခုနှစ်မှစတင်၍ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ MOUစာချုပ်ချုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ထို့သို့သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဘဝတိုးတတ်ရာလမ်းကြောင်ပေါ်သို့ရောက်ရှိခဲ့သူများရှိသလို လှေလှော်ရင်တတ်ကျိုးခဲ့ရသူများလည်းရှိကြပါသည်။ ၂၁၀၅ခုနှစ် ILOအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၂.၆သန်းခန့်အလုပ်လုပ်ကိုင်နေကြကြောင်းသိရသည်။

Subscribe Us