Monday, February 13, 2017

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေဆဲဖြစ်တဲ့ ပတ်စ်ပို့ထုတ်ပေးရေးဌာနက ဖြစ်ရပ်များ


ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ MWRN အဖွဲ့က ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးရေးဌာနမှာ ပွဲစားတွေက သံရုံးနဲ့ပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကို တိုင်ကြားစာ ၂ကြိမ်ပို့ခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ သံရုံးမှာ ပတ်စ်ပို့လာလျှောက်ရင် ၁ဦး ဘတ်၃၀၀ ကောက်စားနေတဲ့ ပွဲစားတွေ ပျောက်ကွယ်သွားပြီး နောက်ထပ် ကုမ္ပဏီတစ်ခုက ဝင်ရောက်လာပါတယ်။ ဒီကုမ္ပဏီကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်အောင် ဝန်ဆောင်မှုလုပ်ငန်း Service Prodiver ပုံစံ မျိုး တင်ဒါအောင်သလိုပါ။

Tuesday, February 07, 2017

အထောက်ထားမပြည့်စုံပဲ မြန်မာပြန်သူ ပန်းရောင်ဘတ်အသိမ်းခံရပြီး ၉၉၉ဂိတ်တွင် ဘတ်ငွေ ၁၆၀၀ဖြင့် ပြန်ရွေးထုတ်ရ


ထိုင်းနိုင်ငံ ၊ခြုံပူရီမြို့တွင် အလုပ်လုပ်ကိုင်နေသူ မမူမူအေးသည် ယမန်နေ့က မြန်မာနိုင်ငံ၊ရန်ကုန်မြို့သို့ မဲဆောက်လမ်းမှပြန်ရာ မဲဆောက်မြို့အ၀င် ခွေရာဝူးဂိတ်တွေ နယ်မြေခံပုလိပ်များ တရားမ၀င်နယ်မြေဖြတ်ကျော်မှုဖြင့် ဖမ်းစီးပြီး မမူမူအေးကိုင်ဆောင်သည့် ပန်းရောင်ဘတ်ကို သိမ်းဆည်းပြီး  မြ၀တီမြို့ရှိ ၉၉၉ဂိတ်သို့ပို့ဆောင်ခြင်းခံရကြောင်း ခြုံပူရီအခြေစိုက် Foundation for Aids Rights (FAR)မှ မသန္တာထွန်းကပြောသည်။



Subscribe Us