Sunday, July 31, 2016

ခရီးဝေးသွားရင် မဖြစ်မနေစစ်ဆေးရမယ့် အချက် ၁၀ ချက်



  ကားဆိုတာစက်ပစ္စည်းတစ်ခုပါ။ အချိန်အတိုင်းအတာတစ်ခုကိုရောက်ရင် ချို့ယွင်းမှုတွေဖြစ်ပေါ် လာတတ် ပါတယ်။ ဆိုးဆိုးရွားရွားပျက်စီးယိုယွင်းမှုမဖြစ်အောင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ လိုအပ်ပါတယ်။


ဒါပေမဲ့ နေ့စဉ်စီးနေတဲ့ကားကို အချိန်မတိုင်ခင် မပျက်စေဖို့နဲ့ ကားမောင်းစဉ် မတော်တဆမှုတွေမဖြစ်
အောင် မော်တော်ကားအသုံးပြုသူတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် အချက် ၁၀ ချက် ရှိပါတယ်။
ကားကို အောက်ပိုင်း၊ အင်ဂျင်၊ လျှပ်စစ် ဆိုပြီး အကြမ်းဖျင်းသုံးပိုင်းပိုင်းလိုက်ပါ။


လျှပ်စစ်
၁။ ဘက်ထရီ - အိုးအစို (Dry Charged) ဆိုရင် ရေအနေတော်ရှိမရှိကြည့်ပါ။ အိုးခြောက် (Maintenance Free) ဆိုရင် တော့ အိုးပေါ်မှာရှိတဲ့ အမှတ်အသားကနေ အားပြည့်မပြည့် ကြည့်ပါ။ စိမ်းနေရင် အိုကေပါတယ်။



Sunday, July 17, 2016

ကိုရီးယားသမ္မတနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကြမယ်ဆိုရင် ...



နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့နေရာမှာ မြန်မာလုပ်သားတွေအနေနဲ့ အကြိုက်တွေ့ ဆုံးနိုင်ငံ ကတော့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်တဲ့မြန်မာ လုပ်သား
တွေဟာ ဈေးနှုန်းသက်သာစွာနဲ့ သွားရောက်နိုင်ပြီး နှစ်နိုင်ငံအစိုးရသဘောတူညီချက်များစွာက အလုပ် သမားတွေအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ရွှေ့ပြောင်းလုပ်သားခံစားခွင့်တွေ ပေးစွမ်းပါတယ်။

#နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု

၂၀ဝ၃ ခုနှစ်ဝန်းကျင်မှာ တောင်ကိုရီးယားကို မြန်မာအလုပ်သမားတွေ စတင်သွားရောက်လုပ်ကိုင်ကြ တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ်မှာ တရားဝင်ချိတ်ဆက် ဆောင်ရွက်မှုစတင်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေအင်းဝလို့
ခေါ်တဲ့ အေဂျင်စီတစ်ခုက လုပ်ကိုင်ပါတယ်။ ၂၀၁၀မတိုင်မီမှာ နှစ်နိုင်ငံအစိုးရချင်းသာ ပူးပေါင်းဆောင်ရွက် သွားတော့မယ်လို့ ကိုရီးယားဘက်က အဆိုပြုလာတဲ့အတွက် မြန်မာအစိုးရက ကုန်ကျစရိတ်သက်သက
သာသာနဲ့ အလုပ်သမားအခွင့်အရေးတွေ၊ လုပ်ခလစာခံစားခွင့်တွေ ညှိနှိုင်းလို့ နှစ်နိုင်ငံ တရားဝင်အလုပ် လုပ်ကိုင်တဲ့စနစ်ကြီး ပေါ်ထွက်လာခဲ့ပါတယ်။

ဇွန်လအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၄၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၇၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၁၆


နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ အလုပ်အကိုင် အခွင့်အ လမ်းများ ပိုမိုရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိရာ ယခုနှစ်အတွင်းပြည်ပသို့ တရားဝင်စေလွှတ်ခဲ့ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရရှိခြင်းတို့ တိုးပွားလျက်ရှိကြောင်း သိရသည်။


ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကိုဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့်
အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိ ရန် အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရှိရသည်။

Sunday, July 10, 2016

ထိုင်းသို့သွားရောက်အလုပ်လုပ်လိုသူများအတွက်


ပူပြင်းလှသော နေရောင်အောက်တွင် စာရွက်စာတမ်း များထည့်သော ဖိုင်အိတ်ရောင်စုံများကို ကိုင်ဆောင် ထား သည့် လူငယ်အချို့ ရပ်စောင့်နေကြသည်။

သွက်လက်ပုံရပြီးဌာနဆိုင်ရာရုံးလုပ်ငန်း များနှင့် အ ကျွမ်းတဝင်ရှိပုံရသည့် လူငယ်တစ်ဦးနောက်သို့ တ
ကောက်ကောက်လိုက်ကြရင်း မကြာမီ ရက်ပိုင်း အ တွင်း နိုင်ငံခြား သွားရောက် ကြတော့မည်ဟု အား ခဲကာ မျှော်လင့်ချက်အချို့ သူတို့ကိုယ်စီတွင် ရှင်သန်နေကြသည်။ သူတို့အားလုံး၏ ရည်မှန်းချက်က နိုင်ငံခြား သို့ သွားရောက်၍ အလုပ်လုပ်ကိုင်ခြင်းဖြင့် မိမိတို့ မိသားစုကို ပြန်လည်ထောက်ပံ့မည်။ ကိုယ်တိုင်လည်း ခိုင်မာသည့်အလုပ်အကိုင်ဖြင့် ဘဝခရီးဖြောင့်ဖြူး ကြတော့မည်ဟုသာ။

Subscribe Us