လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်က
မြင်းတွေကို ထိန်းပေးနေရတဲ့ ငတာဆိုသူတစ်ယောက်ရှိတယ်။ ကျွန်တော့်
ငတာမဟုတ်ဘူး။ မင်းတုန်းမင်းခေတ်က ငတာကိုပြောတာ။ ကျွန်တော့် ငတာက အရူးငတာ။
အဲဒီ ငတာက မြင်းထိန်းငတာ။
မြင်းထိန်းငတာက အလှူတွေ၊
မင်္ဂလာဆောင်တွေရောက်ရင် ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန် ဦးဘိုးလှိုင် ) ရေးတဲ့
ကျမ်းကြီးတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ အာပေါင်အာရင်းသန်သန်နဲ့
လိုက်ပြောနေတော့ တာပဲ။
ဝိမုတ္တိကျမ်းက ဘာဖြစ်တယ်။ ဥတုဘောဇနကျမ်းက
ဘာဖြစ်တယ်ဆိုပြီးတော့ ပြောနေတော့ ဘေးလူတွေ နည်းနည်းအမြင်ကပ်လာတယ်။
မြင်းထိန်းတဲ့ကောင်က စကားကြီးစကားကျယ် ကျမ်းရိုးကျမ်းကိုးတွေနဲ့
ပြောနေတာကို ရွှေပြည်ဝန်ကြီးအိမ်မှာ တာဝန်ထမ်းနေတဲ့ စာရေးတစ်ယောက်က
နေရာတိုင်းကြားနေရတော့ ၀န်ကြီးကို ပြန်လျှောက်တယ်။
"ငတာတစ်ယောက် ၀န်မင်းရဲ့ ကျမ်းတွေ ဘယ်လောက်ကောင်းကြောင်း၊ ၀န်မင်းဘယ်လောက်တော်
ကြောင်း လျှောက်ပြောနေပါတယ်ဘုရား" ပေါ့။
ဒီတော့ ၀န်မင်းကလည်း....... "ဟဲ့ .. ဘယ်ကငတာလဲ" လို့မေးလိုက်တယ်။
"ငတာတစ်ယောက် ၀န်မင်းရဲ့ ကျမ်းတွေ ဘယ်လောက်ကောင်းကြောင်း၊ ၀န်မင်းဘယ်လောက်တော်
ကြောင်း လျှောက်ပြောနေပါတယ်ဘုရား" ပေါ့။
ဒီတော့ ၀န်မင်းကလည်း....... "ဟဲ့ .. ဘယ်ကငတာလဲ" လို့မေးလိုက်တယ်။