Sunday, March 22, 2015

ပျားနှင့်ယင်ကွာခြားချက်


လောကလူတွင်၊ ပျားနှင့်ယင်ကို
မျက်မြင်ပုံထား၊ မောင်ရှုစားလော။

ပျားကားအုံစု၊ အရည်ပြု၍
ထားမှုလိမ္မာ၊ လွန်ချမ်းသာ၏။


ယင်မှာသော်တုံ၊ ၀မ်းဝရုံမျှ
ဝိုင်းအုံသောက်စား၊ စုမထား၍
ရှာငြားမပြတ်၊ မရငတ်၏။

Thursday, March 19, 2015

ခွေးခြင်္သေ့ နှင့် ကြိုးနီစနစ် (ချစ်စံဝင်း)


ကြိုးနီစနစ် ဟူသည် ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင် ကျွန်တော်ဖြေနိုင် ချင် မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ "မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ" ဟူ၍ ဖြစ်၏။ 

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံး သည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင်
 ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့သွား ၍ နောက်ဖေးယိုခဲ့၏။

Tuesday, March 17, 2015

“အကြောက်တရားကင်းသောစိတ်ရှိရာ အရပ်”


ထိုအရပ်၌ စိတ်တို့သည်အကြောက်တရားကင်းပြီး ဦးခေါင်းတို့ သည် မော်၍မတ်၍နေ၏။

ထိုအရပ်၌ အသိတရားတို့သည် လွတ်လွတ်လပ်လပ် ကွန့်မြူးလျှက်ရှိကြ၏။

ထိုအရပ်၌ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားခြင်းဖြစ်စေမည့် သေးသိမ်ပြီး ကျဉ်းမြောင်း
သောဒေသစွဲနံရံများ မရှိပဲနေ၏။

ထိုအရပ်၌ စကားလုံးတို့သည် နက်နဲမှန်ကန်သော သစ္စာတရားမှသာ သန္ဓေတည် ဖြစ်ပေါ်လာကြ၏။


Wednesday, March 11, 2015

အဝေးရောက်သူတို့ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ


Byအေးမြကျော်၊။On Wed, 2015-03-04 11:49 Issue No.အတွဲ (၁၄)၊ အမှတ် (၁)

ထိုင်းဘုရင်မင်းမြတ်ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့ ဓာတ်ပုံများ ချိတ်ဆွဲထားသည့် အခန်းငယ်အတွင်း အဖြူနှင့်အညို ကျောင်းဝတ်စုံကို တူညီစွာဝတ်ဆင်ထားသည့် ကလေးငယ်များ စာအံနေကြသည်။
ပါးပြင်ထက်တွင် သနပ်ခါးများ လိမ်းကျံထားသည့် တတိယတန်း ကျောင်းသားတစ်ဦး က ဦးဆောင်ကာ အခန်းတွင်းမှ ကလေးငယ်များက ပထမတန်း မြန်မာဖတ်စာမှ ‘‘ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေ သည်’’ဆိုသည့် စာပုဒ်ကို ထပ်ကျော့ကာ ရွတ်ဆိုနေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ‘‘ဗမာပြည်အသေးစား’’ဟုပင် တင်စားခေါ်ဆိုကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု အလုပ်လုပ်ရာ ဆမွတ်စမွန်ခေါ် မဟာချိုင်မြို့ တစ်နေရာရှိ မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်း၏ တစ်ခန်းတည်းသော စာသင်ခန်း ငယ်တွင် သူတို့ ပညာသင်ကြားနေကြသည်။ မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ထိုကျောင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ် သုံးဆယ်ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။


Monday, March 02, 2015

တောင်သူလယ်သမားနေ့


မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေ ခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက် ကျနောက်ကျဖြစ်ခံရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက် တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက် သို့ ရောက်သော အခါ
 တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည် ။ တောင်သူလယ် သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှော ဖလှယ် ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့ တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


Sunday, March 01, 2015

အောင်မြင်သူများမှာ ရှိကြသည့် ဗိုလ် ၅ ပါး


ဗိုလ်ဆိုတာ အမှန်တော့ ပါဠိသက် မြန်မာစကားပါ။ “ဗလ”ဆိုတဲ့ ပါဠိစကားကနေ ဗိုလ်လို့ ဖြစ်လာတာ။
အဓိပ္ပါယ်ကတော့ လိုရင်းဆိုရရင် “အား” သို့မဟုတ် “အစွမ်း”ပါပဲ။ ဗုဒ္ဓစာပေမှာတော့ ဗိုလ်နဲ့ပတ်သက်ပြီး
စာရေးသူ လက်လှမ်းမီသလောက် နှစ်မျိုးတွေ့ရပါတယ်။ အဘိဓမ္မာမှာက ဗိုလ် (၅)ပါး။ သုတ္တန်မှာက
ဗိုလ် (၇)ပါးလို့ ပြပါတယ်။

အဘိဓမ္မာက ပြတဲ့ ဗိုလ်(၅)ပါးက .........
သဒ္ဓါဗိုလ်၊ 
ဝီရိယဗိုလ်၊ 
သတိဗိုလ်၊ 
သမာဓိဗိုလ်၊
ပညာဗိုလ်
တို့ ဖြစ်ပါတယ်။

သုတ္တန်က အဆိုပါ (၅)ပါးမှာ ဟိရိဗိုလ်နဲ့ သြတ္တပ္ပဗိုလ်နှစ်ပါးပေါင်းထည့်ပြီး (ရ)ပါးလို့ ပြပါတယ်။

Subscribe Us