Tuesday, May 27, 2014

စဉ်းစားနည်း ၈ နည်း


1. Lateral Thinking (တိုက်ရိုက်သက်ဆိုင်မည်ဟု မထင်ရသော ကိစ္စများကိုပါ ထည့်သွင်း စဉ်းစားသော ပြဿနာဖြေရှင်းနည်း)


2. Matrix Thinking (ကွန်ရက်၊ ကွန်ခြာ စဉ်းစားနည်း)


3. Bu Zan Techniques (building brain power) (ဘာဇန်နည်းများ၊ ဦးနှောက်ပါဝါ ကို တည်ဆောက်ခြင်း)

Monday, May 26, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၉)

 


စစ်ကြောင်းချီခြင်း

ဆွန်ဇုက ဤသို့မိန့်ဆို၏ …
စစ်ကြောင်းချီ၊ တိုက်ခိုက်၊ တပ်စခန်းချရာတို့တွင်လည်းကောင်း၊ ရန်သူ့အခြေအနေကို အကဲခတ် စုံစမ်းထောက် လှမ်းရာတွင်လည်းကောင်း ယေဘုယျ အားဖြင့် အောက်ပါ တို့ကို ဂရုပြု၍လိုက်လျောညီထွေစွာ လိုက်နာဆောင် ရွက် တတ်ရမည်ဖြစ်သည်။ ၎င်းတို့မှာ … တောင်များကိုဖြတ်ကျော်ရာတွင် တောင်ကြားလျှိုကြား စိမ့်စမ်းနှင့်မြက် ပေါရာ လမ်းကြောင်းအတိုင်းချီတက်ပါ။ အမြင်ရှင်းအသာစီးရှိရာ နေရောင်ရသော ကုန်းမြင့်မှာစခန်းချ ပါ။ တောင်ပေါ်အမြင့်မှာရှိသော ရန်သူကို မော့လှန်တက်မတိုက် ပါနှင့်။ ယင်းကား တောင်ပေါ်တိုက်ပွဲဆင်ရာ၌ တပ်အင်အားအနေအထား စီရင်ရပုံ တည်း။

Friday, May 23, 2014

22.5.2557 တွင်စစ်ဦးစီးချုပ်မှထုတ်ပြန်ခဲ့သော ကြေညာချက် ၁၉ချက်



1/2557 =စစ်ဦးစီးချုပ်, ကြည်း/ရေ/လေ တပ်မတော်ဦးစီးချုပ်များနှင့်တကွထိုင်းနိုင်ငံရဲချုပ်တိုမှ အာဏာသိမ်းကြောင်းကြေညာခြင်း


2/2557= နှစ်100အသုံးပြုခွင့်ပေးထာသောလုံးခြုံရေးနှင့်ငြိမ်ဝပ်ပိပြားရေးဥပဒေ(กฎอัยการศึก)အသုံးပြုရန်


3/2557 =ည(22-05) နာရီအတွင်း မထွက်ရအမိန့်ထုတ်ပြန်


Tuesday, May 20, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၈ )

 

နည်းဗျူဟာ အလှည့်အပြောင်း(၉)ချက်

ဆွန်ဇုက ဤသို့ အဆိုအမိန့်ရှိ၏ ... .. .
စစ်ရေးစစ်ရာ နည်းဗျူဟာအရ ပြောရလျှင် စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့် လူထုကို စုစည်းစည်းရုံးကာ စနစ်တကျ ဖွဲ့စည်းစစ်ဆင် ချီတက်ကြရပေသည်။ ဤသို့စစ်ဆင်ချီတက်တိုက်ခိုက်ရာတွင် သိထားရမည်မှာ .. 

ခက်ခဲကြမ်းတမ်းပြီး ဘေးဆိုက်နိုင်သော ကန္တာရမြေနေရာများတွင် တပ်စခန်းမချရ။ 
လမ်းဆုံလမ်းခွ နယ်ခြားဆုံဆည်းရာအရပ်တွင် နီးစပ်ရာတို့နှင့် ပူးပေါင်းမဟာမိတ်ဖွဲ့ပါ။  ဘေးအန္တရာယ်များသော လွင်တီးခေါင်အရပ်တွင် မရပ်နားရ။ ချောင်ပိတ်အဝိုင်း ခံရ မည့် အနေအထားမျိုးတွင် ရုန်းထွက်နိုင်အောင် ပရိယာယ် ဉာဏ်ဆင်တိုက်ပါ။

 

Saturday, May 17, 2014

ကားမ၀ယ်ခင် စစ်ဆေးသင့်သည့် အချက် (၅)ချက်

 ကြိုက်တဲ့ကားတွေ့လို့ သွားဝယ်တော့မယ်ဆိုရင် သတိပြုစစ်ဆေးသင့်တဲ့ အချက် (၅)ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားအောက်ပိုင်း
ကားတစ်စီးကို ကြည့်လိုက်လို့ အပေါ်ယံအနာအဆာတွေဆိုတာက ဖုံးကွယ် လို့ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကားရဲ့အောက်ပိုင်းကို သေချာ စစ်ဆေးခြင်းအားဖြင့် ကားတစ်စီးရဲ့ အခြေအနေကို အကြမ်းဖျင်း လေ့လာသုံးသပ်နိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်းအားဖြင့် ကားအောက်ပိုင်း ထိခိုက်မှုနဲ့အခြား အနာအဆာတွေပါ သိမြင်နိုင်ပါတယ်။


Friday, May 16, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၇ )

 

စစ်မက်အပြိုင်အဆိုင်

ဆွန်ဇုက ဤသို့မိန့်ဆို၏ ... .. .
စစ်ရေးဥပဒေသသဘောအရ စစ်သူကြီးများသည် ရှင်ဘုရင့်အမိန့်တော်ကို နာခံပြီး တပ်အင်အားနှင့်လူထုကို စုစည်းစည်းရုံးကာ စနစ်တကျဖွဲစည်းရ၏။ ယင်းနောက် စစ်မြေပြင်ရှေ့တန်းသို့ ထိပ်တိုက်ရင်ဆိုင် အပြိုင်စစ်ခင်း ရ၏။ ဤသို့ စီစဉ်တိုက်ခိုက် အပြိုင်အောင်ပွဲလုရသည်လောက် ခက်ခဲသောအရာဟူ၍ မရှိချေ။ စစ်အောင်နိုင်ရေး အတွက် အပြိုင်အဆိုင်စစ်ခင်းကြရာတွင် အခက်ခဲဆုံးသော ပြဿနာရပ်သည်ကား အရေးအကြောင်း အကွေ့ အကောက်ဖြစ်ရာကို လိုရာဖြောင့်တန်းတည့်မတ်အောင် လုပ်ဆောင်ရခြင်း၊ အန္တရာယ်ဆိုးကျိုး အခြေအနေမှ သည် ကောင်းကျိုးဖြစ်အောင် ဖန်တီးပြောင်းလွှဲရခြင်းပင်ဖြစ်ပေသည်။

Thursday, May 15, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၆ )




အားသာချက်၊ အားနည်းချက်

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ... .. .

စစ်မြေပြင်သို့ဦးစွာရောက်နှင့်ပြီး ရန်သူကိုစောင့်တိုက်ရသူသည် သက်တောင့် သက် သာ အားဖြည့်နားနေရာ ၏။ စစ်မြေပြင်သို့နောက်ကျရောက်လာပြီး ကတိုက်ကရိုက် စစ်ပွဲရင်ဆိုင်ရသူသည် မောပန်းနွမ်းနယ်မှုဒဏ် ခံရတတ်၏။ ထို့ကြောင့် စစ်ရေး ကျွမ်း ကျင်သူတို့အနေနှင့် မိမိတို့အလိုကျအဖြစ် ရန်သူကို လှုပ်ရှား လာစေအောင် စွမ်းဆောင် တိုက်ခိုက်နိုင်၏။ မိမိကိုယ်ကိုမူ ရန်သူ့အလိုကျ အဖြစ်မခံပေ။

မိမိတို့မှန်းထားသည့်အတိုင်း ရန်သူတို့အလိုအလျောက် ရောက်လာစေနိုင်ခြင်းကား မက်လုံးပေး   မြှူနိုင် ၊ဖြားယောင်းနိုင်သောကြောင့် ဖြစ်ရာ၏။ မိမိတို့ထံသို့ ထင်သ လိုရောက်မလာစေနိုင်ခြင်းကား ရန်သူ့နိုင် ကွက်ကိုရှာ၍ ဒုက္ခပေးနှောက်ယှက် တိုက်ခိုက် တားဆီးနိုင်သောကြောင့်ဖြစ်ရာ၏။

Wednesday, May 14, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၅)




တပ်အင်အား အနေအထား

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ... .. .

တပ်မကြီးတစ်ခုလုံးကို ကိုင်တွယ်အုပ်ချုပ်ရသည်မှာ တပ်စုငယ်ကိုကိုင်တွယ် အုပ်ချုပ် ရသည့်နှယ် မခြားပေ။ အကြောင်းကား တပ်ကိုအဆင့်ဆင့် ပိုင်းခြားဖွဲ့စည်း ကွပ်ကဲ အုပ်ချုပ်မှုပေါ်တည်၏။ တပ်အလုံး အရင်းကို အမိန့်ပေးတိုက်ပွဲဆင်နွှဲရာမှာလည်း တပ်စု ငယ်ကို အမိန့်ပေးတိုက်ခိုက်စေသည်နှင့် မခြားပေ။ ဤကား အချက်ပြဆက်သွယ် အမိန့်ပေးညွှန်ကြား လှုပ်ရှားစေခြင်းပေါ်တည်၏။ တပ်မတော်အင် အားတစ်ခုလုံး ရန်သူ၏တိုက်ခိုက်ထိုးနှက်ခြင်းကို ခံရသော်လည်းမရှုံးမနိမ့်ပဲ ကြံ့ကြံ့ခံနိုင်ခြင်းကား တိုက် ရိုက်တိုက်နည်းနှင့် သွယ်ဝိုက်တိုက်နည်းဟူသော စစ်ပရိယာယ်လှည့်စား ကစားမှုပေါ်တွင်တည်ပေသည်။

Tuesday, May 13, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၄)



စစ်ရေးစစ်ရာ အနေအထား

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ...

ရှေးခတ်က စစ်တိုက်ကျွမ်းကျင်သူတို့သည် ရှေးဦးစွာ မိမိကိုယ်ကို သူတစ်ပါးအနိုင် မတိုက်နိုင်အောင် ကြိုတင် ဖန်တီးကြ၏။ ထို့နောက် ရန်သူကို အနိုင်ရမည့်အခါအ ခွင့်ကို ငံ့လင့်၏။ မိမိကိုယ်ကို သူတစ်ပါး မနိုင်အောင် လက်ဦးမှုရယူထားနိုင်သည့် အခြေအနေသည် မိမိအပေါ်၌ တည်လေသည်။ ရန်သူကို အနိုင် ယူနိုင်မှု ရှိ မရှိ အခြေအနေသည် ရန်သူကိုယ်၌တွင် စစ်ရှုံးစေမည့် ပျော့ကွက်ဟာကွက်၊ ချို့ယွင်းချက် ရှိမရှိအပေါ်၌ တည်နေပေသည်။

Monday, May 12, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၉ )

တစ်ညမှာ အခွင့်အရေးတစ်ခု ကျွန်တော့်ဆီ ရောက်လာပါတယ်၊ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အချိန်မျိုးပါ၊ ဒါ့ကြောင့်လည်းပဲ ဒီအခွင့်အရေးကို ကျွန်တော်လက်လွတ်ခဲ့တယ် လို့ ထင်ပါတယ်၊ နားထောင်ပြီးတဲ့အခါ ခင်ဗျားတို့ဆုံးဖြတ်ကြပါ၊ ''

တစ်နေ့ကျွန်တော်ကုလားအုတ်အရှာထွက်တဲ့ခရီးက ပြန်ရောက်လာတယ်၊ ခရီးက ဆယ်ရက်လောက်ကြာခဲ့တယ်ဗျာ၊ ပြီးတော့ အလုပ်လည်းမဖြစ်တော့ လူကစိတ်ခပ် ပျက်ပျက်နဲ့ပေါ့၊ အဲ့ဒါမြို့ထဲလဲ ဝင်ခါနီးရော မြို့တံခါးပိတ်သွားပြီဆိုတော့ အကြီးအ ကျယ် ဒေါသထွက်တာပေါ့ဗျာ၊ ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ အခိုင်းအစေတွေကို ည အိပ်ဖို့အတွက် တဲတစ်လုံးမြန်မြန်ထိုးခိုင်းရတာပေါ့၊ ညစာလဲ မြို့ထဲရောက်မှ စားမ လို့  ရည်ရွယ်လာတာဆိုတော့ စားစရာမည်မည်ရရ မပါဘူးဗျာ၊ ရေတောင်ကောင်းကောင်းမရှိဘူး၊ အဲဒီလိုနဲ့စိတ်လဲပျက်၊ ဒေါသလည်းထွက်နေတဲ့အချိန် အသက်ကြီး ကြီး ပုဂ္ဂိုလ်တစ်ယောက် ကျွန်တော့်အနားရောက်လာတယ်၊ သူလည်းမြို့တံခါးပိတ်ချိန် မမှီလိုက်တဲ့ လူတစ်ယောက်ပါပဲ၊

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၃)




စစ်မဟာဗျူဟာနည်းအရ စစ်ဆင်ရာမှာ ရန်သူ့တိုင်းပြည်တစ်ပြည်လုံးကို ပကတိအညံ့ခံလာစေပြီး သိမ်း ပိုက်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်သည်

မဟာဗျူဟာမြောက် ထိုးစစ်

ဆွန်ဇုက ဤသို့မိန့်ဆိုထား၏ ...

စစ်မဟာဗျူဟာနည်းအရ စစ်ဆင်ရာမှာ ရန်သူ့တိုင်းပြည်တစ်ပြည်လုံးကို ပကတိ အညံ့ ခံလာစေပြီး သိမ်း ပိုက်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်သည်။ တိုင်းပြည် ဖြိုခွင်းပြီး အောင်နိုင်ခြင်းကား သင့်ရုံသာရှိသည်ဟု ဆိုရအံ့။ ရန်သူ့တပ်မတစ်ခုလုံးကို ပကတိအညံ့ခံလာအောင် ချိုးနှိမ်အောင်နိုင်ခြင်းကား အကောင်းဆုံးနည်းဖြစ်၏။ ရန်သူ့တပ်မကို ဖြိုခွင်းပြီးအနိုင်ရလိုက်ခြင်းကား သင့်ရုံသာရှိသည်ဟု ဆိုရအံ့။

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း(၂)


စစ်ဆင်ရေး
စစ်တိုက်ရာတွင် အရေးအကြီးဆုံးမှာ အလျင်အမြန်အောင်နိုင်ရေးဖြစ်သည်။ ကြာရှည် ဆွဲ တိုက်နေရလျှင် စစ်ညောင်းပြီး အားကုန်လူပန်း စိတ်ဓာတ်ကျကုန်ပေလိမ့်မည်

ဆွန်ဇုက ဤသို့မိန့်ဆို၏ ...
ကျွနု်ပ်တို့သည် စစ်ပွဲအတွက်စီစဉ်ရာမှာ တိုက်စစ်ရထား ဝန်စည်လှည်းယာဉ်   ထောင်နှ င့် ချီလိုက်ပါရမည်။ ချပ်ဝတ်တန်ဆာ အပြည့်ဆင်ထားသော တပ်သားစစ် သည် သိန်းနှင့်ချီ စုစည်းရမည်။ တပ်အတွက် စားရေရိက္ခာပစ္စည်းများကို မိုင်ရာထောင် ချီ ခရီးတစ်လျှောက် ထောက်ပို့ပေးရမည်ဖြစ်သည်။

Sunday, May 11, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း။ ။အခန်း(၁)



  စစ်ရေးပဏာမ သုံးသပ်ခြင်း


ဆွန်ဇုက ဤသို့ မိန့်ဆို၏-

စစ်ရေးသည် တိုင်းပြည်အတွက် အရေးအကြောင်း ကိစ္စရပ်ကြီးဖြစ်သည်။ သေရေး ရှင်ရေး အပေါ် အခြေ တည်ပြီး တည်တံခိုင်မြဲရေးနှင့် ပျက်သုဉ်ရေး အကြောင်းတရားဖြစ်ပေသည်။ ထို့ကြောင် မဖြစ်မနေ ဆင်ခြင် ဆန်းစစ် လေ့လာ ဂရုပြုရမည်။

စစ်ရေးအခြေအနေကို ကောင်းစွာ သိမြင်ရန်အလို့ငှာ ရန်သူနှင့် မိမိတို့ဘက်ရှိ အကြောင်းရပ်ကြီး ငါးချက်အပေါ် အခြေတည်ပြီး စီမံကြံစည် လှုပ်ရှားမှုများကိုနှိုင်းယှဉ် သုံးသပ်တတ်ရမည်။ ယင်းတို့ကား-


၁။ ကျင့်ဝတ်တရား
၂။ ဥတု အာကာ သဘာဝ
၃။ ပထဝီ မြေအနေအထား
၄။ ခေါင်းဆောင်တပ်မှူး
၅။ စည်းကမ်းဥပဒေ.........တို့ ဖြစ်ကြ၏။


ဆွန်ဇု၏ စစ်ပညာကျမ်း ( မြန်မာပြန် ) မိတ်ဆက်



(အသက်(၃၀)မတိုင်ခင် လူတိုင်းဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ်များစာရင်း မှာပါတဲ့ The Art Of War by Sum Tzu ရဲ့ဘာသာပြန်စာအုပ်လေးပါ။

ဆွန်ဇူး၏ စစ်ပညာကျမ်း (Art of War) ကို စစ်ရေးစစ်ရာများ တက် သိ ကျွမ်းကျင် ဖို့ထက် စီးပွားရေးလောကမှာ အောင်မြင်ဖို့ အဖတ်အရှုများသလို၊ အစိုးရ (အုပ်ချုပ်ရေး) အကြောင်း ရေး ထားသည့် မက်ခီးယားဗဲလီး၏ မင်းသား ( The Prince ) ကိုလည်း စီးပွားရေးလုပ်ငန်းတစ်ခု အတွက် လမ်းညွှန်အဖြစ် အသုံးပြုနေကြတာများပါသည်။

Thursday, May 08, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၈ )



ကံကြမ္မာစောင့်နတ်သမီးနှင့်တွေ့ဆုံခြင်းလူတစ်ယောက်ကံကောင်းလာပြီဆိုလျှင် ဘယ်မျှ အထိ ကံကောင် းမည် ကို ခန့်မှန်း၍မရနိုင်။ 'ကိုင်းသွားလေရော့' ဟု ယူဖရေးတီးစ်မြစ်ထဲ ပစ်ချသည့်တိုင် အသက်မသေရုံမက လက်ထဲပုလဲ တစ်လုံး ကိုင်ပြီး ပြန်တက်လာနိုင်သည်။[ဘေဘီလုံစကားပုံတစ်ခု]

ကံကြမ္မာကောင်းနှင့် ကြုံကြိုက်လိုသောဆန္ဒကား ကမ္ဘာလူမျိုးတစ်ရာ့တစ်ပါးမှာရှိသော တူညီသည့် အလိုဆန္ဒတစ်ခုပင် ဖြစ်သည်။ သည်ကနေ့လူတွေထဲမှာ အဲ့ဒီဆန္ဒပြင်းပြ သလို လွန်ခဲ့သောနှစ်ပေါင်းလေးထောင်က လူများ၏ရင်ထဲတွင်လည်း အလားတူပင်   ပြင်းပြင်းပြပြရှိခဲ့သည်။ ကျွန်တော်တို့အားလုံးပင် ကံကြမ္မာစောင့်နတ်သမီး၏မျက်နှာ သာပေးမှုကို ခံယူရရှိလိုကြမြဲဖြစ်ပါသည်။ ကံနတ်သမီးသည် မည်သည့်အခါ မိမိအား မျက်စိ ကျလေမည်နည်း၊ မိမိအပေါ် ရက်ရက်ရောရော သဘောကောင်းလာလေ အောင် မည်သို့ဆွဲးဆောင် ခေါ်ငင်ရပါမည်နည်း။ 

Wednesday, May 07, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း(၇ )




သတ္တမ၊ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်အောင်လုပ်ပါ


'ဒီကနေ့ခင်ဗျားတို့ကို ပိန်ကြုံတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက်အရေးကြီး ဆုံးဆေးနည်းတစ်ခု ကျွန်တော်ပေးပါ့မယ်၊ ဒီနည်းကတော့ ငွေနဲ့မဆိုင် လူနဲ့ဘဲ ဆိုင် ပါတယ်၊ ခင်ဗျားတို့အသီးသီးရဲ့ စိတ်ဓါတ်နဲ့ ဆိုင်ပါတယ်။လူတွေရဲ့ဘဝထဲ  လူတွေ ရဲ့  စိတ်သဏ္ဍန်ထဲမှာ ကိန်းအောင်းနေတဲ့၊ ၎င်းလူတွေကို အောင်မြင် မှုရှုံးနိမ့် မှုေ တွ ဖြစ်စေတဲ့ အရင်းခံတရားတွေအကြောင်း ကျွန်တော် ပြောမှာပါ။'”
သတ္တမနေ့၌အာခတ်က ယင်းသို့အစချီလိုက်သည်။

“များမကြာခင်က လူငယ်တစ်ယောက် ကျွန်တော့်ဆီပိုက်ဆံချေးဖို့ ရောက်လာတယ်၊ ဘာအတွက်ငွေလိုသလဲ ကျွန်တော် မေးတော့ ဝင်ငွေထွက်ငွေမကာမိလို့၊ အဲဒါနဲ့ ကျွန်တော်သူ့ကို ရှင်းပြတယ်၊ ဒီအတိုင်းဆိုရင်တော့ မောင်ရင်က ငွေရှင်အမြင် မှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီ၊ဝင်ငွေက ထွက်ငွေထက် နည်းနေလို့ငွေပိုငွေလံျှမကျန်သူတစ်ယောက် ဟာ ချေးငွေကို ဘယ်လိုဆပ်နိုင်မလဲ
ပေါ့၊အဲဒါကြောင့်သူ့ပြဿန ာကို   ဖြေရှင်းနိုင်မယ့်နည်းလမ်းဟာ ငွေချေးဖို့မဟုတ်ဘူး၊အခု ထက် ဝင်ငွေတိုးအောင်ကြိုးစားရှာဖို့သာဖြစ်နေတဲ့အကြောင်း ပြောပြပြီး အဲဒီ အတွက် သူဘာတွေဆောင်ရွက်ဖူးတာရှိသလဲ မေးမြန်း ကြည့်တဲ့အခါ၊”

တော်ရာနေ

ဆံပင်ကို ခေါင်းပေါ်မှာရှိရင်
မြတ်နိုးစွာတန်ဖိုးထားမယ်
ဟင်ခွက်ထဲရောက်တဲ့အခါ
ရွံစရာဖြစ်ရတယ်၊
လောကမှာ
တန်ဖိုးရှိဖို့
နေရာမှန်မှာ နေတတ်ရမယ်။

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၆ )


ဆဌမ၊အနာဂတ်အတွက် ဝင်ငွေသေချာအောင် ဆောင်ရွက်ရေး၊

ဆဌမနေ့သင်ခန်းစာကို အာခတ်က ဤသို့စတင်သည်။

“'လူတိုင်းရဲ့ဘဝဟာ ကလေးသူငယ်အဖြစ်က စတင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ အဆုံး သတ်ရတယ်၊မအိုခင်ကွယ်လွန်သွားတဲ့ လူများကလွဲရင် ဒါဟာအားလုံးရဲ့သွားရာလမ်းကြောင်းပဲ၊ အဲဒီတော့ လူတိုင်းလူတိုင်းမှာ အိုစာမင်းစာရှာထားဘို့ဆိုတာဟာ မလွဲ မသွေလုပ်ရမယ့်ကိစ္စတစ်ရပ်ဖြစ်လာတယ်၊ နောက် တစ်ခုက စောစောကပြောသလို အရွယ်မတိုင်ခင် ကွယ်လွန်သွားတာမျိုးမတော်တဆဖြစ်ခဲ့သည်ရှိသော် ကျန်ရစ်သူ မိသားစု ဒုက္ခမရောက်ကြရလေအောင် ကြိုတင်ပြင်ဆင်မှုပြုထားဘို့လိုတယ်၊'”

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၅)




တတိယ၊ သင့်ဓနဥစ္စာကို ဆပွားတိုးအောင် ဆောင်ရွက်ပါ


“'ခင်ဗျားတို့ ပိုက်ဆံအိတ်တွေ ပြည့်လာပြီ၊ ကိုယ်ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို သိမ်း ဆည်းတတ်တဲ့ အလေ့အထရလာပြီ၊ ငွေကိုစနစ်တကျ ခန့်ခွဲသုံးစွဲတတ်လာပြီ ဆို တဲ့နောက်မှာ စုဆောင်းမိလာတဲ့ငွေကို တိုးပွားအောင် ဘယ်လိုလုပ်ရမလဲ၊ သူ့ကို ဘယ် လို ခိုင်းစေရမလဲဆိုတာ တစ်ဆင့်တက်စဉ်းစားရလိမ့်မယ်၊ ငွေအိတ်ကလေး ပွတ်သတ်ကြည့်နေရတာလည်း တမျိုးအရသာရှိတာ အမှန်ပေါ့၊ ဒါပေမယ့် မတိုးပွား ဘူး၊ သူ့ကိုအရင်းတည်ပြီး ဓနဥစ္စာအစုအဝေးတစ်ခု တည်ဆောက်နိုင်ဖို့ လိုတယ်' 


Saturday, May 03, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၄ )


ဒုတိယနည်းလမ်း သို့မဟုတ် ငွေကြေးသုံးစွဲမှုနှင့် စပ်လျဉ်းသည့် အရေးကြီးသော နည်းနာတစ်ရပ်

'“ခင်းဗျားတို့အထဲက တစ်ချို့ပုဂ္ဂိုလ်တွေ ကျွန်တော့်ကိုမေးပါတယ်၊ ကိုယ်ရတဲ့ဝင်ငွေ အားလုံး သုံးတာတောင် လိုအပ်ချက်တွေ မပြည့်စုံ နိုင်သေးတဲ့ လူတစ်ယောက်နေ နဲ့ဝင်ငွေဆယ်ပုံတစ်ပုံကို ဘယ်လိုစုဆောင်းနိုင်မှာလဲ'”....တဲ့။

Subscribe Us